AEC 2015 အကျိုးဆက် လုပ်ငန်းရှင်များ သိရန်လို
AEC ၂၀၁၅ကြောင့် ဖြစ်လာနိင်ချေ
ရှိသော အကျိုးဆက်များကို မြို့တော်ကြီးများရှိ စီးပွားရေး လုပ်ငန်းရှင်များသာ မက နယ်ဘက်ဒေသရှိ စီးပွားရေး လုပ်ငန် ရှင် များပါ သိရှိရန် လိုအပ်ကြောင်း
အစီုးရက တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
ဖြစ်လာမယ့် ကာလမှာ ဆောင်ရွှက်စရာတွေ
အများကြီး လိုပါတယ်။AEC မှာ နောက်ကျ မကျန်ရစ်ဖို့တွက် ရည်ရွှယ်ချက် ထား လုပ်ဖို့ လိုပါတယ်။မြီု့ကြီးက
လုပ်ငန်းရှင်တွေ အပြင် နယ့်မြို့တွေက လုပ်ငန်းရှင်တွေပါ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားဖို့
လိုပါတယ်။ ဟုအစီုးရတာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိ အချိန်တွင်လည်း နိင်ငံတော်
အစီုးရ အနေနှင့် ခရီးသွားလုပ်ငန်းများ ဖွံးဖြိုးတိုးတက်စေရန်၊ကုန်သွယ်မူနှင့် ရင်းနှီးမြုပ်နှံကဏ္ဍ
ဖွံးဖြိုးတိုးတက်ရေး အခြေအနေ နှင့် စိုက်ပျိုးရေး ကဏ္ဍတို့ ဖွံးဖြိုးတိုးတက်စေ၇န်အတွက်
ပြည်သူ့ကို အခြေပြု ပုံစံ(PPP) ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ၀န်ကြီး ဦးအောင်ဇံက
ကပြောကြားခဲ့သည်။
ကျွှန်တော်တိုပ ဆီမှာတော့
အကြီးစား လုပ်ငန်းတွေ မရှိပါဘူး။အဓီကကတော့ အသေးစား၊အလက်စား လုပ်ငန်းတွေပဲ ရှိပါတယ်။
နည်းပညာ အကူအညီ ငွေကြေးအကူအညီတွေလိုအပ်တယ် ဟု မြင်းခြံမြိုနယ် ကုန်စည်ဒိုင်၏ ဥက္ကငှ
ဖြစ်သူဦးတင်လှိုင်က ပြောကြားသည်။
အသေးစား နှင့် အလတ်စား စီပွားရေး
လုပ်ငန်းများ လုပ်ငန်းဆောင်ရွှက်မူ အခြေအနေ ဖွံးဖြိုးတိုးတက်စေရန်အတွက်ယခင်နှစ်က လုပ်ငန်းရှင်(၁၀)ဦးကို
ကျပ်သန်းပေါင်း(၅၀၀၀)၊ယခုနှစ်တွင် လုပ်ငန်းရှင်း(၃၈)ဦးကို ကျပ်သန်းပေါင်း(၅၀၀၀) ကို
အသေးစားနှင့် အလက်စား ဖွံးဖြိုးတိုးတက်ရေးဘဏ် အနေနှင့် ထုက်ချေးပေးခဲ့ကြောင်း အဆိုပါ
ဘဏ်၏ အကြီးတန်း အကြံပေး ဦးစံသိန်းက ဆိုသည်။
လက်ရှိ အစိုးရအနေနဲကလည်းSME
တွေကို ချေးငွေ ထုက်ချေးပေးနိင်ဖို့ အတွက်ဘဏ်တွေကို ဂျာမဏီက နည်းပညာ အကူအညီ ပေးမယ်။ဂျပန်နှင့်
ဂျာမဏီမှ ဘဏ်ချေးငွေ ထုက်ချေးပေးမယ်။ဂျပန်ကတော့အစီုးရကတဆင့် ချေးမှာပါ။ ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိင်ငံသည် ၂၀၁၅ ခုနှစ်
ရောက်လျင် အာဆီယံ စီးပွားရေး အသိုက်အ၀န်းသို့ ၀င်ရောက်ရမည် မှန်သော်လည်း ကြီးမားသောစိန်ခေါ်မူကို
ကြုံတွေ့နေရဆဲ့ ဖြစ်ပြီး ပညာရှင် အများစုကမူ မြန်မာ အနေနှင့် ရင်ဆိုင်နိင်စွမ်း မရှိသေးဟု
ယူဆထားကြသည်။
အထူးသဖြင့် နယ်မြို့များရှိ
စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် ယဉ်ပြိုင်နိင်မူ ပိုမို နည်းပါးပြီး နည်းပညာ
နည်းပါးမူ၊ငွေကြေးအင်းအား နည်းမူ ၊ခတ်မှီ ဖွံးဖြိုးတိုးတက်မူ နည်းပါးခြင်းတို့က
AEC သည် ကောင်းကျိုးထက် ဆီုးကျိုးကို သာပြီး ခံစားရဖွယ် ရှိနေသည်။
Comments
Post a Comment