မြန်မာနိင်ငံ ဘဏ်သမိုင်းအကြောင်း(၁၉၁၃-၁၉၆၃)
၁၉၆၃ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှာ တော်လှန်ရေးကောင်စီအစီုးရက
အမျီုးသားပိုင်ဘဏ်(၁၀)ခု နဲနိင်ငံခြားဘဏ်(၁၄)ခု အား နိင်ငံပိုင်ပြုလုပ်ခဲ့ပါတယ်။
အဲဒီဘဏ်တွေကို
ပြည်သူ့ဘဏ်အဖြစ်ပြောင်းလဲလိုက်တဲ့အပြင် ဘဏ်အမည်ဟောင်းတွေကိုပါ ဖျက်သိမ်းခဲ့ပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်ရှိ
နိင်ငံခြားဘဏ်(၁၄)ခု
အမည်သစ်
အမည်ဟောင်း
ပြည်သူဘဏ်(၁) အိန္ဒိယဗဟိုဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၂) ချာတာဘဏ်လိမီတက်
ပြည်သူ့ဘဏ်(၃) ဟာဘစ်ဘဏ်
နိင်ငံရပ်ခြားလီမီတက်
ပြည်သူ့ဘဏ်(၄) အိန္ဒိယနိင်ငံရပ်ခြားဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၅)
မာကင်တိုင် နိင်ငံရပ်ခြားဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၆) ယူနိက်တက်ကော်မရှယ်ဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၇) ပန်ဂျပ်နေရှင်နယ်ဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၈)
အိန္ဒိယနိင်ငံတော်ဘဏ်
ပြည်သူ့ဘဏ်(၉) ဟောင်ကောင်နှင့်ရှန်ဟဲဘဏ်လုပ်ငန်းကော်ပရေးရှင်
ပြည်သူ့ဘဏ်(၁၀) နေရှင်နယ်နှင့်
ဂရင်းလေးဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၁၁)
ဆက်သွယ်ရေးဘဏ်
ပြည်သူ့ဘဏ်(၁၂) တရုက်ပြည့်သူဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၁၃) နယ်သာလန်ထရေးဒင်းဘဏ်
ပြည်သူ့ဘဏ်(၁၄) နိင်ငံရပ်ခြား တရုပ်ဘဏ်လုပ်ငန်းလီမိတက်
+++++++++++++++++++++++++++++++++++++++++++++++++++++
အမျီုးသားဘဏ်များ
ပြည်သူ့ဘဏ်(၁၅) အင်းဝဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၁၆) ထုက်ကုန်၊သွင်းကုန်ဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၁၇) ပြည်ထောင်စုမြန်မာနိင်ငံသမ၀ါယမဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၁၈) ရန်ကုန်ဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၁၉) ဗမာပြည်သူ့ဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၂၀) မြန်မာနိင်ငံအရှေ့ပိုင်းဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၂၁) မြန်မာ့စီးပွားရေးဘဏ်လီမိတက်
ပြည်သူ့ဘဏ်(၂၂) မြန်မာနိင်ငံဗဟိုဘဏ်ကူးသန်းရောင်းဝယ်ရေးဘဏ်လီမိတက်
+++++++++++++++++++++++++++++++++++++++++++++++++++++
နယ်ရှိဘဏ်များ
+++++++++++++++++++++++++++++++++++++++++++++++++++++
ပြည်သူ့ဘဏ်(၂၃) ထားဝယ်ဘဏ်လီမီတက်၊ထားဝယ်မြို့
ပြည်သူ့ဘဏ်(၂၄) အထက်မြန်မာနိင်ငံဘဏ်လီမိတက်၊ပြင်ဦးလွင်
ပြည်သူ့ဘဏ်(၂၅) အင်းဝဘဏ်ခွဲ၊မန္တလေးမြို့
ပြည်သူ့ဘဏ်(၂၆) ဗမာပြည့်သူ့ဘဏ်ခွဲ(မန္တလေး)
ပြည်သူ့ဘဏ်(၂၇) ယူနိက်တက် ကော်မရှယ်ဘဏ်ခွဲ(မန္တလေး)
ပြည်သူ့ဘဏ်(၂၈) အင်းဝဘဏ်ခွဲ(တောင်ကြီး)
ပြည်သူ့ဘဏ်(၂၉) မြန်မာနိင်ငံဗဟိုကူးသန်းရောင်းဝယ်ရေးဘဏ်ခွဲ(တောင်ကြီး)
