ရန်ကုန်မှာ ICT City ဖွင့်ဖို့ ဧက (၅၀၀)ကျော်ရရှိထား


မန္တလေးရှိ ဆိုက်ဘားစီးတီး ရှိ အဆောက်အအုံ

မြန်မာနိင်ငံမှာ  အမှန်တကယ် ကွန်ပြူတာ လုပ်ငန်းတွေ တစုတစည်း လုပ်ကိုင်နိင်မယ့် ICT City လို နေရာကို ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်မှာ စတင်ဆောင်ရွှက်ဖို့တွက်  ခွင့်ပြုချက် ရရှိထားပြီလို့လည်း မြန်မာနိင်ငံ ကွန်ပြူတာပညာရှင် အသင်းက ဆိုထားပါတယ်။

မြေဧက(၅၀၀)အကျယ်အ၀န်းရှိတဲ့ မြေနေရာကို ရရှိပြီ ဖြစ်တာမို့ မကြာခင် ရုံးခန်တွေ၊အဆောက်အုံတွေ စတင်ဆောင်ရွှက်နိင်ဖို့ ကြိုးပမ်း ပြင်ဆင်နေတယ်လို့လည်း ဆိုထားတာမို့ ရန်ကုန်မြို့မှာ MICT Park အပြင် နောက်ထပ် IT စီးပွားရေး လုပ်ကိုင်ရာနေရာတခု ဖြစ်တည်လာဖို့ ရှိနေပါတယ်။

MICT Park ကတော့ အများပိုင် အနေနဲ လုပ်ဆောင်ခဲ့ပြီး အောင်မြင့်တဲ့ အခြေအနေတခုမို့ နောက်ထပ် ICT city ဖွင့်လာခဲ့ရင်လည်း အောင်မြင်မယ့် အလားအလားရှိပေမယ့် ကွန်ပြုတာ အသင်းချုပ်အနေနဲ ဘယ်လို လုပ်ဆောင်မယ်ဆိုတာ မသိရသေးပါဖူး။ အသင်းအနေနဲပဲ ဦးစည်းပြီး လုပ်ဆောင်မယ် ဆိုရင်လည်း လုပ်နိင်တဲ့ အနေအထားပါ။ ဘာလို့ဆို ပြည်တွင်းခရိုနီ တော်တော်များများဟာ ဒီ IT ကဏ္ဍမှာ အကြီးအကျယ် ပါဝင်နေတာမို့ ကိုယ်ပိုင်ငွေကြေးစိုက်ထုက်ရင်လည်း ထုက်နိင်တဲ့ အခြေအနေတွေပါ။ နောက်ချက်က အများပိုင်ကုပ္မဏီလို လုပ်ပြီး ဆောင်ရွှက်လာနိင်ပါတယ်။

မန္တလေးမှာ  ပြုလုပ်ထားတဲ့ ဆိုက်ဘားစီးတီးကတော့ ငွေ ပုံသုံးထားပေမယ့် မအောင်မြင်ခဲ့တလို့ ခရိုနီ တချို့သာ ငွေကြေးအမြတ် ရရှိခဲ့တဲ့ နေရာတခု ဖြစ်ခဲ့တာမို့ ယင်းလို မဖြစ်လာအောင် ဘယ်လိုဆောင်ရွှက်မလဲ ဆိုတာတော့ ကွန်ပြုတာ အသင်းချုပ်ကသာ အဖြေရှာရမှာပါ။

ICT City ကို တည်ဆောက်မယ် ဆိုပေမယ့် ဘယ်တော့ စတင်မယ် ဆိုတဲ့ အချက်က မသိရှိရသေးတလို အစီုးရအဖွဲ့ကသာ ခွင့်ပြုပေးသေးတဲ့ အခြေအနေမို့ ပွင့်လင်းမြင်သာမူ သိပ်မရှိသေးတာကိုလည်း တွေ့ရမှာပါ။ ရန်ကုန်မြို့လို နေရာမှာ ဧက(၅၀၀)ကျော်ကို ၇ရှိခဲ့တယ် ဆိုတာဟာ တကယ်အကောင်အထည်ဖော်လာခဲ့ရင် ဂုဏ်ပြုဖို့ ကောင်းပေမယ့် ဘာမှ မဖြစ်လာခဲ့ရင် နောက်ဆုံး အီမ်ယာစီမံကိန်းတွေနဲ ခရိုနီ လက်သုံးမြေ ဖြစ်သွားမှာပါ။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး