နာမည်ကြီး Car show room မှ ကျပ်သိန်းသုံးသောင်းကျော် လိမ်လည်ထားဟု ဆို
Mg.Chin
Yangon
ယခုရက်ပိုင်းအတွင်း နာမည်ကြီး Car Show room တခု ကျပ်သိန်းပေါင်း သုံးသောင်းကျော် ကို လိမ်လည်မူဖြင့် ပုဒ်မ (၄၀၆) ဖြင့် တရားအစွဲခံနေရကာ လက်ရှိတွင် ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းနေလျက် ရှိနေကြာင်း သိရသည်။
ရန်ကုန် အခြေစိုက် ၀င်း ကားကုပ္မဏီ ဟု ယူဆရသော Show room ဖြစ်ပြီး ရွာမကျောင်းလမ်း နှင့် ဘုရင့်နောင်လမ်းစုံတွင် ဖွင့်လစ်ထားကာ လက်ရှိတွင် ပုဒ်မ(၄၀၆)ဖြင့် တရားစွပ်စွဲခံနေရကြောင်း၊
အဆိုပါ Win&S.P.A.M Co.,ltd ဟု ယူဆရသော Show room ပိုင်ရှင်မှာ ကိုဇော်ပိုင် ဟု သိရပြီး ကားအရောင်းအ၀ယ်ကိစ္စ အတော်များများကို လိမ်လည်ခဲ့သည် ဟု ဆိုကာ အာမခံ မရသေးဟုလည်း
ကိုအရည်ကြို ၏ (FB စာမျက်နှာတွင်) သိရှိရသည်။
ကားအရောင်းပြခန်းမှာ လက်ရှိချိန်တွင် ပိက်ထားလျက်ရှိနေပြီး ပိုင်ရှင်မှာလည်း အင်းစိန်ထောင်သို့ ရောက်ရှိနေသည်ဟုလည်း သိရသည်။
ပြသာနာ ဖြစ်ရခြင်းမှာ ၇န်ကုန် ငွေလွဲ လုပ်ငန်းမှ စတင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ကျပ်သိန်း(၃၀၀၀၀)ကျော် ခန့် ရှိနေရာ ပြီးခဲ့သည့် နှစ်က လိမ်လည်မူမူ အပြီး ဒုတိယအကြီမ် ရန်ကုန်မြို့ ငွေအများဆုံး လိမ်လည်မူ တခု ဖြစ်လာခဲ့သည်။
အဆိုပါ ကုပ္မဏီ ၏ website လိပ်စာ ဖြစ်သော www.winandspam မှာလည်း ပိက်ထားသည်။
Comments
Post a Comment