ငွေကြေးကစားသူများအကြောင်း



ငွေဈေးကစားတာလေး နဲ ပါတ်သတ်ပြီး ပြောချင်လို့ပါ။
အရင်က ငွေလဲနူန်းဟာ ပြင်ပငွေကြေးဈေးကွက်မှာသာ ဖြစ်ခဲ့တာမို့ သူတို့ ဈေးအတက်အကျဟာ နိင်ငံတကာဈေးကွက် နဲ မဆိုင်ပဲ ပြည်တွင်း ကျောက်မျက်ရောင်းချိန် ကျွှန်းသစ်ခုတ်တဲ့ ရာသီ ဘီန်းခြစ်တဲ့ ရာသီဟာ ဈေးအတက်ဆုံးပဲ။ ယခင်အစီုးရလက်ထက်ကတော့ တစ်ဒေါ်လာ ခြောက်ကျပ်ဈေးသာ ဖြစ်ခဲ့တာမို့ ပြင်ပငွေဈေးကွက်က အကျိုးဆောင် ပွဲစားတွေ ဈေးအပြိုင်အဆိုင်ဖွင့်ပြီး အော်ရာကနေ နောက်တော့ ဝယ်သူ ရောင်းသူ အကြိုက်တူအချိန်ဟာ ပေါက်ဈေးဖြစ်လာပါ။ ဒီမှာ ပေါက်စေိး အစဖွင့်သူဟာ အလွန်ကို အရေးပါပါတယ်။ အရင်တုန်းကတော့ အတော်ကို နာမည်ရတဲ့ အကျိုးဆောင်တစ်ဦးက မနတ်လာပြီး ပေါက်ဈေးစဖွင့်လေ့ရှိပါတယ်။ သူဟာ အစီုးရ လုပ်ငန်းရှင်တွေ နဲ ထည်ထည်ဝင်ဝင် ရင်းနှီးသူ ဖြစ်ပြီး ပြင်ပသတင်းတွေ အခြေအနေပေါ်မူတည်ပြီး ပေါက်ဈေးကို စဖွင့်လေ့ရှိပါတယ်။ သူဖွင့်တဲ့ ဈေးကို မူတည်ပြီး ကျန်သူတွေက ငါးမူ တကျပ် စသည့်ဖြင့် အတက်အကျ လုပ်ပြီး ဈေးကစားကြလေ့ရှိပါတယ်။အဲခတ်တုန်းက တခါတခါ အရောင်းအဝယ်လုပ်ရင် ဒေါ်လာ သန်းနဲ ချီပြီး ဖြစ်တာမို့ ငါးမူးတကျပ်လောက်က ကျပ်သိန်းရာချီ အမြတ်အစွန်းရှိပါတယ်။ အကျိုးဆောင်တစ်ဦးကတော့ အဲခတ်တုန်းက သူဟာ တနေ့ကို ကျပ်ဆယ်သိန်းလောက်အထိ အကျိုးအမြတ်ရတယ် လို့ ဆိုဖူးတယ်။ တွက်ကြည့်ပေါ့လေ ဈေးကစားသူတွေက ဘယ်လောက်မြတ်မလဲ ဆိုတာ။
ငွေကြေးကစားတာသူဟာ သတင်းအရင်
အမြစ်က အလွန်အရေးပါပါတယ်။ အထူးသဖြင့် အစီုးရနဲ ရင်းနှီးပြီး လျိုဝှက်သတင်းတွေပါ ရရှိနိင်သူတွေပါ။ ဥပမာ အစိုးရက န်င်ငံခြားက လတ်နတ်ဝယ်တော့မယ် ဆိုပါတော့။ ပေးချေဖို့ န်င်ငံခြားငွေ လိုလာပါပြီ။ နိင်ငံတကာကကလည်း ပိက်ထားတော့ ပြင်ပငွေကြေးဈေးကွက်ကို အမှီပြုလာတာပဲ။ ဝယ်လိုအားများလာရင် ဈေးတက်လာတော့တာပါပဲ။ ဒီလို အတက်မှာ  အခြေအနေကို စောင့်ကြည့်ပြီး ဒေါ်လာစုတာတွေ သိမ်းတာတွေ လုပ်ပါတယ်။ ဈေးတက်လာတာနဲ အမျ သူစောင့်ကြည့် ထပ်တက်ချင်ရင် နည်းနည်း အမြင့်ဈေးနဲ ဝယ် အဲ သူတို့ အကြိုက်ဆုံး အနေအထားရောက်လာရင် ပြန်ရောင်းတော့တာပါပဲ။ ဒီလိုရောင်ချိန်က ငွေ ဈေးအမြင့်ဆုံး မရောက်ခင် အချိန်လေးမှာပါ။ အဲချိန်ဟာ ခေတ္တ တန့်သွားလေ့ရှိတယ်လို့ သိရပါတယ်။ ဂရပ်တွေနဲ ဆို ပိုသိရမှာပေါ့။ ပြီးတော့ Importer တွေ လာဝယ်ချိန်တွေမှာလည်း ဈေးတက်လာလေ့ ရှိပါတယ်။ အခု နှစ်စပိုင်း ဈေးတက်တာဟာ ဒီဇယ်ဝယ်သူတွေဒေါ်လာအဝယ်လိုက်ချိန်မှာ တက်လာတာပါ။
ကျောက်မြတ်တွေ အရောင်းအဝယ်ဖြစ်ချိန်မှာလည်း ဈေးတက်လေ့ ရှိပါတယ်။ အစီုးရက ကျပ်ငွေနဲ ဝယ်ယူခွင့်ပြုရင် ဒေါ်လာဈေးကျလေ့ ရှိတလို ဒေါ်လာနဲ ခွင့်ပြုရင် ဈေးတက်ပါတယ်။ ဒေါ်လာဆိုရင်တော့ ပြည်တွင်းငွေလဲဈေးကွက်မှာ လာလှယ်လေ့ရှိတာမို့ ဈေးက အတက်အကျ ရှိနေပါတယ်။ အစီုးရဆီမှာက တစ်ဒေါ်လာ ခြောက်ကျပ်ဈေးလေဗျာ။ ဘယ်သူက လဲမှာတုန်း။
ဒီလို အခြေအနေပေါ်ကြည့်ပြီး ဈေးကစားကြ အမြတ်အစွန်းယူကြပေါ့။ ငွေလဲတဲ့အခါ ပွဲစားတွေ ဟာ တကျပ် ပဲဖြစ်ဖြစ် ငါးမူးပဲ ဖြစ်ဖြစ် တစ်ဒေါ်လာပေါက်ဈေးအပေါ်မှာ အမြတ်ယူလေ့ရှိပါတယ်။ ဒေါ်လာလဲတဲ့အခါ သန်းနဲချီပြီး လဲတာမို့ သူတို့ အလုပ်ဖြစ်ကြပါတယ်။ တချို့သူဌေးတွေကတော့ သူတို့ပွဲစာ
ကို ဆင်းထိုင်ခိုင်းလေ့ရှိပြီး အရောင်းအဝယ်ပြုကြပါတယ်။ ငွေမည်းတွေကို ငွေဖြူအဖြစ်ပြောင်းလဲတဲ့ အခါ ဒေါ်လာကို အသုံးပြုကြပါသေးတယ်။ ဒါက ဘိန်းခြစ်ချိန်တွေမှာ အများဆုံးပေါ့။တခြားလည်း ရှိပါသေးတယ်။ နောက်ပြီးတော့ မြန်မာငွေလဲဈေးကွက်က တရုက်ငွေဈေးကွက်နဲလည်း ချိက်မှိပါသေးတယ်။ စကာင်္ပူကနေ လုပ်တာလို့ ပြောကြတာပဲ။ ဘာပဲပြောပြော မြန်မာနိင်ငံနဲ ပေါင်းစားပြီး အကျိုးအမြတ်အရဆုံးက စကာင်္ပူပဲ။ သူက ငွေကော ပြည်ပပို့ကုန်ကော သွင်းကုန်အစ လတ်နတ် ရောင်းဝယ်မူအထိ မြန်မာအတွက်အကျိုးဆောင်ပါ။ပြီးတော့ နိင်ငံခြားကနေ ငွေလွဲတဲ့ စနစ်ကလည်း ငွေဈေးကွက်အပေါ် အကျိုးသတ်ရောက်မူ ရှိပါတယ်။ ဒါကိုပဲ Earning ငွေ လို့ ခေါ်ကြတယ်။ ခရီးသွားလုပ်ငန်းတွေ ကျောက်မျက်တွေ စသည့်ဖြင့် ရတာတွေက အစီမ်းလို့ ခေါ်ကြတယ်။ ပို့ကုန်ကနေရတဲ့ ငွေက ဒေါ်လာမဟုက်ပဲ စာရွှက်လေးပါ။ ငွေက ကြားခံန်င်ငံတခုမှာ ဖြစ်ဖြစ် စီးပွားရေးဘဏ်မှာပဲ ဖြစ်ဖြစ် ထားကြပါတယ်။ ဒါလေးကိုပဲ လေပေါ်မှာ ပစ်ပြီး အရောင်းအဝယ်လုပ်ကြတာပါ။ပို့ကုန်ရငွေပေါ့။
အဲ ငွေဈေးအတက်အကျ မဖြစ်ပဲ ငြိမ်နေရင် ဈေးကစားကြပါသေးတယ်။ ဒါက ငွေတွေ အများကြီးကိုင်ဆော့နိင်သူတွေ က လုပ်လေ့ရှိတယ်။ လောဘကို အခြေခံပြီး လောင်းကစားပြုကြတာပါ။ တချို့က သတင်းထူးအချို့ပေါ် မူတည်ပြီး ရောင်းဝယ်ကြတာပါ။ တချို့ကတော့ ငွေဈေးကို တက်အောင်လုပ်ပြီး ရောင်းဝယ်ကြပေါ့။ရှင်းပါတယ် ကစားကြပုံက ငွေဈေးကွက်ထဲမှာ သူလူ လေးငါးယောက်ကို ဝင်ကစားခိုင်းတာပါ။ သူလူတစ်ယောက်က ငွေ ပေါက်ဈေးပေါ်ကြည့်ပြီ တက်လောက်မယ် ထင်ရင် အမြင့်ဈေးနဲ ဝယ်ခိုင်းပါတယ်။ အများကြီး မတက်ပါဖူး။ ငါးမူ တစ်ကျပ် ငါးပြားစသည့်ဖြင့်ပေါ့။ ဒီချိန်မှာ လူတွေ စိက်ဝင်စာ
ကြမယ် ဘာလို့လဲ ဆိုပြီးတော့ ။ သူလူတစ်ယောက်ကပဲ ပြန်ပြီး ဝယ်ပါတယ်။  ဝယ်လိုအား ကောင်းနေပြရင် ဈေးက ထပ်မြင့်ပြပြန်ရော အဝယ်ကလည်း ဆက်လိုက်နေတော့ ကျန်သူကလည်း ဈေးအလိုလို တက်ကုန်ပေါ့။ ဒီအခြေအနေမှာ လိုအပ်နေသူက ဈေးကွက်ထဲ ဆင်းဝယ်ချိန် ဖြစ်ရင် ဝယ်သူတိုးလာပြိပေါ့။ တချို့က အရေးတကြီးမို့ ပေါက်ဈေးနဲ ဝယ်တက်ကြတယ်။ ဒါတွေဖြစ်လာရင် လူတွေက မြင်လာတယ် ဈေးတက်လာမယ်ပေါ့။တခြားသူဆီကလည်း ငွေကစားသူတပည့်က လိုက်ဝယ်ပါတယ်။ခေတ္တ အရူံးခံပြီးပေါ့။ဒိလိုနဲ သူတို့ သက်မှတ်တဲ အဆင့် သူတို့အမြတ်ပြန်ရလောက်တဲ့ အဆင့်မှာ လက်ထဲကငွေ ပြန်ရောင်ကြရော။ တချို့လူတွေကလည်း ဈေးတက်တော့ ထပ်တက်မယ်ထင်ပြီး ဝယ်ကြပေါ့။ စတော့ ဆန်ဆန် ရောင်းကြဝယ်ကြပေါ့ဗျာ။ ဘာလို့ ဝယ်ကြလဲ မေးရင် လောဘပေါ့ဗျာ။ အံချိန်မှာ ငွေကြေးကစားသူက သူဆီကငွေ ရောင်းထုက်ပြီး ကမ်းခြေမှာ သွားနှပ်နေပြီ။ဈေးကွက်မှာက တက်ဈေးဖြစ်တုန်း။နောက်တော့ ဝယ်သူနည်ချိန်မှာ တချို့က ငွေတွေ အများကြီး ပိုက်ဘောမိရော။ဥပမာ ပြောရရင် ရန်ကုန်မြို့သစ်စီမံကိန်းလိုပဲ အမြတ်ရမယ် ထင်ပြီး ဝယ်သူတွေ လက်ထဲမှာ ငွေတွေ အများကြီးရောက်ရော။ နေ က်တော့ တက်ဈေးက တန့်သွားတယ်။ နောက်ပိုင်းတော့ ဒုန်းဒုန်း ဆို ဈေးပြုက်ကျပေါ့။ ကျတာကလည်း အလုအယက်ပြန်ထိုးရောင်းကြလို့ပါ။ တချို့ကလည်း ညဏ်ရှိတလို ဝယ်ကြ ရောင်းကြပေါ့။ ဒါဟာ ဈေးကစားတာပါ။ ဈေးကစားတဲ့အခါ ကစားသူဟာ ငွေတွေ အများကြီး ထုက်သုံးလေ့ရှိပါတယ်။ ဒီနည်းတွေက အရင် အစိုးရလက်ထက်က စီးပွားရေးလုပ်ပိုင်ခွင့် နည်းတော့ ဒီလိုကစားကြတာပါ။ ဒါမျိုးကစားတာကို အီမ်ခြံမြေ၊ရွှေ နဲ ကားမှာလည်း လုပ်ကြပါတယ်။ အရင်က ကားဆိုတာလည်း တက်ဈေးဗျ။ လက်ထဲရောက်လေ ဈေးတက်လေပဲ။ အခုမှသာ။
ငွေကြေးကစားတဲ့အထဲမှာ တရုက်ကလည်း ဝင်ကစားပါတယ်။ သူတို့လည်း ငွေဈေးကွက်ထဲ လာရောက် ကစားကြတာပါ။ ကျောက်မြတ်တွေကလည်း သူတို့ကိုပဲ ရောင်းနေရတာဆိုတော့ ဈေးဝင်ကစားကြတာပါပဲ။ မြန်မာပြည်မှာ အလုပ်အဖြစ်ဆုံး ငွေတွေက ဒေါ်လာ၊ထိုင်းဘက်၊ တရုက် ယွမ် နဲ မလေးရန်းဂစ် တွေပါ။သူတို့ကပဲ ဦးဆောင်နေတာပါ။ နောက်ပြီးတော့ ငွေဈေးအတက်အကျက ပြည်တွင်းသတင်းအခြေအနေတွေပေါ်မှာ ကြည့်ပြီး အတက်အကျ ရှိပါတယ်။ နိင်ငံရေးအခြေအနေမကောင်းတာတွေ ဖြစ်ရင်လည်း ဈေးအတက်အကျတွေ ဖြစ်လေ့ ရှိပါတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေကလည်း အစီုးရရဲ့ တရားဝင် ငွေလဲနူန်းက ခြောက်ကျပ် မို့ အပြင်မှာပဲ လဲကြတလို အစီုးရဌာနတွေကလည်း ပြင်ပငွေလဲဈေးကွက်နဲပဲ အလုပ်ဖြစ်နေကြတာပါ။ သိရတလောက် ကြားဖူးတလောက် က အရင်အစီုးရလက်ထက်က ပြင်ပငွေလဲနူန်း ပေါက်ဈေးဖွင့်ပေးသူက အစီုးရထဲက အာဏာအမြင့်ဆုံးရှိသူတစ်ဦး ရဲ့ ပီအေ လိုပြောကြပါတယ်။ သူလုပ်ခဲ့တဲ့ ကိစ္စကို ထောက်လှမ်းရေးက သိသွားလို့ သူကိုယ်သူ အဆုံးစီရင်ခဲ့တလို သူ့အရာရှိကြီးကလည်း ဒီစိက်နဲ အရက်ချည်း ဖိသောက်လာခဲ့တာ လို့ ဆိုပါတယ်။ ဆရာတပည့်သံယောစဉ် ပေါ့။ ဟုက်သည် ဖြစ်ဖြစ် မဟုက်သည်ဖြစ်ဖြစ် ပြင်ပငွေလဲဈေးနူန်းအတက်အကျတွေဟာ အစီုးရအတွင်းသတင်းက အထူးအရေးပါတာမို့ အစိုးရဝန်ထမ်းများ ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြမှာ မလွဲသွေပါပဲ။ သတင်းဦး တခုဟာ ချက်ချင်း ဘီလီယံနာ တစ်ဦးအဖြစ် ရောက်ရှိသွားစေန်င်ပါတယ်။ 
အခုတော့ ငွေလဲဈေးနူန်းတွေကို ဗဟိုဘဏ်က သက်မှတ်လေ့ရှိပြီး ဘဏ်က ငါးကျပ်လောက်အကွာကနေ ကစားပြီး ပြင်ပ ငွေလဲဈေးကွက်က ဆယ်ကျပ်ဝန်းကျင်လောက်မှာ ကစားပါတယ်။ လက်ရှိ မတ်လအတွင်း ဗဟိုဘဏ် သက်မှတ်နူန်းထား နဲ ပြင်ပပေါက်ဈေးဟာ အတော်ကို ကွာနေပါတယ်။ ဗဟိုဘဏ်ဟာ ကျပ်ငွေ ကို လေးလလောက် တည်ငြိမ်အောင် ထိန်းထားနိင်ခဲ့ဖူးပါတယ်။ ဘဏ်တွေကိုလည်း ငွေဈေး အမြင့် မရောက်အောင် ဖိအားမကြာခဏ ပေးလေ့ ရှိတာမို့ ဘဏ်တွေက ငွေကြေးကစားဖို့ အခွင့်နည်းပါတယ်။ ဒါတောင် ဘဏ်တစ်ခုက ပြီးခဲ့တဲ့နှစ်က ကစားလို့ အကျိုးအမြတ်များများ ရသွားတလို ဗဟိုဘဏ်ကလည်း ပြင်းပြင်း ထန်ထန် သတိပေးဖူးပါတယ်။ လက်ရှိ ငွေကြေးကစားနိင်သူတွေကတော့ ပြင်ပငွေလဲဈေးကွက်က အကောင်ကြီးကြီးတွေဖြစ်ပြီ အစီုးရဝန်ထမ်းတွေဆီက သတင်းဦးတွေ ရနိင့်လေ့ ရှိသူတွေသာ ဖြစ်ပါတယ်။ အများစုကတော့ လုပ်ငန်းရှင်တပိုင်း ကစားသူတပိုင်း ဖြစ်ပြီး စတော့ဆန်ဆန် ကစားကြသူတွေ သက်ငယ်အကျိုးဆောင်တွေက ဆိုပါတယ်။ သူတို့ဟာ ဘာလို့ကစားလည်း လို့ စီးပွားရေးလုပ်ငန်း လုပ်ကိုင့်ခွင့်နည်းပါးတာရယ် အကျိုးအမြတ်တွက် စတော့ဆန်ဆန် ကစားတာရယ်နဲ အလွယ်တကူ ရရှိနိင်တဲ့ သတင်းအချက်အလတ်တွေကို ကြည့်ပြီး ဝင်လုပ်နေကြတာပါ။ နောက်တချက် အိမ်ခြံမြေဈေးကွက်က အခြေအနေမဟန်တော့တာရယ် ကြောင့် ငွေဈေးကွက်ကို ပြောင်းဆော့ကြတယ် လို့ ယူဆမိပါကြောင်း. . .

မောင်ချင်း
Economice Journalist
12.3.2015

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး