မြန်မာနှင့် ချင်းဒေသရှိ ဆင်းရဲနွမ်းပါးမှု အခြေအနေများ

 

----------------------------

လက်ရှိကာလတွင် လူတစ်ဦးအနေနှင့် တစ်ရက်စားသုံးမှုတန်ဖိုးမှာ ကျပ်(၁၆၀၀)မပြည့်လျှင် ဆင်းရဲသည် ဟု သတ်မှတ်နိုင်သည်။


ထိုအတူ မြန်မာတွင် စိုက်ပျိုးရေးလုပ်လျှင် ဆင်းရဲသည် ဟု သတ်မှတ်နိုင်သည်။ ဆင်းရဲသူအများစုသည် စိုက်ပျိုးရေးကိုသာ လုပ်ကိုင်ကြသူများ ဖြစ်နေသည်။


၂၀၀၅ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသည် ဟု ဆိုနိုင်သော လူဦးရေအချိုးအစားသည် (၅၀)ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ်တွင် နိုင်ငံလူဦးရေ ထက်ဝက်ခန့်မှာ ဆင်းရဲသွားပြီ ဖြစ်သည်။


တနင်္သာရီတိုင်း၊မန္တလေး နှင့် ရန်ကုန်တိုင်းတို့နှင့် စာလျှင် ချင်းပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုသည် လေးဆ ပိုများနေသည်။


ထိုကြောင့် ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းသည် ဒေသတွင်းရှိ လူအများ ရွှေ့ပြောင်းထွက်ခွာမှု အများဆုံး ဖြစ်နေသည်။


၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုမျဉ်း‌အောက်ရောက်မှု သည် (၄၈.၂)ရာခိုင်နှုန်း ရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် (၂၄.၈)ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် လူဦးရေ(၁၈.၇)သန်း မှ ၂၀၁၇ ခုနှစ်တွင် လူဦးရေ(၁၁.၈)သန်း သို့ ကျဆင်းသွားခဲ့သည်။


ချင်းပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် (၅၈)ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ရောက်ရှိနေပြီး ချင်းဒေသရှိ လူဆယ်ဦးလျှင် (၆)ဦးမှာ ဆင်းရဲမှုမျဉ်းအောက်တွင် နေထိုင်ကြရသည်။

၂၀၂၁ ခုနှစ်တွင် လူဆယ်ဦးလျှင် (၈)ဦးမှာ ဆင်းရဲသည့် အခြေအနေတွင် ရှိသည် ဟု သက်မှတ်နိုင်ပြီး တိုက်ပွဲများဖြစ်ပွားမှုတို့ကြောင့် ပို၍ ဆင်းရဲနွမ်းပါးလာသည် ဟု ယူဆနိုင်သည်။


သို့သော် အာဏာရှင်အောက်က 

လွှက်မြောက်ရန် လိုအပ်နေသည်။


သို့သော် ဧရာဝတီတိုင်း တစ်ခုတည်းတွင်ပင် ဆင်းရဲသူဦးရေမှာ(၁.၈)သန်းရှိပြီး အများဆုံး ဖြစ်နေသည်။ ချင်းဒေသ လူဦးရေ၏သုံးဆကျော် ရှိနေသည်။


ကယားပြည်နယ်သည် ဆင်းရဲမှုနှုန်း မြင့်သော်လည်း လူဦးရေ(၉၁၀၀၀)သာ ရှိသည့်အတွက် အရေအတွက်အားဖြင့် အနည်းဆုံးဖြစ်သည်။


ဆင်းရဲမှု အများဆုံး ကြုံတွေ့ရသည်မှာ စားသောက်ကုန်ဈေးနှုန်း မြင့်တက်ခြင်း ဖြစ်ပြီး အိမ်ထောင်စုအားလုံး၏ (၁၂.၅)ရာခိုင်နှုန်းက ထိခိုက်ခံစားရသည်။


ဘေးအန္တရယ်အကျရောက်ဆုံးမှာ မြစ်ဝကျွန်းပေါ်ဒေသနှင့် အပူပိုင်းဒေသ ဖြစ်ပြီး ကမ်းရိုးတန်းဒေသတို့မှာ အနည်းဆုံးခံစားရသည်။


