မိန်းခလေးအများစုဖြင့် ဖွဲ့စည့်ထားသော ACE အဖွဲ့ အနိင်ရ
SME လုပ်ငန်းတွေမှာကြုံရတဲ့ နည်းပညာဆိုင်ရာ ပြဿ နာများကို ဖြေရှင်းပေးနိုင်ဖို့ အတွက် ရည်ရွှယ်ကျင်းပသည့် Hackaton ပြိုင်ပွဲတွင် မိန်းကလေးများ ဆုံး ပါဝင်သော ACE အဖွဲ့က ပထမဆု ရရှိသွားခဲ့သည်။
Application များကို ရေးဆွဲဖန်တီးရသည့် အဆိုပါပြိုင်ပွဲမှာ ပထမဆုရရှိခဲ့သည့် ACE အဖွဲ့တွင် web developer နှင့် programmer တွေဖြစ်ကြသည့် မိန်းကလေး ၅ ဦး ယောက်ျားလေး ၂ ဦး ပါဝင်သဖြင့် ပြိုင်ပွဲတလျောက်တွင် မိန်းခလေးဦးရေ အများဆုံးအဖွဲ့ ဖြစ်လေသည်။
ပြိုင်ပွဲကို ၄၈ နာရီကြာမြင့်ပြီး အသီးအနှံတွေ တင်ပို့ရောင်းချတဲ့လုပ်ငန်းတွင် သုံးစွဲနိုင်တဲ့ application ကို ရေးဆွဲခဲ့ကြခြင်း ဖြစ်ကာ နည်းပညာနဲ့ ပတ်သက်လို့ ၎င်းတို့ အဖွဲ့ ပထမဆုံး ကြုံတွေရတဲ့ အခက်အခဲမှာ အင်တာနက်ကော်နက်ရှင်ဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
လက်ရှိ မြန်မာနိင်ငံတွင် မိန်းကလေးများ၏ အခွင့်အရေး၊နေရာ ကဏ္ဍာများတွင် အထိုက်အလျောက် ထိန်းချုပ်ခံနေရဆဲ ဖြစ်ပြီး လူဦးရေ၏(၆၄)ရာခိုင်နူန်းခန့်သာ အလုပ်လုပ်နိင်ကြလေရာ ကမ္ဘာအဆင့် အနှိမ့်ဆုံးစာရင်းတွင် ပါဝင်နေသည်ဟု ကမ္ဘာဘဏ်မှ ထုက်ပြန်တွင် ဖော်ပြထားသည်။
အဆိုပါ ပြိုင်ပွဲကို SME လုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခတ်အခဲများကို ဖြေရှင်ပေးနိင်ရေး၊လူငယ်တို့၏ အခန်းကဏ္ဍာ မြင့်တင်ပေးနိင်ရေးတို့ အတွက် ရည်ရွှယ်ကာ ကျင်းပပြုလုပ်ခဲ့သည့် ပွဲ ဖြစ်လေသည်။
Comments
Post a Comment