အေမရိကန္ကုပၼဏီ မ်ား စကာၤပူမွ တဆင့် ၀င်ရောက်ရင်းနှီးမြုပ်နှံနေ




Mr.Chin
ရန်ကုန်၊ဒီဇင်ဘာ(၁၆)ရက်

အမေရိကန်ကုပ္မဏီအများစုမှာ စကာင်္ပူ အမည်ခံပြီး တဆင့် မြန်မာနိင်ငံသို့ ၀င်ရောက်ရင်းနှီးမြုပ်နှံလျှက် ရှိနေပြီး အာဆီယံနိင်ငံအတွင်း ဖြစ်၍ အာဆီယံနိင်ငံများ၏ ဘုံသဘောတူညီမူအရ အကျိုးခံစားခွင့် ကို ရရှိမည် ဖြစ်ကြောင်း  MIC မှ ညွန်ကြားရေးမူးဖြစ်သူ ဦးအောင်နိင်ဦးက ပြောကြားသည်။
 အမေရိကန်ကုပ္မဏီတွေ စကာင်္ပူကို ကြားခံပြီး တဆင့်ဝင်ရောက်ကြတယ် ဆိုတာ မှန်ပါတယ်။ မြန်မာနိင်ငံက စီးပွားရေး ပိက်ဆို့မူ ရှိသေးတယ်။ဒါက သူတို့အတွက် အခတ်အခဲပေါ်ပါတယ်။ဒါကြောင့် စကာင်္ပူကုပ္မဏီ မှတ်ပုံတင်နဲ ၀င်တယ် ဟု ၎င်း က ပြောကြားသည်။

မြန်မာနိင်ငံသည် စီးပွားရေးပိက်ဆို့မူကို ခံထားရသောကြောင့် အမေရိကန်ကုပ္မဏီများမှာ လာရောက်ရင်းနှီးမြုပ်နှံမူပြု၇န် စကာင်္ပူကို ကြားခံသုံးပြီး လာရောက်ရင်းနှီးမြုပ်နှ့လျက် ရှိနေရာ အာဆီယံ၏ဘတ်စုံရင်းနှီးမြုပ်နှံမူ အရ ခွင့်ပြုပေးလျက် ရှိနေပြီး အာဆီယံနိင်ငံအတွင်းမှ လာရောက်ရင်းနှီးမြုပ်နှံနေခြင်း ဖြစ်၍ အာဆီယံနိင်ငံအခွင့်အရေးကို ရရှိမည် ဖြစ်သည် ဟု ဦးအောင်နိင်ဦးက ဆိုသည်။

အာဆီယံနိင်ငံများ၏ အခွင့်အရေးအရ အကောက်ခွန်လျော့ပေါ့သက်သာခွင့်၊နယ်စပ်ဖြတ်ကျော်ကုန်သွယ်ခွင့်တို့အပါအ၀င် မြန်မာနိင်ငံမှ ပြည်ပသို့ တင်ပို့ရာတွင် GSP အခွင့်အရေးများ၊နိင်ငံတကာနှင့် သဘောတူညီထားသော ကုန်သွယ်ရေးသဘောတူညီမူ အခွင့်အရေးကို ရရှိမည် ဖြစ်သည် ထုက်ပြန်ထားသော အချတ်များအရ သိရသည်။

စကာင်္ပူနိင်ငံသည် မြန်မာနိင်ငံတွင် တတိယမြောက် ရင်းနှီးမြုပ်နှံအပြုဆုံး နိင်ငံဖြစ်ကာ အမေရိကန်ဒေါ်လာသန်းပေါင်း (၆၀၀၀)ကျော် ရင်းနှီးမြုပ်နှံထားကြကာ ဟိုတယ် နှင့် ခရီသွားလုပ်ငန်း၊အီမ်ခြံမြေလုပ်ငန်း၊သဘာဝဓါတ်ငွေ့ ရှာဖွေရေး နှင့် အခြားကဏ္ဍာများတွင် ရင်းနှီးမြုပ်နှံလျက် ရှိနေကာ မြန်မာနိင်ငံတွင် ရင်းနှီးမြုပ်နှံရန် မျက်စိအကျဆုံး အာဆီယံနိင်ငံတခု ဖြစ်သည်။
စကာင်္ပူမှ တဆင့် မြန်မာနိင်ငံကို လာရောက်ရင်းနှီးမြုပ်နှံမူ ပြုသည့်ကုပ္မဏီများထဲတွင် အမေရိကန်ကုပ္မဏီ များလည်း ပါဝင်နေပြီး ကိုကာကိုလာကဲ့သို့ ကုပ္မဏီများသည်လည်း ပါဝင်လျက်ရှိနေသည်။

လက်ရှိ မြန်မာနိင်ငံသို့ ရင်းနှီးမြုပ်နှ့ပြုသည့် နိင်ငံများတွင် တရုက်က ထိပ်ဆုံးမှ ဦးဆောင်နေပြီး ထိုင်းက ဒုတိယ၊စကာင်္ပူက တတိယ အဖြစ်အသီးသီး ရပ်တည်လျက်ရှိနေသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

#social punishment#Boycott