အီမ်ခြံမြေတပေပါတ်လည် ဈေးနူန်းထုက်ပြန်ချက် ဈေးကွက်အပေါ် အကျိုးသက်ရောက်မူ မရှိ
ချင်းလေး
ရန်ကုန်၊အောက်တိုဘာ(၁၀)ရက်

မြန်မာ့ အိမ်ခြံမြေဈေးမှာ အမြင့်ဆုံးဈေးနူန်းအထိ မြင့်တက်ခဲ့ပြီ ဖြစ်ရာ ပြည်တွင်းအခွန်ဦးစီးငှနမှ အီမ်ခြံမြေဈေးနူန်း သက်မှတ်ရွှေးချယ်ရေး အဖွဲ့မှ ထုက်ပြန်သော ဒုတိယအကြီမ် ရန်ကုန်အီမ်ခြံမြေ တပေပါတ်လည်ဈေးနူန်း သက်မှတ်ချက်မှာ အကျိုးသက်ရောက်မူ မရှိကြောင်း ရန်ကုန်အခြေစိုက် အီမ်ခြံမြေ အကျိုးဆောင်တို့က ပြောကြားသည်။

လက်ရှိဈေးနူန်းတွေက အတော်ကို မြင့်နေပါပြီ။အစီုးရရဲ့ အီမ်ခြံမြေဈေး ထုက်ပြန်ချက်တွေက အကျိုးသက်ရောက်မူ သိပ်မရှိနိင်ဘူး။ပိုပြီး မြင့်တက်လာစရာလည်း မရှိတလို ဒီတပေပါတ်လည် ဈေးနူန်းဘက်ကိုလည်း အာရုံစိုက်နိင်ကြမှာ မဟုက်ဘူး ဟု Phounix land အီမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ ဒေါ်မြတ်မိုးမိုးက ပြောကြားသည်။

လက်ရှိအီမ်ခြံမြေဈေးသက်မှတ်ရာတွင် ယခင် ၂၀၁၃ခုနှစ် သက်မှတ်ချက်ထက် (၂၀)ရာခိုင်နူန်း မြင့်တက်လာခဲ့ပြီး အမြင့်ဆုံးဈေးနူန်းတို့မှာ တပေပါတ်လည် (၄)သိန်းကျော် ထိရှိနေသော်လည်း  အမြင့်ဆုံးဈေးနူန်းထိရောက်ရှိနေသော အိမ်ခြံမြေဈေးနူန်းကြောင့် အရောင်းအ၀ယ်အေးစက်နေခဲ့ကာ  အများစုမှာ အရူံးခံရောင်းချလိုခြင်း မရှိပဲ ဆက်လတ်တင်းခံနေကြကာ နိင်ငံခြားသားရင်းနှီးမြုပ်နှံမူကို စောင့်ကြည့်နေလျက်ရှိနေကြောင်း ရန်ကုန်အခြေစိုက် အီမ်ခြံမြေအကျိုးဆောင်တို့က ဆိုသည်။

သီတင်းကျွှက်ကာလဆိုတော့ အပြောင်းအရွှေ့တွေရယ်နဲ အငှားဈေးကွက်ပဲ ရှိနေအုန်းမှာပါ။အခုက နိင်ငံခြားသား အငှားတွေ ပိုကောင်းနေပါတယ်။အရောင်းအ၀ယ်ထက် အငှားက ပိုဈေးသွက်နေတယ် ဟု ဒေါ်မြတ်မိုးမိုး က ဆိုသည်။

ပြီးခဲ့သည့် လက ၇ပ်တန့်ပစ်ခဲ့သည့် ရန်ကုန်မြို့သစ် စီမံကိန်းကြောင့်လည်း အချို့ ထိခိုက်နစ်နာမူ ရှိနေတလို ယင်းစီမံကိန်းသာ အကောင်အထည်ဖော်ဖြစ်ခဲ့ပါက ရန်ကုန်အိမ်ခြံမြေဈေး အထိုက်အလျောက် ကျဆင်းနိင်ခြေ ရှိကြောင်း ရွှေဥဒေါင်းအိမ်ခြံမြေမှ အကျိုးဆောင် ဒေါ်သင်းသင်းဆွေ က ဆိုသည်။
အခုက မြို့တွင်းဘက်ကို စုလာနေတာမျီုး မဟုက်ပဲ မြို့ပြင်ဘက်ကို ချဲနေတာပါ။စီမံကိန်းတွေတော့ ရှိနေအုန်းမှာပါ။အခွန်ကိစ္စတွေလည်း ရှိပါသေးတယ်။အားလုံးက ၂၀၁၅ ခုနှစ်ကိုပဲ စောင့်ကြည့်နေကြတာ ဟု အီမ်ခြံမြေအကျိုးဆောင် ဦးခင်မောင်အေးက ဆိုသည်။

အစီုးရ အနေနှင့် ထုက်ပြန်ခဲ့သော ရန်ကုန်အိမ်ခြံမြေဈေးနူန်းများမှာ ယမန်နှစ်ကထက် ပိုတိုးမြင့်လာခဲ့သော်လည်း လက်ရှိ အိမ်ခြံမြေဈေးနူန်းမှာ ရှိသင့်သည့်ထက် ပိုမို့ တိုးမြင့်နေပြီး ဖြစ်ရာ ယင်းအိမ်ခြံမြေဈေးလျော့ချရန်အတွက် စီမံကိန်းများအပြင် တန်ဖိုးနည်းအဆောက်အအုံများကိုပါ တည်ဆောက်ရန် ဆောင်ရွှက်သင့်သည်ဟု အကျိုးဆောင်တို့က ဆိုသည်။

လူဦးရေ(၅)သန်းကျော် ရှိလာသော ရန်ကုန်မြို့တော်တွင် (၇၉၅)စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြို့ကွက်တည်ဆောက်ပြီးသော ဧရိယာမှာ(၄၃၂.၈၄)စတုရန်ကီလိုမီတာ ရှိသေးပြီး တည်ဆောက်ခြင်း မပြုရသေးသည့် ဧရိယာမှာ (၃၆၂.၂၆)စတုရန်ကီလိုမီတာ နှင့် ထပ်မံတိုးချဲနိင်သည့် ဧရိယာမှာ (၂၆၉.၇) စတုရန်ကီလိုမီတာ ရှိနေရာ ရန်ကုန်မြို့ဧရိယာ၏ ထက်ဝတ်ကျော် မှာ ကွက်လပ်အဖြစ် ကျန်ရှိနေသေးသည်။



Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး