သိလွယ် မှတ်လွယ် စတော့ဈေးကွက် အတိုအစများ (၁)

စတော့ လို့ ဆိုရာမှာ နှစ်မျိုးရှိပါတယ် ။ သာမန် ရိုးရိုး စတော့ လို့ ခေါ်တဲ့ commom stock နဲ့ အထူးစတော့ လို့ ခေါ်တဲ့ prefer stock ပါ။ ကျွန်တော် တို့ စတော့ လို့ ပြောရင် ဆိုလို တာကတော့ သာမန်ရိုးရိုးစတော့ ကို ဆိုလိုတာပါ။ ရိုးရိုးစတော့ လို့ ဆိုပေမယ့် အမှန်တကယ်တော့ မရိုးပါဘူး။ ဒီ စတော့ ကို ၀ယ်ချင်းအားဖြင့် ကုမ္မဏီ ရဲ့ တစ်စိတ်တစ်ပိုင်း ကို ပိုင်ဆိုင်ပါတယ်။ အကယ်၍ ကုမ္မဏီ က နှစ်ချုပ်လို့ အမြတ်ငွေ ရရင် ဒီ စတော့ ပိုင်ဆိုင်တဲ့ သူတွေကို ပိုင်ဆိုင်တဲ့ ပမာဏအလျောက် ခွဲဝေပေးပါတယ်။ ဘယ်လို ခွဲဝေပေးသလဲ ဆိုရင် ဥပမာ ကုမ္မဏီ ရဲ့ အမြတ်ငွေက သိန်း100 ဆို ရင် သူထုတ်တားတဲ့ စတော့ အရေအတွက်ပေါင်း က 100 ခု ဆိုပါတော့။ အဲဒါဆိုရင် သိန်း100 ကို 100 ပုံ ပုံ ရင် 1 ပုံ ကို တစ်သိန်းရမှာပေါ့ ။ အကယ်၍ ကိုယ်က စတော့ 2ခုပိုင် ရင် နှစ်သိန်းရမှာပေါ့။ အဲ ဒီခွဲဝေပေးတဲ့ အမြတ်ကို Earning per Share အတိုကောက် EPS လို့ ပြေလေ့ရှိပါတယ်။ စတော့ဈေးနှန်းကြည့် တဲ့ website တစ်ခုဖြစ်တဲ့ Finance.yahoo.com ကို သွားပြီး search box မှာ AAPL လို့ ရိုက်လိုက်မယ် ဆိုရင် apple computer ကုမ္မဏီ ရဲ့ စတော့ရှယ်ယာတန်းဖိုးကို ဖော်ပြပါလိမ့် မယ်။ AAPL ဆိုတာ apple ကုမ္မဏီကို ကိုယ်စားပြုတဲ့ အတိုကောက်စာလုံးပါ။ ကုမ္မဏီတိုင်း က သူ့ ကိုယ်စားပြု အတိုကောက်စာလုံးရှိလေ့ရှိပါတယ်။ စတော့ ၀ယ်ခြင်းအားဖြင့် အဓိက၀င်ငွေရတဲ့ နည်းလမ်းက တော့ Growth ဈေးတက်ဖို့ များတဲ့ စတော့ ကိုေ၇ွးဝယ်ခြင်းပါ။  စတော့ မှာ ရင်းနှီးမြုပ်နှံတဲ့ စီးပွားရေးသမားအများစု က အဲဒီ စတော့ ကို ပိုင်ထားလို့ အစုရှယ်ယာ ရတာထက် အဲဒီ စတော့ ရှယ်ယာ ရဲ့ ဈေးနန်းတက် သွားတာကို ပိုဂရုစိုက်ကြပါတယ် ဘာလို့ လဲဆိုတော့ ဈေးနန်းတက်တာ က များသောအားဖြင့် ငွေပိုရကြလို့ ပါ။




Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး