ဆန်တင်ပို့သော နိင်ငံများတွင် မြန်မာ ဆန်ဈေး မတည်ငြိမ်ဆုံး နိင်ငံ ဖြစ်နေ
မောင်ချင်း
ရန်ကုန်၊
ဆန်တင်ပို့နေသော အာရှတိုက်ရှိ နိင်ငံများ အနတ်
မြန်မာနိင်ငံသည် ဆန်ဈေးနူန်း မတည်ငြီမ်ဆုံး
အမြင့်မားဆုံး နိင်ငံတခု ဖြစ်နေပြီး
တောင်သူများအနေနှင့် အကျိုး အမြတ်မရနိင်ပဲ ဆင်းရဲနွမ်းပါးမူ ၀င်ငွေမျဉ်းအနားသို့
ေ၇ာက်နေကြောင်း ကမ္ဘာဘဏ်က သတင်းထုက်ပြန်လိုက်သည်။
စိုက်ပျိုးရေး ကဏ္ဍာဟာ မြန်မာနိင်င့ရဲ့ ဆင်းရဲနွမ်းပါးမူ
လျော့ချရေးရဲ့ အဓီက အကျဆုံး နေရာမှာ တည်ရှိနေပါတယ်။ဆန်ဈေးနူန်း အပြောင်းအလဲ များတာဟာ
ဆန်စပါးထုက်လုပ်မူအပေါ် မှီခိုနေပြီး အသက်မွေးဝမ်းကြောင်း ပြုနေရတဲ့ ပြည်သူ ထက်ဝတ်လောက်ကို
အကျိုးသက်ရောက်မူ ရှိပါတယ် ဟု ကမာ၁ဘဘဏ်၏ မြန်မာနိင်ငံဆိုင်ရာ ကိုယ်စလှယ် ဖြစ်သူ အဗွဒူလာရေဆက်က
ပြောကြားသည်။
မြန်မာနိင်ငံ၏ ဆန်ဈေးနူန်း အတက်အကျ မြတ်ဆန်မူ
နှင့် ဆင်းရဲမွဲတေမူ လျော့ချရေး အစီရင်ခံစာတွင် ၂၀၀၉-၂၀၁၃ခုနှစ်အတွင်း ဆန်ဈေးနူန်းမှာ(၄၀)ရာခိုင်နူန်း
မြင့်တက်လာခဲ့ပြီး စားနပ်ရိက္ခာ ဖူလုံရေး၊ပြည်ပနိင်ငံများနှင့် ပြိုင်ဆိုင်နိင်မူ စွမ်းအား
အပေါ် ဖိအား ကျရောက်စေခဲ့ကြောင်း၊မြန်မာနိင်ငံတွင် ဆန်ဈေး အတက်အကျ မြန်ဆန်မူကို အဓိက
စ်ြစေသည့် နိဝင်ဘာလနှင့် ဒီင်ဘာလတွင် စပါးအလုံးအရင်းနှင့် ထွက်ပေါ်လာမူ အဓိက သက်ဆိုင်နေပြီး
မျီုးစပါး စုစည်းမူ အားနည်းခြင်း၊လမ်းပန်းဆက်သွယ်ရေး၊တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်
အားနည်းခြင်း၊ဈေးကွက်သတင်းအချက်အလတ် စိက်ချမူ မရှိခြင်း၊ပို့ကုန်အမျီုးအစား စုံလင်မူ
အားနည်းခြင်း၊ဆန်စပါး သိုလှောင်ရန် ကုန်ကျစရိက် မြင့်မားခြင်းတို့ ကြောင့် ဆန်ဈေး
အတက်အကျ အပြောင်းအလဲ မြန်ခြင်း ဖြစ်မူကို ပိုမိုကြီးမားအောင် လုပ်ဆောင်နေသော အချက်များစ်ြသည်ဟု
ကမ္ဘာဘဏ်၏ သတင်းထုက်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ် အစီရင်ခံစာ အရ တစ်နှစ်တာ ကာလပတ်လုံး
ဆန်စပါးထွက်ရှိမူ ရှိညီမျမျ ဖြစ်အောင် စိုက်ပျိုးထုက်လုပ်ခြင်းဖြင့် ဆန်စပါး မတည်ငြိမ်မူကို
လျော့ချနိင်တလို စီးပွားရေ လုပ်ကိုင်ရာတွင်စရိက်သက်သာမူ ရှိစေခြင်း၊ဆန်စက်ရုံ သိုလှောင်ရုံများ
အတွက် ငွေကြေး အရင်းအနှီး ရှာဖွေနိင်မည့် နည်းလမ်းများ တိုးတက်ကောင်းမွန်စေခြင်းဖြင့်
သိုလှေင်ြစရိက် လျော့ကျပြီး ဆန်စပါးသိုလှောင်ထားနိင်သည့် ကုန်သည် အရည်အတွက် တိုးပွားလာမည်
ဖြစ်ကာ ဆန်စပါး အတက်အကျ မညီမျမူကို ညင်သာလာစေမည် ဖြစ်သည် ဟု ကမ္ဘာဘဏ်က ဆိုသည်။
ဆန်ဈေးနူန်း အတက်အကျ ကို တည်ငြီမ်စေမယ့် ဘယ်လိုနည်းဗျုးဟာပဲ
သုံးသုံး ဒီကိစ္စရဲ့ နောက်ကွယ်မှာ စနစ်ကြောင့် ဖြစ်တဲ့ အကြောင်းတရားများကို ဖြေရှင်းနိင်ရပါမယ်။
ဟု ကမ္ဘာဘဏ်၏ အရှေ့တောင် အာရှဆိုင်ရာညွန်ကြားရေးမူ Ulrish achau က ပြောကြားသည်။
ကျေးလတ်ဒေသရှိ လူဦးရေ အများစုမှာ ဆင်းရဲမူ
မျဉ် အနားသို့ ရောက်ရှိနေပြီး ၀င်ငွေ၏(၆၀)ရာခိုင်နူန်းကို စားရေးအတွက် ကုန်ကျနေရကြောင်း၊ဆန်ဈေးနူန်း
အတက်အကျကြောင့် ကျန်းမာရေး၊ပညာရေး၊အိမ်ထောင်မူ အသုံစရိက်တို့ကို လျော့နည်းသွားစေသဖြင့်
ဆန်ဈေးနူန်း မတည်ငြိမ်မူသည် မြန်မာနိင်ငံသားနှင့် သက်ဆိုင်သည့် ကိစ္စတစ်ခု ဟု မစ္စတာ
အဗွဒူလာ က ဆိုသည်။
ဆင်းရဲ့ နွမ်းပါးမူအတွက် ကြီးမားသော အန္တရယ်
ဖြစ်သော်လည်း စနစ်တကျ စီမံခန့်ခွဲခြင်ဖြင့် မြန်မာ့ဆန်ဈေး အတက်အကျ မြန်ဆန်မူကို ထိန်းသိမ်းနိင်မည့်
အလားအလာ ရှိသည် ဟုလည်း ကမ္ဘာဘဏ်က ဆိုသည်။
Comments
Post a Comment