ပဲအရှုပ်အရှင်းများဖြစ်လာလျှင် တရာဥပဒေနှင့် အရေးယူတော့မည်




Htun htun
ရန်ကုန်၊နိဝင်ဘာ(၂၂)


မကြာခဏ အရှုပ်အရှင်းပြသာနာများဖြစ်ပွားနေသော ပဲအရောင်းအ၀ယ်ဈေးကွက်တွင် ပဲရာသီသစ်ပေါ်ချိန်တွင် ထပ်မံဖြစ်ပွားလာပါက ပဲနှမ်းအသင်းမှ ဖြေရှင်း မပေးနိင်လျင် အစီုးရမှ တရားဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ကုန်သွယ်မူတိုးမြင့်ရေး ဦးစီးဌာနမှ ညွန်းကြားရေးမူးချူပ်ဖြစ်သူ ဦးတိုးအောင်မြင့်က ပြောကြားလိုက်သည်။

ပဲအရှုပ်အရှင်းပြသာနာတွေ ဖြစ်လာတဲ့အခါ အောက်က တောင်သူတွေထိပါ အထိနာလာခဲ့တယ်။နောက်ပိုင်း ရန်ကုန်တင်မက အခြားနယ်တွေကိုပါ ပြန့်နှံလာတယ်။နောက်ပိုင်း ပြသာနာတွေ ထပ်ဖြစ်လာရင် အသင်းကုန်စည်ဒိုင်မှာ ဖြေရှင်းပါ။မရတော့ တရားဥပဒေအရ အရေးယူတော့မယ်။ဥပဒေလည်း ရှိပြီးသားပါ ဟု ၎င်း က ပြောကြားခဲ့သည်။

စိုက်ပျိုးရေးဈေးကွက်တွင် ဆန်ပြီးလျင် အထွက်များဆုံး၊ပြည်ပတင်ပို့မူ အများဆုံး ဖြစ်သည့် ပဲဈေးကွက်မှာ လေရောင်းလေ၀ယ် ခေါ် ကြိုပွင့် ဈေးကစားမူတို့ကြောင့် ပဲလီမ်လည်မူ၊ထွက်ပြေးတိမ်ရှောင်မူတို့ကို နှစ်စဉ်ကြုံတွေ့နေရသည့်အတွက် ယခုအခါ ရောင်းသူ ၀ယ်သူ အာမခံစနစ်ကို မြန်မာနိင်ငံသားများဘဏ်မှ တဆင့် ဆောင့်ရွှက်လျက် ရှိနေပြီး လေရောင်းလေ၀ယ် ကို တလ ကြာ လုပ်ခွင့် ပြုထားသည် ဟု လုပ်ငန်းရှင်တို့က ဆိုသည်။

၂၀၁၈ခုနှစ်က ဆိုလျင် အမေရိကန်ဒေါ်လာသန်း(၂၀၀)ကျော် အရှုပ်အရှင်း ဖြစ်ခဲ့ဖူးတလို၂၀၁၄ ခုနှစ်အတွင်းလည်း ၇န်ကုန်မြို့တွင်သုံးကြီမ်၊မန္တလေးတွင် တကြီမ် ဆက်တိုက် ဖြစ်ပွားနေသဖြင့် လေရောင်းလေ၀ယ်စနစ်ကို မဆောင်ရွှက်ကြရန် တိုက်တွန်းနေကြောင်း ရန်ကုန်တိုင်း ကုန်စည်ဒိုင်ဥက္ကဌ ဖြစ်သူ ဦအုန်းဆိုင်က ဆိုသည်။

လက်ရှိ အလားတူ ပြသာနာများ ဖြစ်ပေါ်လာခဲ့ပါက တရားဥပဒေအရ ဖြေရှင်းတော့မည်ဟု စီးပွားကူသန်းပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်ကလည်း ပြောကြားခဲ့ပြီး ဈေးကွက်အသစ်များ ရရှိ၇န်အတွက်ပါ ဆောင်ရွှက်ပေးမည် ဟု ဆိုခဲ့သည်။
ပဲအရှုပ်အရှင်း ပြသာနာ ဖြစ်လာပါက ကုန်စည်ဒိုင်အတွင်း ဖြေရှင်းကြရန် နှင့် နောက်ပိုင်း မရရှိမူသာ တရားဥပဒေအရ အရေးယူသွားမည် ဖြစ်ကာ ထိရောက်သည့် ပြစ်ဒါဏ်များကို ချမှတ်သွားမည် ဟု  ဦးတိုးအောင်မြင့်က ဆိုသည်။


မြန်မာနိင်ငံသည် ပဲစိုက်ပျိုးမူမှာ တန်ချိန်(၁.၅)သန်းခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားကြပြီး နှစ်စဉ် ပဲတန်ချိန်တစ်သန်းကျော် ပြည်ပ တင်ပို့နေရတလို အဓီက ၀ယ်ယူသည့် နိင်ငံမှာ အိန္ဒိယနိင်ငံ ဖြစ်သည်။

လက်ရှိ ရောင်းသူ ၀ယ်သူ နှစ်ဦးလုံး အာမခံငွေ(၁၀)ရာခိုင်နူန်း ဆောင်ရသည့် စနစ်ကို အကောင်အထည် ဖော် ဆောင်ရွှက်နေမူကြောင့် လေရောင်းလေ၀ယ် စနစ်လျော့နည်းသွားခဲ့ပြီး အရောင်းအ၀ယ်(၁၅)ခုအထိ ပြီးမြောက်လာနေပြီ ဖြစ်သည် ဟု ဦးအုန်းဆိုင်က ဆိုသည်။

ပြီးခဲသည့်လက ဖြစ်ပွားခဲ့သည့် ပဲအရှုပ်အရှင်းပြသာနာများကြောင့် ၀ယ်လိုအားကောင်း ဈေးနူန်းကောင်းမွန်ခဲ့ကာ ကျပ်(၇)သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိရာမှ ကျပ်(၆)သိန်းကျော်အထိ ကျဆင်းသွားခဲ့တလို အ၀ယ်မှာလည်း သိသာစွာလျော့နည်းသွားခဲ့တလို ဖြစ်ပွားခဲ့သည့် ပဲပြသာနာများကို ပဲနှမ်းအသင်းမှ တာဝန်ယူ ဖြေရှင်းပေးခဲ့ရသည်။


Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

#social punishment#Boycott