မြန်မာစီးပွားရေးလုပ်ငန်းများ ငွေကြေးအထောက်အပံရရှိနိင်မူမှာ အကြီးမားဆုံး အခတ်အခဲ ဖြစ်နေ




ထွန်းထွန်း
ရန်ကုန်၊နိဝင်ဘာ(၂၂)ရက်

ကမ္ဘာဘဏ်အနေနှင့်မန်မာစီးပွားရေးလုပ်ငန်းများလည်ပတ်နေမူကို ကွင်းဆင်းလေ့လာခဲ့ရာ လုပ်ငန်းများလည်ပတ်မူအတွက် ငွေကြေးအထောက်အပံရရှိနိင်မူမှာ အကြီးမားဆုံး အခတ်အခဲဖြစ်ပြီး ဘဏ်စာရင်းအကောင့် ထားရှိမူမှာလည်း ဒေသတွင်းနိင်ငံများတွင် အနှီမ့်ဆုံးစာရင်းဝင်နေကြောင်း ဆန်းစစ်လေ့လာမူ စစ်တမ်းတွင် ဖော်ပြခဲ့သည်။
မန်မာနိင်ငံ၏ စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုနိင်ရန်အတွက် အဆိုပါ လေ့လာဆန်းစစ်ချက်ကို ရန်ကုန်၊မန္တလေး၊တောင်ကြီး၊မုံရွှာ နှင့် ပဲခူးမြို့တို့ ရှိ လုပ်ငန်းပေါင်းတစ်ထောင်ကျော်ကို လေ့လာထားထားမူးတို့ အရ တွေ့ရှိခဲ့ရသည်ဟု ကမ္ဘာဘဏ်က ဆိုသည်။

ယခုလေ့လာမူအရ တွေ့ရှိချက်တွေဟာမန်မာနိင်ငံရဲ့ စီးပွားရေးကို ထင်ဟတ်စေရုံသာမက နိင်ငံအတွင်းမှာ ရှိတဲ့ စီးပွားရေးဝန်းကျင်နဲ စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရတဲ့ အခတ်အခဲကို လေ့လာရာမှာ အခြားနိင်ငံတွေနဲ ချိန်ထိုးလေ့လာသုံးသပ်နိင်ဖို့ အခွင့်အလှမ်းတွေ ရရှိမှာ ဖြစ်တယ်လို့ ကမ္ဘာဘဏ်ရဲ့ မြန်မာနိင်ငံဌာနေဆိုင်ရာ ကိုယ်စလှယ်ဖြစ်သူ Mr.အဗ္ဗဒူလာရေဆက်က ဆိုသည်။


ယင်းစစ်တမ်းအရ မြန်မာနိင်ငံ၏ ရင်းနှီးမြုပ်နှံမူဆိုင်ရာ ၀န်းကျင်တွင် အဓိကအနေဖြင့် ရင်ဆိုင်နေရသည် အခတ်အခဲများမှာ ငွေကြေးအထောက်အကူ ရရှိနိင်မူ၊မြေယာ၊လျပ်စစ်ဓါတ်အား နှင့် ကျွှမ်းကျင်လုပ်သား အစရှိသည့် ကဏ္ဍာများကို အစောတလျင် ပြုပြင်ပြောင်းလဲရန် လိုအပ်သည် ဟု ဆိုထားပြီး လုပ်ငန်းတစ်ထောင်ကျော်တို့အနတ် (၂၃)ရာခိုင်နူန်းမှာ ငွေကြေးထောက်ပံရရှိမူ အခတ်အခဲ၊လုပ်ငန်း(၅)ပုံတစ်ပုံခန့်က မြေယာကိစ္စ၊ထိုလုပ်ငန်းများ (၁၇)ရာခိုင်နူန်းနှင့် (၉)ရာခိုင်နူန်းတို့သည် လျပ်စစ်ဓါတ်အား ပြသာနာနှင့် ကျွှမ်းကျင်လုပ်သား ရှားပါးမူတို့ကို ၎င်းတို့၏ အဓီကကျသော အခတ်အခဲ ပြသာနာ ဖြစ်နေကြောင်း ဖော်ပြထားသည် ဟု ဆိုသည်။

ထိုအပြင် လုပ်ငန်းများ၏(၃၀)ရာခိုင်နူန်းခန့်ကသာ ဘဏ်အကောင့်စာရင်းကို ထားရှိကြသည်ကိုလည်း တွေ့ရှိခဲ့ရတလို ကြုံတွေနေရသည့် အခတ်အခဲ ပြသာနာများကို ဖြေရှင်းနိင်မှသာ မျတမူနှင့် ပွင့်လင်းမြင်သာမူ ရှိသည် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ပေါ်ထွန်းလာမည်ဖစ်ကာ ပုဂ္ဂလိက စီးပွားရေးအခန်းကဏ္ဍ တိုးတက်ပြီး အလုပ်အကိုင်အခွင့်အလှမ်းများ တိုးတက်လာမည်ဖစ်ကြောင်း လုပ်ငန်းရှင်တို့က ဆိုထားသည် ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၄ခုနှစ်စပိုင်းခန့်က ကောက်ယူလာခဲ့သော အဆိုပါမန်မာနိင်ငံ၏ ပုဂ္ဂလိစီးပွားရေးလုပ်ငန်းများ ကို မြင့်တင်နိင်ရန် ဆောင်ရွှက်သွားမည့် ကွင်းဆင့်လေ့လာမူ စစ်တမ်းကို ယူကေ၏ နိင်ငံတကာ ဖွံးဖြိုးရေးငှန ၏ ထောက်ပံမူနှင့် အမျီုးသားစီမံကိန်းနှင့် ဖွံးဖြိုးတိုးတက်ရေးဝန်ကြီးငှန ၏ အနီးကပ် ကူညီမူဖြင့် ဆောင်ရွှက်ခဲ့ရသည် ဟု ဆိုထားသည်။

လက်ရှိ ကွင်းဆင်းလေ့လာရာမှ ရရှိလာသော အချက်အလက်နှင့် Doing business အစီရင်ခံစာတို့ သည် လက်ရှိဆာင်ရွှက်နေသော စီးပွားရေးဝန်ကျင်ကောင်း တခုပေါ်ပေါက်ရန်အတွက်ဆာင်ရွှက်နေသည့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် အထောက်အကူ ပြုနိင်မည် ဖြစ်တလို မြန်မာနိင်ငံ၏ ရင်းနှီးမြုပ်နှံမူဆိုင်ရာ လေ့လာဆန်းစစ်မူ (Investment Climate Assessment) အသေးစိက်အစီရင်ခံစာကို လည်း ၂၀၁၅ခုနှစ်နှစ်ဦးပိုင်းတွင် ထုက်ဝေသွားရန် ရှိနေသည်ဟု ကမ္ဘာဘဏ်က ဆိုသည်။



Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

#social punishment#Boycott