မြန်မာနိုင်ငံရှိ ထောက်ပံ့မှုလိုအပ်လျက်ရှိသော ကလေးငယ်များအား ၂၀၁၅ ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲမှ ကူညီသွားမည်


စိုင်းစိုင်းခမ်းလှိုင်မှ အဖွဲ့ဝင်သစ်အဖြစ်ပါဝင်လာသော လူမှုကူညီထောက်ပံ့ရေး ပရဟိတသံတမန်အဖွဲ့သည် ရွေးချယ်ထားသည့် ပရဟိတ အဖွဲ့အစည်းများအတွက် ရန်ပုံငွေများပိုမိုရရှိလာရန်ဆောင်ရွက်သွားမည်၊ ပြိုင်ပွဲတွင် ပါဝင်မည့် သူများအနေဖြင့်လည်း ၎င်းတို့၏ ပတ်ဝန်းကျင်မှ လူများကို ပါဝင်ရန် နှင့်ရန်ပုံငွေအတွက် ကူညီရန် တိုက်တွန်းသွားမည်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက် - ၂၀၁၅ ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ စီစဉ်သူများသည် မာရသွန်ပြိုင်ပွဲမှ ရရှိလာသော ရန်ပုံငွေများဖြင့် ထောက်ပံ့ကူညီသွားမည့် အဖွဲ့အစည်း (၃) ခုအား ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ မာရသွန်ပြိုင်ပွဲကို ပူးတွဲစီစဉ်သူများဖြစ်သည့် First Myanmar Investment(“FMI”)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တို့နှင့် အတူ Yoma Strategic Holdings Ltd (“Yoma Strategic”) တို့သည် လိုအပ်သောထောက်ပံ့ကူညီမှုတို့အတွက် လေ့လာအကဲဖြတ်မှုများပြုလုပ်ပြီး ၂၀၁၅ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ၏ ဆောင်ပုဒ်ဖြစ်သည့် “ကလေးများအတွက် ပြေးကြစို့” ဆိုသည့်အတိုင်း အောက်ပါအဖွဲ့အစည်း(၃)ခုကို ရွေးချယ်ထားရှိပါသည်။ အဆိုပါအဖွဲ့အစည်းနှင့် ကျောင်းများမှာ-

     ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အခမဲ့ နေ့ကလေးထိန်းကျောင်း
·         ဆုတောင်းပြည့် လူငယ်ဖွံ့ဖြိုးရေးကျောင်း ဂေဟာ
·         အောင်ဇမ္ဗူ လူငယ်ဖွံ့ဖြိုးရေးကျောင်း ဂေဟာ တို့ ဖြစ်ပါသည်။
ယခုလက်ရှိ ရွေးချယ်ထားသော အဖွဲ့အစည်းများမှာ ကလေး စုစုပေါင်း အယောက် (၃,၀၀၀) ကျော် ပါဝင်အများစုမှုာ မြနု်မာနိုင်ငံ အရပ်ရပ်ရှိ ဆင်းရဲနွမ်းပါးသော တိုင်းရင်းသားဒေသတို့မှ မိမဲ့၊ ဘမဲ့၊ မိဘမဲ့ များ ဖြစ်ကြပြီး ထိုကလေးတို့၏ ပညာရေးဆိုင်ရာ နှင့် နေထိုင်မှုဆိုင်ရာ အထောက်အပံ့များကို လက်ရှိ ပံ့ပိုးလျက် ရှိနေပါသည်။ အခြား ထပ်တိုး ကူညီထောက်ပံ့သွားမည့် အဖွဲ့အစည်းများ ရှိခဲ့လျှင်လည်း မကြာခင်ကာလအတွင်း အတည်ပြု ရွေးချယ်ကာ  ကြေညာသွားမည် ဖြစ်ပါသည်။ လူအများ နှင့် တန်းတူအခွင့်အရေးများ မရရှိသော မြန်မာနိုင်ငံရှိ ကလေးငယ်များအား ကူညီထောက်ပံ့ခြင်း ဆိုသော ဦးတည်ချက် သည် ထို လူမှုူရေး အဖွဲ့အစည်းများအား ရွေးချယ်ရာတွင် အဓိကအချက် ဖြစ်သည်။

Yoma Strategic ၏ CEO ဖြစ်သူ Mr.Andrew Rickards က “ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲက ပိုပိုပြီးကြီးမားလာတာ နဲ့အမျှ ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင် အတွက် ပံ့ပိုးကူညီမှုကလည်း ပိုများလာဖို့ လိုအပ်ပါတယ်။ မာရသွန်ပြိုင်ပွဲမှာ ပါဝင်ကြမယ့် အပြေးသမားတိုင်းဟာ ကျွန်တော်တို့ ထောက်ပံ့သွားမယ့် လူမှုအဖွဲ့အစည်းတွေအတွက် စိတ်အားထက်သန်စွာ ပါဝင်မှုတို့ နဲ့အတူ ကျွန်တော်တို့ရဲ့ ပရဟိတ သံတမန်တွေရဲ့ ရန်ပုံငွေရှာဖွေမှု တို့က မြန်မာနိုင်ငံက ကလေးတွေ ပိုပြီး ကောင်းမွန်တဲ့ အနာဂါတ်ရရှိဖို့အတွက် ပူးပေါင်းကူညီပေးမယ်လို့ ကျွန်တော် အမှန်တကယ် မျှော်လင့်ပါတယ်” ဟုဆိုပါသည်။

၂၀၁၅ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ပရဟိတ သံတမန်များ

၂၀၁၅ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင်ကျင်းပမည့် တတိယအကြိမ်မြောက် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ုပြိုင်ပွဲတွင် ပရဟိတသံတမန်များ အနေဖြင့် ထောက်ပံ့မှုများ ပိုမိုရရှိလာစေရန် ဆောင်ရွက်နိုင်မည့် ပရဟိတလုပ်ငန်း ရှေးရှုသည့် ကဏ္ဍအသစ်အား ထည့်သွင်းသွားမည်ဖြစ်ပါသည်။ ၎င်းပရဟိတ  သံတမန်များအနေဖြင့် ရံပုံငွေရှာဖွေရာ တွင် ပါဝင်သွားမည်ဖြစ်ပြီး ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ၏အကြောင်းနှင့် ရွေးချယ်ထားသော လှူဒါန်းသွားမည့်အဖွဲ့အစည်းများအကြောင်းကို ပိုမိုသိရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

နာမည်ကျော်ကြား လူကြိုက်များသော တေးရေး၊တေးဆို စိုင်းစိုင်းခမ်းလှိုင်သည် ၂၀၁၅ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ၏ ပရဟိတသံတမန်အဖွဲ့တွင် နောက်ဆုံးမှ ပါဝင်လာသည့် အနုပညာရှင်ဖြစ်ပါသည်။ အခြား ပရဟိတသံတမန်များ ဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင်၊ လူမှုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နေသူ ရုပ်ရှင်မင်းသမီး ဒေါ်ဆွေဇင်ထိုက်၊ Strategy First Institute တည်ထောင်သူတစ်ဦးဖြစ်ပြီး ACK & Co Service Company ၏ အုပ်ချုပ်မှုဒါရိုက်တာ  ဦးအောင်ချစ်ခင်၊ တက်သစ်စ အဆိုရှင် လုံဆစ် ဂျာမွန်း  (အမွန်း) နှင့် မော်ဒယ်နှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည့် ၀ါဆိုမိုးဦး တို့နှင့်အတူ နောက်ဆုံးပါဝင်လာသော စိုင်းစိုင်း သည် ထောက်ပံ့ရန် ရွေးချယ်ထားသည့် လူမှုအဖွဲ့အစည်းများအတွက် ရန်ပုံငွေ ပိုမိုရရှိရန် နှင့် လူပိုမိုသိရှိရန်အတွက် ၎င်းတို့၏ မိသားစုများ၊ သူငယ်ချင်းများနှင့် ပရိတ်သတ်များအား လှုံဆော်အသိပေးသွားမည် ဖြစ်ပါသည်။

 “ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကျင်းပမယ့် နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ပွဲမှာ ပါဝင်ရင်း ဒီပြိုင်ပွဲရဲ့ ပရဟိတအလှူအကြောင်း အများပြည်သူတို့ ပိုပြီး သိရှိဖို့အတွက်နဲ့ အလှုငွေတွေပိုမိုရရှိဖို့အတွက် ကူညီမယ့် ဒီအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ ပရိတ်သတ်များ နဲ့ သူငယ်ချင်းတွေအားလုံးကို ဒီတစ်ခေါက် မာရသွန် ပြိုင်ပွဲမှာ ပါဝင်စာရင်းသွင်းကြဖို့ နဲ့ ဒီပရဟိတအလှူမှာ တတပ်တအား ပါဝင်ကြဖို့အတွက် ကျွန်တော်တက်နိုင်သမျှ အားပေးတိုက်တွန်းသွားမှာပါ။ မြန်မာနိုင်ငံက ကလေးတွေကို ကူညီထောက်ပံ့ဖို့ ကျွန်တော်တို့အတူတူ ပြေးကြစို့” ဟု စိုင်းစိုင်းကဆိုသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး