၂၀၁၅ခုနှစ်တွင် ဘဏ်အတိုးနူန်းကို ဈေးကွက်ကသာ သက်မှတ်မည်

 မောင်ချင်း
ရန်ကုန်၊အောက်တိုဘာ(၅)ရက်

လက်ရှိ ပြည်တွင်းဘဏ်များတွင် အတိုးနူန်းကို ဗဟိုဘဏ်မှ (၁၀)ရာခိုင်နူန်းမှ (၁၃)ရာခိုင်နူန်း အတွင်းဟု သက်မှတ်ထားသော်လည်း ၂၀၁၅ခုနှစ် တွင် ဈေးကွက်က သက်မှတ်သည့် အတိုးနူန်း ဖြင့်သာ ချေးငွေ ရယူနိင်မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကငှ ဖြစ်သူ ဦးဆက်အောင်က ပြောကြားသည်။

လက်ရှိ အချိန်မှာ ဘဏ်ချေးငွေတွေကို ချေးတဲ့ အခါ အတိုးနူန်းတွေကို ဘဏ်က သက်မှတ်ထားပေမယ့် နောင်မှာ ဒီလို မသက်မှတ်တော့ပဲ ဈေးကွက်က သက်မှတ်တဲ့ ဘဏ်အတိုးနူန်းများနဲသာ ငွေချေးခွင့် ပေးတော့မှာ ဖြစ်ပါတယ်။ ဟု ၎င်းက ဆိုထားသည်။

အဆိုပါ ဘဏ်ငွေ အတိုးနူန်း ဈေးကွက်က သက်မှတ်ခြင်းကို ၂၀၁၅ ခုနှစ် နှစ်စပိုင်းတွင် စတင်နိင်ရန် အကောင်အထည်ဖော်နေပြီး ဘဏ္ဍာရေးဝန်ကြီးငှနနှင့် ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွှက်နေလျက် ရှိကာ ထိုသို့ ဖြစ်လာရန် အဆင့်(၂)ဆင့်ကို ကျော်ဖြတ်ရမည် ဖြစ်ကြောင်း၊ပထမအဆင့် အနေဖြင့် T-bill austion နှင့် ဒုတိယအဆင့်အဖြစ် T-bill interbank market တို့ကိုအကောင်အထည် ဖော်မည် ဖြစ်ပြီး ဈေးကွက်ကို တည်ဆောက်မည် ဖြစ်ကြောင်း ၊ဈေးကွက်ဆိုသည်မှာ အစီုးရငွေတိုက် စာချုပ်ကို ဆိုလိုခြင်း ဖြစ်ပြီး ၀ယ်လိုအားနှင့် ရောင်းလိုအားပေါ် မူတည်ကာ အစီုးရငွေတိုက်စာချူပ်များ၏ ဈေးနူန်းကို ရရှိမည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကငှ ဦးဆတ်အောင်က ဆိုသည်။

 ဈေးကွက်အတိုးနူန်းကို ရရှိတဲ့ အချိန်မှာ အဲအတိုးနူန်းကို အခြေခံပြီး ဗဟိုဘဏ်က ရည်ညွန်းနူန်းကို ထုက်ပြန်မှာ ဖြစ်ပါတယ်။ ဟု ၎င်းက ဆက်လတ်ဆိုသည်။

ဘဏ်များအနေနှင့် ငွေချေးကုပ္မဏီ၏ ယုံကြည်စိက်ချရမူ အဆင့်နှင့် ဗဟိုဘဏ်ရည်ညွန်းနူန်းပေါ် မူတည်ပြီး သီးခြားအတိုးနူန်းကို ၎င်းတိုဘာသာ သက်မှတ်နိင်မှာ ဖြစ်ပြီး ဗဟိုဘဏ်အနေနှင့် ဘဏ်များမှ မည်မျ အတိုးနူန်းဖြင့် ချေးယူရမည် ဆိုသည့် သက်မှတ်ချက်ကို ထားရှိမည် မဟုက်တော့ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် ဗဟိုဘဏ်အနေနှင့် ပြည်ပဘဏ်(၉)ခုကို ဖွင့်လစ်လိုက်ပြီ ဖြစ်ကာ ယင်းဘဏ်များ တွင် ပြည်တွင်းဘဏ်များချေးငွေ ရယူလိုပါက မြန်မာကျပ်ငွေဖြင့်က အတိုးနူန်း(၁၀)ရာခိုင်နူန်းမှ (၁၃)ရာခိုင်နူန်း ကြားတွင် ချေးယူနိင်မည် ဖြစ်ပြီး အမေရိကန်ဒေါ်လာဖြင့် ချေးယူပါက အတိုးနူန်း သက်မှတ်မည် မဟုက်ချေ။

ယင်းအချက်ကြောင့် ပြည်တွင်းတွင် ဒေါ်လာရောင်းအား ပိုကောင်းလာနိင်ပြီး ကျပ်ငွေ ပြန်မာလာနိင်ခြေ ရှိနေပြန်သည်ကို တွေ့ရှိရသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

#social punishment#Boycott