မြန်မာ့ အရေး သုံးသပ်ချက်
မြန်မာနိင်ငံရေးအခြေအနေကတော့ အကောင်းဆုံးလို့ သက်မှတ်မရတော့တဲ့ အခြေအနေပါပဲ။
အစီုးရကလည်း တခြား တိုင်းပြည်ဖွံးဖြိုးရေးတွက် လုပ်ဆောင်မူနည်းပါးပြီး လိင်ကာကွယ်ရေး ဥပဒေတွေ ဆက်တိုက်ထုက်ပြန်နေတာပါပဲ။
မြန်မာအငြိမ့်တွေမှာ အောက်ပိုင်းပြတ်လုံးတွေ ထုက်နေတလိုပဲ အစီုးရကလည်း အောက်ပိုင်း ကိစ္စတွေနဲ လူကြိုက်များအောင်ဆွဲဆောင်နေတော့တာပဲ
စီးပွားရေးမှာ အထူးကောင်းမွန်လာအောင် ဘာလုပ်ပေးခဲ့လဲ။ နှစ်တိုင်း လစာတော့ တိုးပေးတယ်။တက်လာတဲ့ ကုန်ဈေးနူန်းက မထိန်းပေးနိင်ဘူး။
အလုပ်အကိုင်အခွင့်အလမ်းတော့ မပေးနိင်ဖူး။အလုပ် လုပ်နိင်တဲ့ ဦးရေက တော့ သန်း(၃၁)လောက်ရှိတယ်လို့တော့ နိင်ငံတကာမှာ ပတ်ကြွားခဲ့တာပါပဲ။
နိင်ငံခြားရင်းနှီးမြုပ်နှံမူကို မျော်တယ်။ပြည်တွင်း SME တွေကို တော့ ပစ်ထားတယ်။ကော်မတီလုပ်ပီး ငွေချေးတယ်။ ရင်းနှီးသူ အချင်းချင်းပဲ ကြိက်ချေးလေ့ ရှိတာမို့ လုပ်ငန်းရှင်တွေ အော့ကြတယ်။
လူပြိုန်းကြိုက် ဘာသာရေးကို နိင်ငံရေးမှာ အသုံးချတယ်။ကျောင်သားတွေကို နိင်ငံရေးကစားမူမှာ မသုံးသင့်ဘူးလို့ ပြောတယ်။ တကယ်ထိရောက်တဲ့ ပညာရှင်တွေ နေရာမရ အောက်ဖားလံတွေနဲ မြန်မာစီးပွားရေးကို ၀င်မြင့်မတဲ့။
လူထု စားဝတ်နေရေးတွက် မစီစဉ်ပေးနိင်ဖူး။ မိန်းမကိစ္စကို အရေးကြီးအဆို တင်သွင်းတယ်။
လောလောဆယ်တော့ ရန်ကုန် ကျူးကျော်တဲတွေ ပေါလာတလို နေရာလု တိုးချဲနေတာကြောင့် ဒေသခံတွေနဲ ကျုးကျော်သူတွေ ၇န်ပွဲတွေ တွေ့မြင့်လာရတယ်။
လူတွေ ပျော်ရွှင်မူဆိုတာ အတော့်ကို နည်းပါးပြီး ထစ်ခနဲဆို တိုက်မယ် သတ်မယ် ဆိုတဲ့ စိက်ချည်း တွေ့မြင်လာရတယ်။
တစ်ယောက်အပေါ် တစ်ယောက် မကျေနပ်စိက်တွေနဲ ကြည့်နေတဲ့ လူတန်းစားပေါလာတလို ပညာတက်တွေ နေရာ မရပဲ ထင်တလို ၀င်ရိုင်းနေတဲ့ စစ်သားတွေ စစ်တပ်က အထုက်ခံရတော့ အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကို ၀င်လာကြပြန်ရော။ စစ်တပ်မှာတောင် သုံးစားမရတာ အရပ်ဘက်မှာကျတော့ ပိုဆီုးတာပေါ့။
ဘာပဲ ဖြစ်ဖြစ် ၂၀၁၅ ခုနှစ်ကတော့ စိက်လေစရာပါ။ အကောင်းဘက် မြင်နိင်ဖို့ ခဲယဉ်းတလို ရွှေးကောက်ပွဲ ရှိပြန်တာကြောင့် ကလိန်ကကျစ်တွေ ဘာသာရေး မှိုင်းတိုက်မူတွေ တွေ့မြင့်ရအုန်းမှာပါ။
လက်ရှိကတော့ ဆင်းရဲမွေတေမူ လျော့ချရေး အစီအစဉ်ကတော့ မအောင်မြင်သော သမ္မတရဲ့ မိန့်ခွန်းတခုအဖြစ် ပြောင်းလဲဖို့ ဆိုင်းပြင်းနေပါပြီ။

Comments
Post a Comment