ကျေးလတ်ဒေသရှိ ဆင်းရဲသူ အရေအတွက်သည် မြို့ပြဒေသရှိ အရေအတွက်ထက် (၆.၇)ဆပိုများပြီး နိုင်ငံတဝှမ်းရှိ ဆင်းရဲသူ (၈၇)ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြသည်။


ကျေးလတ်ဒေသရှိ လူဦးရေ(၁၀)သန်းကျော်သည် ဆင်းရဲသည် ဟု သတ်မှတ်နိုင်သည်။


အချက်အလတ်တွေအရ စိုက်ပျိုးရေးကို လုပ်ကိုင်သူများသည် အဆင်းရဲဆုံး ဖြစ်နေကြပြီး ဆင်းရဲနွမ်းပါးမှုနှုန်း (၇၉.၂)ရာခိုင်နှုန်း ရှိကာ တခြားအလုပ် လုပ်နေကြသူများမှာ ဆင်းရဲသူအနည်းဆုံးရှိကာ ဆင်းရဲနွမ်းပါးမှု‌နှုန်းမှာ (၁၃.၂)ရာခိုင်နှုန်းရှိသည်။


ဆင်းရဲသော အိမ်ထောင်စုများတွင် ခလေးနှစ်ဆပိုများတက်ပြီး  ပညာမတက်သည့် အိမ်ထောင်စုက ပညာတက်သည့် အိမ်ထောင်စုများထက် နှစ်ဆ ပိုဆင်းရဲကြသည်။


ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ဆိုသည်မှာ အရွယ်ရောက်ပြီးသူ တစ်ဦးစားသုံးမှု တန်ဖိုး ကျပ်(၁၅၉၀) ဟု သတ်မှတ်ထားပြီး ပျမ်းမျှ အသုံးစရိက်ကို ကျပ်(၂၁၈၂) ဟု သတ်မှတ်ထားသည်။


ချင်းဒေသတွင် အရွယ်ရောက်ပြီးသူ တစ်ဦး၏ စားသုံးမှု တန်ဖိုးသည် ကျပ်(၁၇၃၇) ဖြစ်ပြီး ရန်ကုန်တွင် ကျပ်(၃၃၇၄)အထိ ရှိသည်။ 


ဆိုတော့ ချင်းဒေသ စားသုံးမှုသည် အဟာရပြည့်ဝစွာ စားသုံးနိုင်မှု မရှိဟု ဆိုရမည် ဖြစ်သလို ရန်ကုန်ထက် ချင်းဒေသသည် စားသောက်ကုန်ဈေးနှုန်းပိုကြီးမြင့်နေသည်။


ပြည်ထောင်စုအနေနှင့် အရွယ်ရောက်ပြီးသူ နေ့စဉ်စားသုံးမှုတန်ဖိုးမှာ ကျပ်(၂၆၂၈)ဟု သတ်မှတ်ထားကာ မြို့ပြတွင် ကျပ်(၃၄၇၅) ၊ကျေးလတ်တွင် ကျပ်(၂၂၈၆) ဟု သတ်မှတ်ထားသည်။


ချင်း‌ဒေသ တွင် ဆင်းရဲသူ ဦးရေ(၂၇၅၀၀၀) ခန့် ရှိမည် ဟု ဆိုပြီး ရခိုင်ပြည်နယ်တွင် (၁.၁)သန်းကျော် ရှိနေသည်။ လူဦးရေအရ တွက်လျှင် ရခိုင်သည် ချင်းထက် လူဦးရေ(၄)ဆ ပိုများနေသည်။


ချင်းဒေသတွင် ဆင်းရဲသူအများစုမှာ ကျေးလတ်ဒေသတွင် နေထိုင်ကြပြီး ချမ်းသာသူအများစုမှာ မြို့ပေါ်တွင် နေထိုင်ကြသည်။

ဆိုတော့ ဝင်ငွေရလမ်းအကောင်းဆုံးမှာ မြို့ပေါ်နေ လူတန်းစားဖြစ်၍ ကျေးလတ်မှာ နေခြင်းထက် မြို့ပြတွင် နေခြင်းက ဝင်ငွေ ပိုကောင်းသည်။


