သုံးနှစ်အတွင်း ဂျပန်ရင်းနှီးမြုပ်နှံမူ ထိပ်ဆုံးစာရင်းသို့ ရောက်မည်
ဂျာနယ်လစ်ကိုထွန်း
ရန်ကုန်၊ဒီဇင်ဘာ(၁၀)ရက်
လက်ရှိကာလအတွင်း ဂျပန်နိင်ငံမှ ရင်းနှီးမြုပ်နှံအများအပြားပြုလုပ်နေလျက်ရှိနေရာ
သုံးနှစ်အတွင်း မြန်မာနိင်ငံရင်းနှီးမြုပ်နှံမူပြုသည့် ထိပ်ဆုံးစာရင်းများသို့ ၀င်ရောက်သွားမည်
ဖြစ်ကြောင်း MIC မှ အတွင်းရေးမူးဖြစ်သူ ဦးအောင်နိင်ဦးက ပြောကြားသည်။
အခုဂျပန်ရင်းနှီးမြုပ်နှံတာတွေက SEZ လို နေရာမျီုးတွေမှာ
လုပ်နေတာ ဆိုတော့ သီးခြားစီမံမူတွေနဲ သွားနေတော့ DICA နဲ ပူးပေါင်းလို့ မရသေးဘူး။ဒါပေမယ့်
တရားဝင်ပေါင်းပြီးသွားရင် သုံးနှစ်အတွင်းမှာ ထိပ်ဆုံး တစ်ကနေ သုံးအတွင်း ၀င်ရောက်သွားပါလီမ့်မယ်
ဟု ၎င်းက ဆက်လတ်ပြောကြားသည်။
ဂျပန်နိင်ငံအနေနှင့် မြန်မာနိင်ငံသို့ အစီုးရအနေနှင့်ရော
ကုပ္မဏီအများအပြားပါ ၀င်ရောက်ရင်းနှီးမြုပ်နှံလျက် ရှိနေသော်လည်း သီလ၀ါ၊ထားဝယ်ရေနတ်ဆိပ်ကမ်း
တို့ကဲ့သို့ နေရာမျိုးတွင် ဖြစ်ရာ SEZ low ဖြင့် ဆောင်ရွှက်နေသဖြင့် DICA စာရင်းထဲ့သို့
ထည့်သွင်းနိင်ခြင်း မရှိသေးကြောင်း ဦးအောင်နိင်ဦးက ပြောကြားသည်။
လက်ရှိ DICA စာရင်းအရ ရင်းနှီးမြုပ်နှံမူ ပြုသည့် နိင်ငံများစာရင်းတွင်
အမေရိကန်ဒေါ်လာသန်းရာကျော် ဖြင့် အဆင့်(၁၂)တွင် ရပ်တည် လျက်ရှိနေပြီး အိန္ဒိယ၊နယ်သာလန်၊ပြင်သစ်၊ဗယက်နမ်နိင်ငံများ၏
အောက်တွင် ရပ်တည်လျက်ရှိနေသည်။
သို့သော်လည်း အစီုးရခြင်းချူပ်ဆိုသော ရင်းနှီးမြုပ်နှံမူဆိုင်ရာ
သဘောတူညီမူ၊သီလ၀ါတွင် အလုံးအရင်းဖြင့် ရင်းနှီးမြုပ်နှံမူ နှင့် ထားဝယ်ရေနတ်ဆိပ်ကမ်း
စီမံကိန်းတွင်လည်း ပါဝင်ရန် ပြင်ဆင်နေတလို ကျောက်ဖြူရေနတ်ဆိပ်ကမ်းစီမံကိန်းများကိုလည်း
စိက်ဝင်စားလျက် ရှိနေသည်။
နောင်သိပ်မကြာခင် SEZ က စာရင်းတွေကို တရားဝင်ပူးပေါင်းသွားမှာပါ။ဒီအခါကျရင်
ဂျပန်ရင်းနှီးမြုပ်နှံမူ စာရင်း တက်သွားပါလိမ့်မယ် ဟု ဦးအောင်နိင်ဦးက ဆိုသည်။
ဂျပန်နိင်ငံသည် စီးပွားရေးရင်းနှီးမြုပ်နှံမူသာ မက အများပိုင်ကုပ္မဏီများ
ရှယ်ယာရောင်းဝယ်နိင်ရန်အတွက် ဒိုင်ဝါမှ တဆင် ကူညီနေတလို ဂျပန်ရင်းနှီးမြုပ်နှံသူများအတွက်
ဂျပန်ဘဏ်(၃)ခုကိုလည်း မြန်မာနိင်ငံဗဟိုဘဏ်က ခွင့်ပြုပေးခဲ့ရာ နိင်ငံတကာဘဏ်များရင်းနှီးမြုပ်မူတွင်
အများဆုံး ပါဝင်နေခြင်း ဖြစ်သည်။
Comments
Post a Comment