ဝန်ကြီးငှန အဆောင်အအုံများ စံချိန်မမှီ ဆောက်လုပ်ပါက နာမည်ပျက်သွင်းမည်


 Mg.Chin
Yangon
အစီုးရ၏ ၀န်ကြီးဌာန အဆောက်အဦများကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း မဆောက်လုပ်သည့် ကုမ္ပဏီများကို Black list နာမည်ပျက်စာရင်းသွင်းတဲ့အထိ  ထိထိရောက်ရောက်အရေးသင့်ကြောင်း လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၁ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ပုံစံအတိုင်း စံချိန်စံညွှန်းနဲ့အညီ ပညာ သင်ကျောင်းတွေ ဆောက် လုပ်ဖို့ တပြေးညီ သတ်မှတ်ပေး ထားပေမယ့် စံချိန်စံညွန်း နဲ့ မကိုက်ညီမူ မရှိပဲ ဆောက်လုပ်သော ကန်ထရိုက်နဲ့ ကုမ္ပဏီများကို မည်သို့ဆောင်ရွှက် စစ်ဆေး အရေးယူမည် ဟု ဆိုသော  လွှတ်တော်အမတ် ဦးဖေသောင်းရဲ့မေးခွန်းအား  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်ကာ ပညာရေးငှန သာမက တခြား ၀န်ကြီးငှနအဆောက်အအုံများကို စံနူန်းနှင့် အညီ မဆောက်ပါက နာမည်ပျက်စာရင်းသွင်းရန် ဆောင်ရွှက်သင့်သည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။


နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွှက်နေသည့် အဆောက်အဦများကို သက်ဆိုင်ရာဌာနနဲ့ ဆောက်လုပ်ရေးကုမ္ပဏီများမှ 
လုပ်ငန်းအပ်နှံ သဘောတူစာချုပ်ချုပ်ဆို လက်မှတ်ထိုး ဆောက်ရွက်ကြတာ ဖြစ်ပြီး စံချိန်စံညွန်းနဲ့ မညီမူ၊ လုပ်ငန်း သဘောတူစာချုပ် အတိုင်း မဖြစ်မြောက်တဲ့ လုပ်ငန်းများ ရှိလာသည့်အတွက် အခုလို အရေးယူဆောင်ရွက်မှုအခြေအနေကို ချမှတ်သင့်သည် ဟု ဆိုခဲ့ခြင်း ဖြစ်သည်။


အစီုးရ အဆောက်အအုံများကို ဆောင်ရွှက်ရာတွင် သက်မှတ်ချိန်အတွင်း အမြန်ပြီးစီးရန်သာ လိုလားလျက် ရှိနေကြပြီး စံချိန်စံနူန်းများကိုမူ အလေးပေး ပြောဆိုခြင်း နည်းပါးကာ အချို့ ကိစ္စရပ်များတွင် မလိုလားအပ်သော ပြသာနာများကို အစီုးရ ၀န်ကြီးငှနများမှ တာဝန်ရှိသူ တချို့က ယူဆောင်လာလေ့ ရှိသည် ဟုလည်း ဆောက်လုပ်ရေး ကုပ္မဏီ အချို့က ဆိုထားကြသည်။


ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း သတ်မှတ်စာချုပ်ပုံစံအတိုင်း မဆောက်တဲ့ ကုမ္ပဏီတွေကို စာချုပ်ပါစည်းကမ်းအတိုင်း အရေးယူတာ blick list စာရင်းသွင်းခြင်း၊ ဥပဒေအရ တရားစွဲဆိုခြင်းများကို  ဆောင်ရွက်သွားမည် ဟု ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ပြောကြားသည်။



Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

မြန်မာနိင်ငံ ဘဏ်သမိုင်းအကြောင်း(၁၉၁၃-၁၉၆၃)