မြန်မာတွင် တနင်္သာရီတိုင်းသည် ဝင်ငွေမြင့်မားပြီး  စီးပွားရေးအခွင့်အလမ်းတိုးပွားနေသည်။ ဆောက်လုပ်ရေး၊လက်ကားရောင်းဝယ်မှု၊အစားအစာရောင်းဝယ်မှုနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းတို့မှာ ဝင်ငွေ မြင့်မားသည်။


တနင်္သာရီတိုင်းတွင် ဓါတ်သတ္တူ တူးဖော်ရေး၊ပုလဲမွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်း၊ရာဘာနှင့် ဆီအုန်းလုပ်ငန်း၊ရေနံနှင့် သဘာဝဓါတ်ငွေ့တူးဖော်ရေး၊ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတို့က ကောင်းမွန်သော လုပ်ငန်းများ ဖြစ်သည်။


သို့သော်လည်း ပင်မလျှပ်စစ်ဓါက်အားလိုင်း မရရှိမှု နှင့် ပညာရေးနှိမ့်ကျသည်။


ဒေသအလိုက် တစ်ဦးချင်း ဝင်ငွေ (GDP)မှာ ချင်းတွင် ကျပ်(၇၃၇၀၀၀)ဖြင့် အနည်းဆုံး ဖြစ်ပြီး ရန်ကုန်မှာ ကျပ်(၂၈၁၃၀၀၀)ဖြင့် အမြင့်ဆုံး ရှိသည်။

တောင်ပေါ်ဒေသရှိ ပြည်နယ်(၅)ခုအနက် လေးခုတွင် ဆင်းရဲသူ ပါဝင်မှု နှုန်းသည် ပြည်ထောင်စုအဆင့် ပါဝင်မှုနှုန်းထက် ပိုမြင့်မားနေသည်။


ချင်းတွင် တစ်ဦးချင်းဝင်ငွေ အမြင့်ဆုံးမှာ ကျပ်(၁၃)သိန်းကျော်ဖြင့် ဟားခါးဖြစ်ပြီး အနှိမ့်ဆုံးမှာ ကျပ်(၄)သိန်းဝန်းကျင်ဖြင့် တီးတိန် နှင့် ပလက်ဝမြို့နယ်တို့ ဖြစ်သည်။


ဝေးလံခေါင်သီမှုနှင့် တောင်ထူထပ်မှုတို့က ဆင်းရဲမှုကို စိန်ခေါ်နေသည်။


ချင်း၊ကချင်၊ကယားတို့တွင် ဆင်းရဲမှုနှုန်း ကွာဟချက် အကြီးမားဆုံး ဖြစ်ပြီး ချင်းတွင် ဆင်းရဲနွမ်းပါးမှု ကွာဟချက်မှာ (၁၈.၇)ရာခိုင်နှုန်း ရှိသည်။


နိုင်ငံ လူဦးရေ(၃၂.၉)ရာခိုင်နှုန်းသည် မမျော်လင့်ပဲ ဘေးအန္တရယ်ကျရောက်ပါက ဆင်းရဲတွင်းသို့ အလွယ်တကူပြန်ကျရောက်နိုင်သည်။


ချင်းတွင် ဆင်းရဲနွမ်းပါးသူ (၅၈)ရာခိုင်နှုန်းရှိနေပြီး မဆင်းရဲသေးသော်လည်း အခြေမခိုင်သေးသူ မှာ(၂၄.၅)ရာခိုင်နှုန်းရှိကာ မဆင်းရဲနွမ်းပါးသူဦးရေမှာ (၁၇.၅)ရာခိုင်နှုန်ရှိသည်။


တနင်္သာရီတိုင်းတွင် ဆင်းရဲနွမ်းပါးမှု မရှိသူဦးရေမှာ (၆၁.၈)ရာခိုင်နှုန်းရှိသဖြင့် အချမ်းသာဆုံး ဒေသဟုပင် ခေါ်နိုင်သည်။ရန်ကုန်တွင် (၅၈.၈)ရာခိုင်နှုန်းရှိသည်။


ချင်းဒေသရှိ အချမ်းသားဆုံးသော လူဦးရေ(၁၀)ရာခိုင်နှုန်းသည် အဆင်းရဲဆုံးသော လူဦးရေ(၁၀)ရာခိုင်နှုန်းထက် စားသုံးမှုမှာ (၇.၁)ဆ ပိုများနေသည်။ပြည်‌ထောင်စုအဆင့်မှာ (၆.၅)ဆ ဆိုတော့ ချင်းဒေသတွင် ဆင်းရဲ ချမ်းသာမှု ကွာဟချက် ကြီးမားနေသည်။


မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းဆီ၏ ပျမမျ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး နှစ်စဉ်တိုးတက်မှုသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ  (၇.၈)ရာခိုင်နှုန်း ဖြစ်ကာ အာဆီယံတွင် အမြင့်ဆုံး ဖြစ်သည်။ လက်ရှိကာလတွင်မှု ဆင်းရဲမှု နှုန်း နှစ်ဆတိုးလာသလို တိုးတက်မှုနှုန်းမှာလည်း အနှုက်လက္ခဏာပြသွားပြီ ဖြစ်သည်။


မြန်မာတွင် ဆင်းရဲနွမ်းပါးမှု မရှိသူ ဦးရေမှာ ၂၀၁၇ ခုနှစ်က နိုင်ငံလူဦးရေ၏ (၄၂.၃)ရာခိုင်နှုန်း ရှိနေရာ လူဦးရေ(၂၂)သန်းကျော်သည် နေနိုင်စားနိုင်သောက်နိုင်သည့် အခြေအနေတွင် ရှိနေသည်။


ဆင်းရဲသော အိမ်ထောင်စုမျသည် မဆင်းရဲသော အိမ်ထောင်စုများထက် အိမ်ထောင်စုဦးရေ(၁.၂၅)ဦးနီးပါး ပိုများပြားနေသည်။ ခလေးအရေအတွက်မှာလည်း နှစ်ဆပိုများသည်။ ချင်းဒေသရှိ အိမ်ထောင်စု ခလေးမွေးဖွားနှုန်းကို အရ  ပျမ်းမျှ ခလေး(၅)ဦးအထက်ရှိနေသည်။


ထိုကြောင့် အလုပ်လုပ်နိုင်သော လူကြီးအပေါ် မှီခိုရမှု ပိုများပြားပြီး ဝင်ငွေနည်းလေ ပိုဆင်းရဲလေ တွေ့ရှိရသည်။ ဆင်းရဲနွမ်းပါးသူ (၄၈)ရာခိုင်နှုန်းသည် အသက်(၂၀)အောက် လူငယ်များ ဖြစ်ကြသည်။


မြန်မာတွင် အိမ်ထောင်စု ငါးပုံတစ်ပုံကို အမျိုးသမီးများက ဦးစီးနေသည်။

အိမ်ထောင်ဦးစီး၏ ပညာတက်မြောက်မှု အရည်အချင်းသည်လည်း အိမ်ထောင်စု၏ လူနေမှုဘဝပြည့်စုံမှုနှင့် များစွာဆက်နွယ်နေသည်။


မြန်မာတွင် စိုက်ပျိုးရေး မဟုက်သော တခြားအလုပ်ကို လုပ်သည့် လူဦးရေ(၁၃.၂)ရာခိုင်နှုန်း ကသာ ဆင်းရဲမှု မျဉ်းအောက်တွင် ရှိနေပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ အများစုမှာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် နေထိုင်ကြရသည်။


ပညာတက်မြောက်သူတို့သည် စိုက်ပျိုးရေးနှင့် မသက်ဆိုင်သော အလုပ်အကိုင်ကို လုပ်နိုင်ခြေပိုများပြီး ဆင်းရဲနွမ်းပါးသူ ဖြစ်နိုင်ခြေလည်း နည်းသည်။


မြို့ပြရှိ အိမ်ထောင်စု(၈၀)ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးနှင့် မသက်ဆိုင်သော အလုပ်ကိုသာ လုပ်ကိုင်ကြသည်။


ကျောင်းမနေဖူးသူ (၈၂)ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကို လုပ်ကိုင်နေကြပြီး အထက်တန်းနှင့် အထက်(၁၁)ရာခိုင်နှုန်းခန့်ကသာ စိုက်ပျိုးရေးကို လုပ်ကိုင်ကြသည်။ အထက်တန်း နှင့် အထက်(၇၃)ရာခိုင်နှုန်းသည် ဝန်ဆောင်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြသည်။


ပညာမတက်ခြင်းကြောင့် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်နေကြပြီး စိုက်ပျိုးရေးလုပ်ကိုင်ခြင်းကြောင့် လူအများစုမှာ ဆင်းရဲနေသည်။


မြန်မာသည် စိုက်ပျိုးရေးအားကောင်းသည့် ဒေသဖြစ်သည့်အားလျော်စွာ ဆင်းရဲနွမ်းပါးသူ များကြောင်း ဖော်ပြနေသည်။ စိုက်ပျိုးရေးအကျိုးကို တောင်သူအများ ရရှိခံစားခြင်း မရှိသေးချေ။


မဆင်းရဲသော အိမ်ထောင်စုများ၏ အသုံးအဆောင်ပစ္စည်း ပျမ်းမျတန်ဖိုးသည် ကျပ်(၂၉၅၀၀၀) ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူ ပိုင်ဆိုင်သည့် တန်ဖိုးထက်(၄.၃)ဆ ပိုများပြားသည်။ ဆင်းရဲသူတို့၏ ပိုင်ဆိုင်မှု တန်ဖိုး ပျမ်းမျသည် ကျပ်(၆၈၀၀၀)သာ ဖြစ်သည်။


သည်တော့ မြန်မာတွေ ငွေမတ်ကြသည်မှာ မဆန်းသလို ငွေသိန်းကဏန်းရလျှင် ဘာမဆို လုပ်ရဲသည့် အခြေအနေတွင် ရှိနေသည်။


ဆင်းရဲနွမ်းပါးသူ အများစု လက်လှမ်းမှီရာ အများဆုံးမှာ ကုန်စုံဆိုင်များ ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု မှာ ဒုတိယ၊အစိုးရမှုလတန်းကျောင်းသည် တတိယ ဖြစ်သည်။


လက်လှမ်းမီမှု အနည်းဆုံးမှာ ရဲစခန်း၊ဘဏ်များ၊တက္ကသိုလ်များ၊သက်‌မွေးဝမ်းကြောင်း သင်တန်းများ ဖြစ်သည်။


မြန်မာတွင် ဘဏ်အသုံးပြုသူမှာ ၂၀၁၇ ခုနှစ်အထိ (၁၃)ရာခိုင်နှုန်းခန့်သာ ရှိမည် ခန့်မှန်းကြသော်လည်း ၂၀၂၀ ခုနှစ်တွင် ပျမ်းမျ (၃၀)ရာခိုင်နှုန်း အသုံးပြုနေသည် ယူဆရသည်။

သို့သော် မြန်မာတွင် စာကြည့်တိုက်များကို လက်လှမ်းမှီမှုမှာ ထက်ဝတ်နီးပါးရှိနေသည် ကို တွေ့ရသည်။ ဆိုတော့ ဆင်းရဲနွမ်းပါးသူများကို အသိပညာဖြန့်ဝေရန်အတွက် စာကြည့်တိုက်သည် အကောင်းဆုံးဖြစ်နေသည်။


ကျောင်းမနေဖူးသူ၊ဘုန်းကြီးကျောင်းနေဖူးသူ၊မူလတန်းအထိ တက်ရောက်ဖူးသူ (၁၀)သန်းကျော်သည် ဆင်းရဲမှုမျဉ်းအောက်တွင် နေထိုင်ကြရပြီး အထက်တန်းနှင့် အထက်ဦးရေ (၉၁၀၀၀)ခန့်သည်သာ ဆင်းရဲသည် ဟု ဖော်ပြထားသည်။


ဆိုတော့ မြန်မာတွင် အတန်းပညာတက်လေလေ ဆင်းရဲမှုအောက်က လွက်မြောက်နိုင်လေလေ ဖြစ်နေသည်။


အစိုးရမူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများတွင် အများအားဖြင့် ပညာသင်ကြားနိုင်သော်လည်း အထက်တန်းနှင့် တက္ကသိုလ် တို့မှာ အများပြည်သူ လက်လှမ်းမှီရန် အားနည်းသည်။


မြန်မာနိုင်ငံနေထိုင်မှု အခြေအနေ စစ်တမ်း(၂၀၁၇)မှ အချက်အလတ်များကို ကိုးကားထားသည်။


တွေးမိတွေးရာ 

မောင်ချင်း

၁၇.၈.၂၀၂၁


ပုံမှာ ချင်းဒေသအပေါ် စစ်တမ်းကောက်ယူထားမှု တခု ဖြစ်သည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး