ငယ်ရွယ်ချိန် မချမ်းသာတာ အပြစ်မဟုက်
ငယ်ရွယ်တုန်း ငွေမရှိတာ အပြစ်မဟုက်။
အသက်ကြီးမှ ငွေမရှိရင်တော့ အပြစ်ပဲ။
----------------------------
စတားလုံး လို့ခေါ်တဲ့ ရမ်ဘိုမင်းသား ဟာ ၁၉၆၆ ခုနှစ် အသက်(၂၀)အရွယ်တုန်းက ငွေတပြားတချပ်တောင် မရှိပါဖူး။
ကျောင်းပေါင်း(၁၄)ကျောင်းလောက်က လက်မခံဘူး။အလုပ်ပေါင်း(၁၀၀၀)ကျော် လျှောက်ပေမယ့် မရခဲ့ဘူး။
ငွေကြေးလိုအပ်ချက် ကြီးတာကြောင့် Porn Movie မှာ သရုပ်ဆောင်ဖို့တောင် စဉ်းစားခဲ့တယ်။
သို့သော် ၂၀၂၁ ခုနှစ် သူ့အသက်(၇၄)ခုနှစ်မှာ အမေရိကန်ဒေါ်လာသန်း(၅၀၀)ကျော် ကြွယ်ဝလာခဲ့တယ်။
သူပြောတဲ့ စကားက " အိမ်မတ်တွေဟာ အရမ်းကြီးတဲ့အတွက် လူတွေကို မီနစ်အနည်းငယ် ပြောပြရုံနဲ့ မပြည့်စုံနိုင်ဘူး"
ဆိုလိုတာက တချို့အိမ်မတ်တွေဟာ အချိန်အနည်းငယ်နဲ့ ပြီးပြည့်စုံလာတာ မဟုက်ဘူး ဆိုတာပဲ။
----------------------------
လက်ရှိ နာမည်ကြီး သူဌေး Elon Musk သည် ၁၉၈၇ ခုနှစ် သူ့အသက်(၂၃)နှစ်လောက်တုန်းက တနေ့ကို တစ်ဒေါ်လာတန် ဟော့ဒေါ့ပဲ စားခဲ့ရတယ်။
သို့သော်လည်း ၂၀၂၀ ခုနှစ် သူ့အသက်(၄၉)နှစ်မှာ အမေရိကန်ဒေါ်လာ(၁၈၉)ဘီလီယံ ကြွယ်ဝချမ်းသာနေတယ်။အခုဆို ဘီလီယံ (၂၀၀)ကျော်သွားပြီ။
----------------------------
နာမည်ကျော်သရုပ်ဆောင်နဲ့ ကာယဗလမောင် အာနိုးမင်းသားဟာလည်း ၁၉၆၇ ခုနှစ် သူ့အသက်(၂၀)ဝန်းကျင်မှာ ငွေတပြားတချပ်တောင် မရှိဘူး။အနိုင်ကျင့်ခံရကနေ ကာယဗလမောင် ဖြစ်လာတယ်။
လက်ရှိ ၂၀၂၁ ခုနှစ် သူ့အသက်(၇၃)နှစ်မှာ အမေရိကန်ဒေါ်လာသန်း(၅၀၀)ကြွယ်ဝချမ်းသာပါတယ်။
----------------------------
ကမ္ဘာကျော် ရက်ပါအဆိုတော်
ကင်ညာဝပ်စ် ဟာလည်း ၂၀၁၆ ခုနှစ် သူ့အသက်(၃၉)နှစ်မှာ ငွေတပြားတောင် မရှိတော့ဘူး။
မာစ်ဆူကာဘက်က သူဆီကနေ အမေရိကန်ဒေါ်လာ(၃၅)သန်း အကြွေးရစရာရှိတာကို Twitterကနေ တောင်းခဲ့တယ်။
၂၀၁၈ ခုနှစ်မှာ ကုမ္ပဏီစတင်ထူးထောင်ပြီး အမေရိကန်ဒေါ်လာ(၁၁၅)သန်းရရှိအောင် လုပ်နိုင်ခဲ့တယ်။
၂၀၂၁ ခုနှစ် သူ့အသက်(၄၃)နှစ်မှာတော့ အမေရိကန်ဒေါ်လာ(၁.၃)ဘီလီယံ ကြွယ်ဝချမ်းသာလာခဲ့တယ်။
သူ့စကားက "မင်းပုံပြင်တွေ အိမ်မတ်တွေဟာ ဘယ်တော့မှ မပြီးဆုံးဘူး" လို့ ဆိုတယ်။
----------------------------
ကမ္ဘာကျော်လက်ဝှေ့သမား မယ်လ်ဝဲသာ ဟာလည်း ၁၉၇၉ ခုနှစ် သူ့အသက်(၂၀)အရွယ်မှာ ငွေတပြားတချပ်မှ မရှိဘူး။ဖခင်ရဲ့ ငြင်းပန်းနှိပ်စက်ခြင်းကို ခံရတယ်။
သို့သော် ၂၀၂၁ခုနှစ် သူ့အသက်(၆၁)နှစ်အရွယ်မှာ အမေရိကန်ဒေါ်လာသန်း(၆၀၀)ကြွယ်ဝချမ်းသာလာခဲ့တယ်။
----------------------------
အမေရိကန်အိုင်ဒိုလ်(Idol) ထူထောင်သူ Simon Cowell ဟာလည်း ၁၉၇၉ ခုနှစ် သူ့အသက်(၂၀)တုန်းက ငွေတစ်ကျပ်တောင် မရှိခဲ့ပါ။ သူ့အကျင့်စရိုက်ကြောင့် အလုပ်ပါ ပြုက်ခဲ့တယ်။
သို့သော် ၂၀၂၁ခုနှစ် သူ့အသက်(၆၁)နှစ်မှာ အမေရိကန်ဒေါ်လာသန်း(၇၀၀)ကြွယ်ဝလာတယ်။
သူအပြောက "ငွေကို အရင်ချစ်ပါ" တဲ့။
----------------------------
အမေရိကန်သရုပ်ဆောင်၊ဒါရိုက်တာ၊ထုက်လုပ်သူ တစ်ဦးဖြစ်တဲ့ Tyler Perry ဟာလည်း ၁၉၈၉ခုနှစ် သူ့အသက်(၂၀)အရွယ်မှာ ငွေတစ်ကျပ်တပြားမှ မရှိသူပါ။
မတရားအနိုင်ကျင့်ခံရဖူးပြီး သက်သေဖို့တောင် ကြိုးပမ်းဖူးသူပါ။
အခုတော့ ၂၀၂၁ ခုနှစ် သူ့အသက်(၅၁)နှစ်အရွယ်မှာ အမေရိကန်ဒေါ်လာ(၁)ဘီလီယံကျော် ကြွယ်ဝချမ်းသာနေပါတယ်။
သူ့စကားက "ငါမှာလည်း ဆီုးရွားတဲ့ ပုံပြင်တစ်ပုဒ်ရှိခဲ့ဖူးတယ်"။
----------------------------
Iron man လို့ လူသိများတဲ့ သရုပ်ဆောင် Robert Downey Jr သည်လည်း ၁၉၈၅ခုနှစ် သူ့အသက်(၂၀)အရွယ်မှာ ငွေတစ်ကျပ်တောင် မချမ်းသာခဲ့ပါ။
မူးယစ်ကြောင့် ထောင်ကျခဲ့တယ်။အရက်၊မူးယစ်ဆေးဝါးစွဲတယ်။
သို့သော် ၂၀၂၁ ခုနှစ် သူ့အသက်(၅၅)မှာ အမေရိကန်ဒေါ်လာသန်း(၄၀၀)ကြွယ်ဝချမ်းသာတယ်။
----------------------------
နာမည်ကျော် ဘောလုံးသမား Cristiano Ronaldo သည်လည်း ၂၀၀၅ ခုနှစ် သူအသက်(၂၀)အရွယ်တုန်းက ဝင်ငွေ နည်းပါးသူပါ။
အိပ်ဖို့အတွက်တောင် သူ့ညီ၊ညီမတွေနဲ့ အခန်းလေးထဲ တူတူနေရတာပါ။
သို့သော် ၂၀၂၁ခုနှစ် သူအသက်(၃၆)နှစ်မှာ အမေရိကန်ဒေါ်လာသန်း(၅၀၀)ကြွယ်ဝချမ်းသာပါတယ်။
----------------------------
အမေရိကန်ရုပ်သံတင်ဆက်သူ Oprah Winfrey သည်လည်း ၁၉၇၄ခုနှစ် သူအသက်(၂၀)အရွယ်တုန်းက ဝင်ငွေ သုညပါ။ ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာတယ်။ အသက်(၁၄)လောက်မှာ ကိုယ်ဝန်ရခဲ့ဖူးတယ်။
၂၀၂၁ ခုနှစ် သူမအသက်(၆၇)နှစ်မှာ အမေရိကန်ဒေါ်လာ(၂.၅)ဘီလီယံ ကြွယ်ဝချမ်းသာပါတယ်။
သူမ စကားက "စဉ်ဆက်မပြတ်ဆုတောင်းပြီးတဲ့အခါ ဘုရားသခင်က သင်တောင်းသမျ ဆုတောင်းကို ပေးမယ်" တဲ့။
----------------------------
အမေရိကန်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် sara blakely သည် အသက်(၂၅)နှစ်အရွယ်ထိ သာမန်အရောင်း ကုမ္ပဏီဝန်ထမ်းတစ်ယောက်သာသာပါ။
သို့သော် ၁၉၉၈ ခုနှစ် သူမအသက်(၂၇)နှစ်မှာ ကုန်စည်ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ(၅၀၀၀)လောက် ရရှိခဲ့တယ်။
အရောင်းချန်ပီယံ တစ်ဦးဖြစ်တဲ့ သူမဟာ ၂၀၁၃ ခုနှစ်မှာ ဘီလီယံနာ ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် သူမအသက်(၅၀)အရွယ်မှာတော့ အမေရိကန်ဒေါ်လာ(၁.၂)ဘီလီယံလောက် ကြွယ်ဝချမ်းသာနေပါတယ်။
----------------------------
တရုတ် အာလီဘာဘာကုမ္ပဏီ ထူထောင်သူ ဂျက်မားသည် ၁၉၉၀ ခုနှစ် သူအသက်(၂၆)တုန်းက ဝင်ငွေမရှိသူပါ။
ကျောင်းပြီးတော့ KFC အပါအဝင် အလုပ်ပေါင်း(၃၀)လျှောက်ထားခဲ့ပေမယ့် ငြင်းပါယ်ခံရသူပါ။
၂၀၂၀ ခုနှစ် သူအသက်(၅၆)နှစ်မှာ အမေရိကန်ဒေါ်လာ(၅၀.၄)ဘီလီယံကြွယ်ဝချမ်းသာနေပါတယ်။
----------------------------
The Rock လို့ လူသိများတဲ့ နပန်းသမား၊သရုပ်ဆောင် Dwayne Douglas Johnsonသည်လည်း ၁၉၉၅ ခုနှစ် သူအသက်(၂၃)တုန်းက အိက်ကပ်ထဲမှာ အမေရိကန်ငွေ(၇)ဒေါ်လာ သာ ရှိတာပါ။
၂၀၂၁ ခုနှစ် သူ့အသက်(၄၈)နှစ်မှာတော့ အမေရိကန်ဒေါ်လာသန်း(၄၀၀)ကျော် ကြွယ်ဝချမ်းသာပါတယ်။
သူအပြောက "၁၉၉၅ ခုနှစ်တုန်းက ငါအိက်ကပ်ထဲမှာ (၇)ဒေါ်လာသာ တွေ့ရတယ်။အဲတော့ ငါနှစ်ခု တွေးမိတယ်။ငရဲကျသလိုခံစားချက်နဲ့ နောက်ထပ် ဒီလို မဖြစ်ဖို့ပါ"
----------------------------
Amazon ထူထောင်သူJeff Bezos ဟာ သူ့အသက်(၁၆)နှစ်တုန်းက McDonald's မှာ အလုပ်လုပ်ခဲ့တယ်။သူအသက်(၂၂)မှာ Well street မှာ အခြေချခဲ့ပြီး သူအသက်(၃၀)အရွယ်မှသာ Amazon ကို စတင်ခဲ့တယ်။
လက်ရှိ သူ့အသက်(၅၅)နှစ်ကျော်မှာ အမေရိကန်ဒေါ်လာဘီလီယံ(၂၀၀)ကျော် ကြွယ်ဝချမ်းသာခဲ့ပါတယ်။
----------------------------
ထိုအတူ Microsoft ထူထောင်သူ Bill Gates သည် ၁၉၇၅ ခုနှစ် သူအသက် (၁၉)နှစ်မှာ ဝင်ငွေတပြားတချပ်တောင်မရှိပါ။ Microsoft ကို စတင်နေချိန်ပေါ့။
အခု ၂၀၂၁ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ(၁၃၀)ဘီလီယံကျော် ကြွယ်ဝချမ်းသာနေပြီး ကမ္ဘာမှာ အလှုအတန်းအရက်ရောဆုံး သူဌေးကြီးပါ။
----------------------------
ကျွန်တော်တို့ အသုံးများတဲ့ Facebook ကို ထူထောင်သူ Mark Zuckerberg သည် ၂၀၀၄ ခုနှစ် သူ့အသက်(၁၉)နှစ်အရွယ်မှာ ဝင်ငွေတပြားမှ မရသူပါ။
ကျောင်းတက်နေတုန်း သူငယ်ချင်း တွေ ဆက်သွယ်နိုင်ဖို့ Facebook ကို စတီထွင်ခဲ့တယ်။
၂၀၂၁ခုနှစ် သူအသက်(၃၆)နှစ်မှာတော့ အမေရိကန်ဒေါ်လာ(၁၁၁)ဘီလီယံကျော် ကြွယ်ဝချမ်းသာနေပါတယ်။
----------------------------
နာမည်ကြီး လက်ဝှေ့သမားဖြစ်သူ Conor McGregor သည်လည်းပဲ ၂၀၀၉ခုနှစ် သူ့အသက်(၂၁)တုန်းက ငွေတပြားတောင် မရှိသူပါ။
တစ်ရက်ကို (၁၃)နာရီအထိ အလုပ်လုပ်ရတဲ့ ရေပိုက်ပြင်ဘဝကိုပါ ရဖူးတယ်။နောက်တော့ လက်ဝှေ့ထိုးဖို့ သူဆုံးဖြတ်ခဲ့တယ်။
၂၀၂၁ခုနှစ် သူအသက်(၃၂)နှစ်အရွယ်မှာတော့ အမေရိကန်ဒေါ်လာသန်း(၃၀၀)နီးပါးကြွယ်ဝချမ်းသာနေပါတယ်။
----------------------------
Apple ထူထောင်သူနဲ့ CEO ဖြစ်ခဲ့တဲ့ Stave Jobs သည်လည်း ၁၉၇၅ ခုနှစ် သူအသက်(၂၀)တုန်းက ဝင်ငွေ မရှိသူပါ။
ငယ်တုန်းက မိဘတွေက မွေးစားဖို့ သူများကို ပေးတာ ခံရသူပါ။
ကျောင်းကနေ လှစ်ပြီး ငွေရဖို့ ပုလင်းကောက်တဲ့ ငွေရှာဖူးသေးတယ်။
သို့သော် Apple ကို ထူထောင်ခဲ့ပြီး ကြွယ်ဝချမ်းသာလာတယ်။
၂၀၁၁ ခုနှစ် သူ့အသက်(၅၆)နှစ် သေဆုံးချိန်မှာ အမေရိကန်ဒေါ်လာ(၇)ဘီလီယံလောက် ကြွယ်ဝချမ်းသာခဲ့ပါတယ်။
----------------------------
Jan Koum က နာမည်ကျော် Social app တခု ဖြစ်တဲ့ Whatsapp ကို အသက်(၃၅)နှစ်မှာ ဖန်တီးခဲ့တယ်။
----------------------------
Asa Candler က နာမည်ကျော် Coca Cola ကို သူ့အသက်(၄၁)နှစ်မှာ ထုက်လုပ်ခဲ့တယ်။
----------------------------
Gordan က ကမ္ဘာကျော် Starbucks ကို သူ့အသက်(၅၁)နှစ်မှာ စတင်လုပ်ခဲ့တယ်။
----------------------------
Sam Walton က နာမည်ကြီး walmart ကို အသက်(၄၄)မှာ စတင်ခဲ့တယ်။
----------------------------
Ferdinand က Porsche Car လုပ်ငန်းကို အသက်(၅၆)နှစ်မှာ စတင်ခဲ့တယ်။
----------------------------
Colonel Harland က ကမ္ဘာကျော် KFC ကြက်ကြော်လုပ်ငန်းကို သူ့အသက်(၆၂)မှာ စတင် ဖွင့်လှစ် ရောင်းချခဲ့တယ်။
----------------------------
ဆိုတော့ ငယ်ရွယ်တဲ့ အချိန် (သို့)အသက်(၂၀)ဝန်းကျင်အရွယ်မှာ အလုပ်မရှိတာ၊ဝင်ငွေ မရှိတာ ပြသာနာမဟုက်ဘူး။
ကြိုးစားနေဖို့သာ အဓိက ဆိုတာပဲ။
တချို့ဆို အသက်(၃၀)ကနေ (၄၀)အထိ အလုပ်မယ်မယ်ရရ မရှိသူတွေအနေနဲ့လည်း စိတ်ပျက်စရာ မလိုပဲ ကိုယ်ရည်ရွယ်ရာ ရည်မှန်းချက်ကိုသာ အကောင်အထည် ဆက်ဖော်နေဖို့ပါ။
ငယ်ရွယ်စဉ်မှာ စွန့်ဦးတီထွင်အလုပ်တွေက အခွင့်အလမ်းကောင်းဖြစ်ပြီး အသက်ကြီးလာလေလေ သမရိုးကျအလုပ်တွေနဲ့က ပိုအောင်မြင်နိုင်ခြေများတယ်။
မည်သို့ဆိုစေ ကိုယ်ယုံကြည်ရာအလုပ်ကို ယုံကြည်မှု အပြည့်နဲ့ သွားဖို့လိုတယ် ဆိုတာ ဆိုရင်းပါ။
ငယ်ရွယ်နေတုန်း ငွေကြေးမချမ်းသာတာ အပြစ်မဟုက်ပါ။ အသက်ကြီးလာမှ မချမ်းသာရင်တော့ အပြစ်ဖြစ်သွားပြီ။
ကြိုးစားဖို့ပဲ လိုတာပါ။
တွေးမိတွေးရာ
မောင်ချင်း
၂၀.၈.၂၀၂၁
Comments
Post a Comment