လယ်ယာစိုက်ပျိုးရေးကို ဦးစားပေးသော်လည်း နိင်ငံမြေ၏(၂၀)ရာခိုင်နူန်းသာ သီးနှံစိုက်နိင်


Mr.Chin
ရန်ကုန်၊ဒီဇင်ဘာ(၈)ရက်


မြန်မာနိင်ငံသည် လယ်ယာကဏ္ဍာကို အဓီကဦးစားပေးသည့် နိင်ငံဟု ဆိုသော်လည်း နိင်ငံမြေ(၂၀)၇ာခိုင်နူန်းခန့်ကိုသာ သီးနှံစိုက်ပျိုးနိင်သေးပြီး အီမ်နီးချင်းဆန်တင်ပို့သည့်နိင်ငံများနှင့် ယဉ်လျှင် နည်းပါးနေဆဲ့ ဖြစ်ကြောင်းကြောင်း နိင်ငံတော်စီးပွားရေးအကြံပေး ဦးတင်ထွဋ်ဦး က Myanmar`s Economic Reforms တွင် ပြောကြားခဲ့သည်။

ကျွှန်တော်တို့နိင်ငံ ဆန်စပါးကို အဓိက အထူးပြုတဲ့ နိင်ငံတွေ ဆိုတာ မှန်ပါတယ်။ဒါပေမယ့် ပညာပေးရေးဘက်ကို အာရုံနည်းပါတယ်။ ဆန်စပါးအထွက်တိုးရေး၊ပြည်ပကို တင်ပို့နိင်ရေးကို ပဲ တိုးတက်အောင်လုပ်နေကြတယ်။သဘာဝပါတ်ဝန်းကျင် မထိခိုက်အောင် စိုက်ပျိုးဧရိယာတွေ တိုးချဲဖို့ လိုပါတယ်။ဟု နိင်ငံတော် အကြံပေးက ဆိုသည်။

နိင်ငံတော်အနေနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ မူဝါဒကို ပြန်လည်ပြုပြင်ရေးဆွဲရန် လိုအပ်နေပြီး အဓီက ပါဝင်သည် ၀န်ကြီးဌန (၃)ခု အပါအ၀င် သမ၀ါယမ ၀န်ကြီးငှန အပါ လေးခုမှ အထူးပြုကာ လယ်ယာဥပဒေကို တည်ဆောက်ရန် အာရုံစူးစိုက်နေကြောင်း၊နိင်ငံတွင် မြေသံယဇတပေါ်ကြွှယ်ဝသည်ဟု ဆိုသော်လည်း  လယ်ယာစိုက်ပျိုးနိင်သည့် ဧရိယာမှာ နိင်ငံမြေ၏(၂၀)ရာခိုင်နူန်းသာ ရှိနေသည်ဟု သမ္မတအကြံပေးက ဆိုသည်။

လက်ရှိ မြန်မာနိင်ငံမှာ ဧက (၆၇၆၅၇၇)sq.km ရှိပြီး စိုက်ပျိုးနိင်သော ဧရိယာမှာ သန်းပေါင်း(၁၇.၆)ဧက ရှိနေပြီး မိုးရာသီစိုက်ပျိုးနိင်သောဧကမှာ သန်းပေါင်း(၁၈.၇၆)ဧက ရှိနေကာ နှစ်စဉ် စပါးတင်းပေါင်(၁၄)သန်းခန့်၊ပဲမှာ(၁၂.၉၁)သန်းခန့် ထွက်ရှိသည်ဟု လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌန၏ အအချက်အလတ်များအရ သိရသည်။


 မြန်မာနိင်ငံက စိုက်ပျိုးဧရိယာက အိမ်နီးချင်း စပါးထွက်နိင်ငံတွေထက်  ဧက နည်းတယ်။အသစ်တွေ ဖော်ထုက်ဖို့ လိုတယ်။လယ်ယာမြေနဲ သက်ဆိုင်တဲ့ ဥပဒေတွေ ရှိပေမယ့် မသုံးခဲ့ကြတာ၊သုံးတက်တဲ့သူ ကျွှမ်းကျင်တဲ့သူ မရှိတာ ဟု သမ္မတအကြံပေး ဦးတင်ထွဋ်ဦးက ဆိုသည်။

ယခင်က အစီုးရတွင် လယ်ယာမြေဖော်ထုက်ရေးဌန ဟု၍ ရှိခဲ့ပြီး လယ်ယာမြေများကို ဖော်ထုက်ပေးခဲ့ကာ လုပ်ငန်းရှင်းများကို ဧကပေါင်း(၂)သန်းကျော် ဖော်ထုက်ပေးခဲ့သော်လည်း (၂၀)ရာခိုင်နူန်းခန့်ပင်မဖော်ထုက်နိင်ခဲ့ ဟု သမ္မတအကြံပေးက ပြောကြားခဲ့သည်။

လက်ရှိ တွင် အစီုးရ Private စနစ် ကို အကောင်အထည် ဖော်ထုက်ပေးနေရာ လယ်ယာစိုက်ပျိုးရေးကို ပံပိုးပေးနိင်မည့်  အချက်များကိုပါ အကောင်အထည်ဖော်ပေးလျက် ရှိနေကြောင်း ၊လယ်ယမြေဖော်ထုက်ပေးရေးကို ဆောင်ရွှက်ရန် လိုအပ်လျက် ရှိနေကာ ကမ္ဘာဒီယားနိင်ငံပင်လျှင် နိင်ငံမြေ၏(၃၀)ရာခိုင်နူန်းနှင့် (၄၀)ရာခိုင်နူန်း ရှိကြောင်း သမ္မတ အကြံပေးက ဆိုသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး