ဝယ်လိုအားတိုးနေတဲ့ သုံးလုံး၊နှစ်လုံးဈေးကွက်

 

_______________________________


ဒီနေ့ ထီထွက်တာရယ်၊ချဲ ထွက်တာရယ်ကြောင့် တွေးစရာ ရသွားတယ်။ တလောက ၂၀၂၁ ခုနှစ် ဇူလိုင်လ ထီရောင်းအားသည် ဇန်နဝါရီလရောင်းအားထက် (၃၂)ဘီလီယံ ကျဆင်းခဲ့တယ် လို့ BETV သတင်းဌာနက ဖော်ပြထားတာ ဖတ်လိုက်ရတယ်။


ဆိုတော့ ထီရောင်းချမှုကနေ လစဉ် ရရှိမယ့် ကျပ်(၃၂)ဘီလီယံခန့် မရတော့တဲ့အတွက် အစီုးရဝင်ငွေ ပျမ်းမျ(၁၆)ဘီလီယံ နစ်နာနေတဲ့ သဘောပဲ။


ဘာကြောင့်ဆို ထီသဘောက ရငွေရဲ့ ထက်ဝတ်ခန့်ကို ဆုကြေးအဖြစ် ပြန်ပေးလို့ပါ။


ဒီနေ့ ထီဆုကလည်း အမြင့်ဆုံး ဆုကြေး သိန်း(၅၀၀၀)ပဲ ပေးနိုင်တော့တယ်။ ထီပေါက်စဉ်မှာတောင် ရောင်းအားကျလို့လား မသိ တစ်ဦးတည်းကပဲ ကျပ်သိန်း(၅၀၀၀)၊ကျပ်သိန်း(၂၀၀)၊ကျပ်သိန်း(၁၀၀) သုံးဆု ပေါက်တယ်။ နေပြည်တော်ကတဲ့။


တက်ထားတဲ့ သတင်းအချို့မှာလည်း ထီကိုယ်စလှယ်တွေ အရောင်းမဖြစ်တော့လို့ ဆိုင်ပြောင်းဖွင့်တာ၊မရောင်းပဲ ရပ်နားတာတွေ ရှိလာတယ် လို့ ဆိုတယ်။


ဆိုတော့ ထီရောင်းအားကျဆင်းမှုက ဘယ်အပေါ် ဝယ်လိုအား တိုးစေလဲ ဆိုရင် နှစ်လုံး၊သုံးလုံးအပေါ် ထိုးအား မြင့်တက်လာစေတယ်။

အစောပိုင်းလတွေတုန်းက ထိုင်းထီ၊စလုံးထီတွေ ခောတ်ထပေမယ့် ပေါက်အားနည်းတာရယ်၊ဈေးကြီးတာရယ်ကြောင့် နောက်ပိုင်း ထိုးသူလျော့ကျသွားတယ်။


‌ပြည်သူတွေ ငွေသုံးစရာမရှိတာလည်း ဖြစ်နိုင်တာပေါ့လေ။


ဆိုတော့ ထီဝင်ငွေကျဆင်းမှုက တလကို ကျပ်(၃၂)ဘီလီယံ ရှိနေတယ်။ အဲထဲက အချို့သည် နှစ်လုံးထီနဲ့ သုံးလုံးသမားတွေဆီ ရောက်လာတယ်လို့တောင် ဆိုနိုင်တယ်။


လူတန်းစားမရွှေးထိုးနိုင်တဲ့ အခြေအနေဖြစ်လာသလို အနည်းဆုံး ကျပ် (၅၀၀)လောက်ကနေ လောင်းကြေး တိုးမြင့်လို့ ရနေတယ်။

နှစ်လုံးဆိုရင် ကဏန်းပေါင်း (၁၀၀)ထဲကပဲ ထွက်တာ။


သုံးလုံးဆိုရင် ကဏန်းပေါင်း(၁၀၀၀)ပေါ့။

ဒါက ချဲထက် ပိုပေါက်နိုင်ခြေများတယ် လို့ ယေဘုယျတွက်နိုင်သလို အတိက်၊နမိက်ကောက်တက်တဲ့ ဒီနိုင်ငံမှာ အကောင်းဆုံးဖြစ်နေတယ်။


ကျပ်(၅၀၀)လောက်က စတာမို့ အိမ်စရိက်ကို မထိခိုက်ဖူး ဆိုပြီး ထိုးကြသူ များတယ်။

အမှန်တော့ နှစ်လုံး၊သုံးလုံးကြောင့် အိမ်တိုင်ချွက်ရသူတွေ၊ဘဝပျက်သူတွေ မနည်းလှပေမယ့် ထီထက် ငွေကြေးကုန်ကျမှု နည်းတာကြောင့် လူကြိုက်များနေဆဲပဲ။


မအလအုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ထီမထိုးရေးလှုံဆော်မှုနဲ့အတူ လူတွေအများစု ချဲ၊နှစ်လုံးဘက်ကို အာရုံပိုရလာကြတယ်။ ငွေကြေးပမာဏနည်းနည်းနဲ့ ထိုးနိုင်တာမို့ ဒီလောင်းကစားလုပ်ငန်းက ခေါင်းထောင်လာတာ ပိုမြန်လာတယ်။

နဂိုကတည်းကလည်း နယ်တွေမှာ ပစားပေးပြီးစနစ်နဲ့မို့ အလုပ်ဖြစ်နေတာပါ။

အခုနောက်ပိုင်း ပိုအလုပ်ဖြစ်လာတယ်။


ထီမရောင်းရလို့ ဆုံးရှုံးရတဲ့ တစ်လကျပ်(၃၂)ဘီလီယံထဲက အနည်းဆုံး (၅)ဘီလီယံလောက်သည် နှစ်လုံး၊သုံးလုံးလောကထဲ ဝင်ရောက်နေတယ် လို့ ခန့်မှန်းရပါတယ်။


နှစ်လုံး ဆို တစ်နေ့ နှစ်ကြိမ်ထွက်တယ်။

ချဲကတော့ တလကို နှစ်ခါ ထွက်တော့ ထိုးရလွယ်တယ်။ ကိုယ်တွေတောင် ချဲတော့ ရှေ့လလယ်လောက်က ထိုးပါသေးတယ်။


ဆိုတော့ အာဏာသိမ်းပြီးနောက်ပိုင်း တလကို အနည်းဆုံး ကျပ်(၅)ဘီလီလောက် ဝင်နေတယ် ယူဆတယ်။နဂိုကလည်း အနည်းဆုံး ချဲ၊နှစ်လုံးလုပ်ငန်းထဲ ကျပ်(၇)ဘီလီယံလောက်ထိ ရှိတယ် ခန့်မှန်းတာပဲ။ 


စာရင်းအတိအကျတော့ မရှိပါ။ 

သို့သော် နိုင်ငံလူဦးရေ(၅၄)သန်းအနက် (၇၀)ရာခိုင်နှုန်းသည် ကျေးလတ်မှာပါ။

ချဲရောင်းအား အများစုသည် ကျေးလတ်ဒေသကို မှီခိုပြီး နှစ်လုံးထီကတော့ မြို့ပေါ်၊ဆင်ခြေဖုံးရပ်ကွက်အများစုကို လွမ်းမိုးထားတာ တွေ့ရတယ်။


ထီကတော့ မြို့ပေါ်နေ လူတန်းစားကို အဓိက မှီခိုထားတာပါ။


ဆိုတော့ ချဲ ကို လူတစ်ဦးချင်း ထိုးအားသည် ပျမ်းမျှ (၁၀၀၀)မှ (၃၀၀၀)ကြားပါ။

ချဲကို လူတစ်ဦးက အနည်းဆုံး ကဏန်း (၂)လုံးကနေ (၃)လုံးအထိ ထိုးတက်ပါတယ်။


ထီထိုးအားကတော့ ပျမ်းမျ တစ်ဦးချင်း ကျပ်(၃၅၀၀)ကနေ ကျပ်(၁၅၀၀၀)ပါ။

ထီကို လူတစ်ဦးက ပျမ်းမျ အနည်းဆုံး (၃)စောင်ကနေ အများဆုံး (၁၀)စောင်အထိ ထိုးပါတယ်။


သို့သော် ထီထိုးအားထက် ချဲထိုးအားက ပိုပြီး များတာ တွေ့ရပါမယ်။ 

ထိုးရ လွယ်ကူခြင်း၊ 

လူအများအပြား ထိုးလေ့ရှိခြင်း၊

ဝင်ငွေနှင့် နှိုင်းလျှင် ကာမိတက်ခြင်း၊ အခြေခံမိသားစုများတွက် အားကိုးရာ နွယ်ကဲ့သို့ ဖြစ်နေခြင်း၊ 

ချဲပေါက်သည်မှာ မိမိနေထိုင်ရာ ရပ်ကွက်၊ဝန်းကျင်အတွင်း ဂုဏ်ယူစရာ ဖြစ်ခြင်း တို့ကြောင့် လူကြိုက်ပိုများတယ်။


ဒါကြောင့် ထိုးသူဦးရေ ပိုတက်လာတာတွေ့ရတယ်။ ကိုယ်တိုင်လည်း ထိုးပါတယ်။


ဆိုတော့ ချဲဒိုင်တွေရဲ့ ဝင်ငွေက တလတလကို အနည်းဆုံး ကျပ်(၁၀)ဘီလီယံအထက် ရှိနိုင်တယ်။

ပေါက်ကြေးကလည်း အဆ(၅၀) ထင်တယ်။ ဒီပမာဏက ကဏန် တခုတည်းတွက်ပဲ ဖြစ်ပြီး ကဏန်း(၁၀၀၀)မှာ ကဏန်းပေါင်း(၉၉၉)လုံးကို ဒိုင်စားပါတယ်။

ဆိုတော့ ချဲဒိုင်တွေ အမြတ်ကြမ်းတာ တွေ့ရတယ်။ တချို့ကလည်း အစုလိုက်အပြုံလိုက် ပေါက်ကြလို့ ဒိုင်ပြေးတဲ့ သတင်းတွေက ငယ်စဉ်ကတည်းက ကြားဖူးတယ်။ သို့သော် သိမှတ်မိသလောက် ဒိုင်ချုပ်ကြီးတွေက တခါမှ ဆင်းရဲတာ၊မလျော်နိုင်လို့ ပြေးတာမျိုးတော့ မတွေ့ဖူးသေးပဲ ပိုချမ်းသာလာကြတာတေ့ာ အတိုင်းသား မြင်ရတယ်။


တစ်လကို ကျပ်(၁၀)ဘီလီယံနဲ့ အထက် ဆိုပေမယ့် တစ်ဦးတည်းက ရတာမျိုး မဟုက်ပဲ တနိုင်ငံလုံးမှာ ရှိတဲ့ ဒိုင်တွေက ခွဲဝေယူတာပါ။


ထိုင်းထီကို အခြေခံပြီး (၁၅)ရက်တခါ ထွက်လေ့ရှိတဲ့ ချဲ ရောင်းအားက မြန်မာမှာ ဝင်ငွေအတော်ကောင်းတဲ့ လုပ်ငန်းတခုပဲ။


တရားမဝင်လောင်းကစားလုပ်ငန်းဖြစ်တာမို့ အခွန်ဆောင်စရာမလိုပေမယ့် ရဲတွေနဲ့တော့ မကင်းလှတဲ့ လုပ်ငန်းပါပဲ။  


ဒီ(၆)လအတွင်းမှာ အတိုးတက်ဆုံး စီးပွားရေးလုပ်ငန်းပြပါဆိုရင် ချဲ နဲ့ နှစ်လုံးထီကိုပဲ လက်ညိုးထိုးပြရမှာပဲ။


ကဲ ရှေ့လာမယ့် (၁၆)ရက်နေ့ ထွက်မယ့် ကဏန်း မကြပါအုန်း။


မောင်ချင်း

၁.၈.၂၀၂၁

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး