Posts

Showing posts from 2017

ဘီယာတရားမ၀င်တင်သွင်းမှုကြောင့် အစီုးရအနေနှင့် အခွန်ဒေါ်လာ(၅၂)သန်း နီးပါး နစ်နာ

တရားမ၀င်ဘီယာတင်သွင်းမူကို ထိုင်းနိင်ငံနှင့် တရုက်နိင်ငံတို့မှ တင်သွင်းခြင်း ဖြစ်ပြီး ပြည်တွင်းဘီယာဈေးကွက်၏ (၃၀)ရာခိုင်နူန်း ရှိကာ အစီုးရအနေနှင့် အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ(၅၂)သန်း နီးပါး နစ်နာနေကြောင်း နိင်ငံတကာဈေးကွက် သုတေသနအဖွဲ့ Euromonitor Internationalမှ   ထုက်ပြန်ချက်အရ သိရသည်။ အဆိုပါ ထုက်ပြန်ချက်တွင် မြန်မာနိင်ငံတွင် ရောင်းချနေသော ဘီယာများ၏ (၃၀)ရာခိုင်နူန်းသည် တရားမ၀င် ဖြစ်ပြီး ၂၀၁၆ခုနှစ်တွင် အစီုးရအနေနှင့် အမေရိကန်ဒေါ်လာ(၅၂)သန်း နီးပါး ရှိနေကြောင်း၊တရားမ၀င် ၀င်ရောက်လာသော ဘီယာ(၉၆)ရာခိုင်နူန်းကို နယ်စပ်မှ တင်သွင်းလာခြင်း ဖြစ်ပြီး ယင်းတိုးအနက် (၈၀)ရာခိုင်နူန်းကို ထိုင်းနိင်ငံမှ တင်သွင်းခြင်း ဖြစ်ကာ တရုက်နိင်ငံမှ (၂၀)ရာခိုင်နူန်းကို တင်သွင်းလာခြင်း ဟု Euromonitor International က ဆိုသည်။ စတိုးဆိုင်များ မှတဆင့် လေ့လာမှုအရ ပြည်တွင်းထုတ်ဘီယာ ၃၃ဝ မီလီလီတာဘူးသေး၏ရောင်းဈေး ထက် မှောင်ခို ဘီယာများမှ ၃၅ ရာခိုင်နူန်း ဈေးသက်သာပြီး ၂၀၁၆ခုနှစ်တွင် ဘီယာ ဟတ်တိုလီတာ သန်းပေါင်း(၁.၁) ရှိခဲ့သည် ဟု သိရသည်။

IRI ၏ စစ်တမ်းအရ စီးပွားရေးမှုဝါဒအပေါ် စီုးရီမ်မှု မြင့်တက်နေပြီး ယုံကြည်မူ ကျဆင်း

၂၀၁၇ ခုနှစ်အတွက် IRI မှ ကောက်ခံထားသော ပြည်သူလူထု စစ်တမ်းအရ အစီုးရ၏ မူဝါဒရေးရာများဆောင်ရွှက်ရာတွင် စီးပွားရေးရာ ပြသာနာများအပေါ် ဖြေရှင်းစေလိုသည့် အချက်က ဦးဆောင်နေပြီး ယုံကြည်မှုမှာလည်း သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါစစ်တမ်းအရ ၂၀၁၇ခုနှစ် ဧပြီလ စစ်တမ်းတွင် အစီုးရ၏ မှုဝါဒများအပေါ် အကောင်းမြင်မူမှာ (၇၅) ရာခိုင်နူန်းအထိ ရှိနေသော်လည်း   ဖေဖော်ဝါရီလ(၁၄)ရက် စစ်တမ်းက (၈၈)ရာခိုင်နူန်းအထိ ရှိနေခဲ့ကြောင်း၊ အစီုးရ မှုဝါဒအပေါ် စီုးရိမ်မှုမှာ ယခင်စစ်တမ်းက (၆)ရာခိုင်နူန်းသာ ရှိသော်လည်း ဧပြီလစစ်တမ်းတွင် (၁၆)ရာခိုင်နူန်းအထိ တိုးတက်လာခဲ့သည် ဟု ဖော်ပြထားသည်။ အစီုးရ၏ လုပ်ဆောင်ချက်များအပေါ် အကောင်းမြင်ရာတွင် အခြေခံအဆောက်အဦးတည်ဆောက်မှုတို့ အပေါ် (၄၀)ရာခိုင်နူန်း၊စီးပွားရေးဆောင်ရွှက်မှု အပေါ် (၁၈)ရာခိုင်နူန်း၊လုံခြုံမူနှင့် တည်ငြိမ်မှုတို့ အပေါ်(၁၀)ရာခိုင်နူန်း၊ လွက်လပ်မူ နှင့် ဒီမိုကရေစီအပေါ် (၆)ရာခိုင်နူန်း၊ Social Service အပေါ်(၆)ရာခိုင်နူန်း၊ အစီုးရ၏ MISC အပေါ် (၅) ရာခိုင်နူန်းနှင့် ပြန်လည်ဖြေကြားခြင်း မရှိသူ (၉)ရာခိုင်နူန်း ရှိသည် ဟု ဆိုသည်။ အစီုးရ၏ မူဒါဒများ အပေါ်စိုးရိမ်မှုတွင...

၂၀၄၀ ခုနှစ် တွင် မြန်မာတစ်နိုင်ငံလုံး အိမ်ရာလိုအပ်ချက် ယူနစ်ပေါင်း ၄ ဒဿမ ၈ သန်း အထိရှိလာမည်

သန်းကောင်စာရင်းဆိုင်ရာ အချက်အလက်များအပေါ် အခြေခံကာ တွက်ချက်မှုအရ လာမည့် ၂၀၄၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး အိမ်ရာလိုအပ်မှာ အိမ်ရာယူနစ်ပေါင်း ၄ ဒဿမ ၈ သန်းအထိ ရှိလာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနွေမှူးက ပြောကြားခဲ့သည်။ ၂၀၄၀ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း အိမ်ရာလိုအပ်ချက် ယူနစ် ၁ ဒဿမ ၀၇ သန်းအထိ ရှိလာမည် ဖြစ်ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အိမ်ရာလိုအပ်ချက် ၂၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးရန်နှင့် ကျန် ၈၀ ရာခိုင်နှုန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများနှင့်   ပုဂ္ဂလိက ကဏ္ဍမှ ဖြည့်ဆည်းနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ ၁၉၈၃ ခုနှစ် သန်းကောင်စာရင်းဆိုင်ရာ အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၃၅ ဒဿမ ၂၉ သန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ် သန်းကောင်စာရင်းဆိုင်ရာ အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁ ဒဿမ ၄၈ သန်း ရှိကြောင်း၊ အဆိုပါ အချက်အလက်ပေါ်မူတည်၍ လူဦးရေ တိုးနှုန်းအရ တွက်ချက်ပါက ၂၀၄၀ ပြည့်နှစ်၌ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၇၀ ဒဿမ ၅၆ သန်းအထိ ရှိလာမည်ဖြစ်ကြောင်း ဦးနွေမှူးက ပြောကြားသည်။ အိမ်ရ...