ပြည်သူ့ဘဏ်(၃၀) မြန်မာနိင်ငံဗဟိုကူးသန်းရောင်းဝယ်ရေးဘဏ်ခွဲ(မော်လမြိုင်)
ပြည်သူ့ဘဏ်(၃၁) ယူနိက်တက်ကော်မရှယ်ဘဏ်(မော်လမြိုင်)
+++++++++++++++++++++++++++++++++++++++++++++++++++++
၁၉၆၂ ခုနှစ်ကုန်ဆုံးချိန်ထိ မြန်မာနိင်ငံအမျီုးသားဘဏ်များတွင်
မတည်ရင်းနှိးငွေ(၁.၁၃)ကုဋေခန့် ရှိပြီး အပ်ငွေမှာ(၁၉.၂၉)ကုဋေ အထိရှိခဲ့ကာ ချေးငွေပေါင်း(၁၆.၁၈)ကုဋေ
ခန့် ချေးပေးနိင်ခဲ့သည်။
နိင်ငံခြားသားပိုင်ဘဏ်များအနေနှင့် မတည်ရင်နှီးငွေ ကျပ်(၁.၃၃)ကုဋေ
ခန့်ရှိပြီး အပ်ငွေမှာ (၄၄.၄၁)ကုဋေ အထိ ရှိကာ ချေးငွေမှာ (၃၅.၃၂)ကုဋေ အထိရှိခဲ့သည်။
ထိုလောက်များပြားသော ပြည့်သူ့ငွေများကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်
ဆက်လတ်ထားရှိရန် မသင့် ဟု သုံးသပ်ပြီး တော်လှန်ရေးကောင်စီ အစိုးရသည် ဘဏ်များကို ပြည်သူပိုင်
သိမ်းခဲ့သည်။
+++++++++++++++++++++++++++++++++++++++++++++++++++++
ဗြိတိသျှတို့သည် မြန်မာနိင်ငံအပါအ၀င် အိန္ဒိယအတွက် ၁၉၁၃ခုနှစ်က
ပြဋ္ဌာန်းခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ခဲ့သည်။
ဒတိယကမ္ဘာစစ်ကြီး ဖြစ်လုဆဲကာလ ၁၉၄၁ခုနှစ် ဇွန်လ(၃၀)ရက်နေ့တွင်
မြန်မာနိင်ငံတွင် နိင်ငံခြားရင်းနှီးမြုပ်နှံမူဘဏ်(၁၈)ခုကို ဖွဲ့စည်းခဲ့သည်။ မြန်မာလူမျိုး
ပိုင်ဆိုင်သော ဘဏ်ကို ၁၉၂၄-၂၆ ခုနှစ်တွင် တည်ထောင်ခဲ့သော ဦးရဲကျော်သူကုပ္မဏီလီမိတက်နှင့်
မြန်မာပြည် ဗုဓ္ဒဘာသာ မီဘမဲ့အသင်းဘဏ် ဟု၍ နှစ်မျီုးသာ ရှိခဲ့သည်။ယင်းနောက် လယ်ယာလုပ်ငန်းငွေချေးကုပ္မဏီ
တခုမှ ဒေါ်ဆင်ဘဏ်လီမီတက်ကို ၁၉၂၁ ခုနှစ်တွင် ဖွဲ့စည်းလိုက်သည်။
ဂျပန်ခတ်တွင် Yokohama speci Bank ၊Bank of Chettinand
နှင့် The Azad Hind Bank တို့ကို ဖွင့်လစ်ခဲ့ပြီး ၁၉၄၂ခုနှစ်တွင် Yokohama speci
Bank ကို ရန်ကုန်တွင် ဖွင့်လစ်ခဲ့ပြီး မန္တလေး၊မော်လမြိုင်၊ပုသိမ်၊တောင်ကြီး၊ထားဝယ်၊မြိက်၊မြင်းခြံ၊ပြင်ဦးလွင်
ခေါ် မေမြို့၊လားရှိုး ၊ပြည်နှင့် တောင်ငူတို့တွင် ဖွင့်လစ်ခဲ့သည်။
စစ်ပြီးခတ်ရောက်သောအခါမှ မြန်မာတိုင်းရင်းသားပိုင်ဘဏ်(၁၁)ခုကို
ဖွင့်လစ်ခဲ့ကာ ပြည်ထောင်စုမြန်မာနိင်ငံတော်ဘဏ်ကို ၁၉၄၇ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲစည်းနိင်ခဲ့သည်။
သို့သော် ဗဟိုဘဏ်အား ငွေစက္ကူထုက်ဝေခွင့် အာဏာ မပေးအပ်ခဲ့သောကြောင့်
ငွေစက္ကူ ၇ိုက်နှိပ်ခွင့် မရခဲ့ချေ။၁၉၄၇ခုနှစ် အက်ဥပဒေအရ ဖွဲ့စည်းလိုက်သော ပြည်ထောင်စု
မြန်မာနိင်ငံတော်ဘဏ်သည် ဘဏ်အသွင်ကို မဆောင်ခဲ့သော်လည်း ၁၉၅၂ခုနှစ်တွင် ဥပဒေသစ်တစ်ရပ်
ပြဋ္ဌာန်းကာ ပြန်လည်ဖွဲ့စည်းလိုက်ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် အတည်ပြုခဲ့သည်။ထိုအချိန်မှ
စကာ ဘဏ်အနေနှင့် ငွေကြေးငှနမှ ငွေစက္ကူထုက်ဝေခွင့်
အာဏာကို ရရှိခဲ့သည်။
copy:: the future
Comments
Post a Comment