AEC အောင်မြင်ရန် အတွက် အချိန်လိုနေဆဲ ဟု ဦးသိမ်းဝေ(ခ)ဆာခ်ျပန် ဝေဖန်





AEC2015 ပေါ်ပေါက်လာရန် နီးကပ်လာပြီ ဖြစ်သော်လည်း အောင်မြင်သောစီမံကိန်းတခု ဖြစ်လာဖို့ရန်အတွက်မူ အချိန်လိုအပ်နေသေးကြောင်း FMI မှ ဥက္ကဌ ဖြစ်သူ ဦးသီမ်းဝေ ခေါ် ဆာခ်ျပန် က ဝေဖန်ပြောကြားလိုက်သည်။
AECသည် အောင်မြင်သော စီမံကိန်းတခု ဖြစ်ဖို့က အချိန်လိုသေးပါတယ်။ စလိုက်တာကတော့ ကောင်းပါတယ် ဟု ဦးသိမ်းဝေက ဆိုသည်။
Asean Economic Community သည် အာဆီယံ နိင်ငံအချင်းချင်း ကုန်သွယ်ရာတွင် နည်းစနစ်နှင့် အညီ လျင်လျင်မြန်မြန် ကုန်သွယ်နိင်ရန်နှင့် အကောက်ခွန် ကောက်ခံမူ နူန်းထားများကို သုည ရာခိုင်နူန်းအထိ လျော့ချရန် ဖြစ်သည်။
AEC2015သည် မြန်မာနိင်ငံအတွက် အခတ်အခဲ ရှိနေဆဲ ဖြစ်ကာ အာဆီယံနိင်ငံများသို့ ကုန်စည်ပို့လျှင် တင်သွင်းလျှင် အခွန်ကင်းလွတ်ခွင့် ရမည် ဖြစ်သော်လည်း မြန်မာနိင်ငံမှ သွားသည့်မှာ နည်းပြီး လာသည်မှာ များနေ၍ ကောင်းကျိုးရှိတလို ဆီုးကျိုးလည်း ရှိနေကြောင်း၊ အကောက်ခွန် ကင်းလွတ်ခွင့် ရလာမည် ဖြစ်၍ ပြည်တွင်းကုန်ပစ္စည်းများ အနေနှင့် ယဉ်ပြိုင်ရမူ ရှိလာ၍ အရည်အသွေး ကောင်းလာမည် ဖြစ်ကာ ချက်ချင်း အောင်မြင်လာမည်ဟု မယူဆကြောင်း ဦးသိမ်းဝေက ဆိုသည်။
AEC အတွက် ရည်ရွှယ်ကာ အကောက်ခွန် နူန်းထားများ ကို သုည ရာခိုင်နူန်းမှ ငါးရာခိုင်နူန်း အထိ လျော့ချပေးပြီး ဖြစ်ကာ ကုန်ပစ္စည်း အမျိုးအစား(၉၂)ရာခိုင်နူန်းခန့်မှာ အခွန်ဆောင်ရန် မလိုတော့သဖြင့် ပြည်ပသို့ တင်ပို့သည် ဖြစ်စေ တင်သွင်းလာသည် ဖြစ်စေ အကောက်ခွန်ခ လျော့နည်းမူကြောင့် ကုန်စည် လျော့နည်းလာမည် ဖြစ်သည်။
AEC ကို သူတို့ မျော်လင့်ထားတာတဲ့ ရလာဒ် တခု ရနိင်ဖို့ကတော့ အများကြီး လိုအပ်နေပါသေးတယ်။ သို့သော်လည်း ဖြေလျော့မူတွေ အများကြီး လုပ်ပေးလာတယ် ဟု ယမ်ယမ် လုပ်ငန်းရှင် ဦးဝေဖြိုးက ဆိုသည်။
သို့သော်လည်း မြန်မာနိင်ငံ လုပ်ငန်းရှင်များအပါအဝင် လူအများစုက စိက်ဝင်စားမူ နည်းနေပြီး ရောက်လာခဲ့လျင်လည်း အကျိုးစီးပွားကို ထိခိုက်လာစေနိင်သည် ဟု ယူဆနေကြသော်လည်း မြန်မာနိင်ငံအနေနှင့် ၂၀၁၅ခုနှစ် အကုန်တွင် စတင်ဆောင်ရွှက်ရတော့မည် ဖြစ်သည်။
အာဆီယံနိင်ငံတွေမှာ မေးရင် AEC ဆိုတာ သိကြပါတယ်။ မြန်မာကတော့ နည်းပါတယ် ဟု ဦးသီမ်းဝေက ဆိုသည်။
အာဆီယံကုန်သွယ်မူအစုအဝေး သည် မြန်မာနိင်ငံအတွက် အကျိုးသက်ရောက်မူ အများအပြားရှိနေတလို အများစုက ကောင်းကျိုးထက် ဆီုးကျိုးကိုသာ ရရှိမည် ယူဆနေကြသော်လည်း ယဉ်ပြိုင်မူအခြေအနေတို့ကြောင့် ပိုပြီး ကုန်ထုက်လုပ်ငန်းများတိုးတက်လာမည် ဟု ၎င်းက ဆိုသည်။



Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး