အေးစက်နေသော အီမ်ခြံမြေဈေး မီုးရာသီတွင် ပိုမီုအေးစက်လာ






နှစ်စဉ်နှစ်တိုင်းအိမ်ငှားနေထိုင်သူရာခိုင်နှုန်းဟာတိုးမြင့်လာသော်လည်း အိမ် ခြံမြေဈေးကွက်သည် အဆင်းဘက်ကိုဦးတည်နေပြီး ၂၀၁၅ခုနှစ် မိုးရာသီစသည့်အချိန်မှစ၍ အိမ်ခြံမြေအရောင်းအဝယ် သည် ကျဆင်းလာလျက် ရှိနေသည် House.com.mmမှ သတင်း ထုက်ပြန်ချက်တို့ အရ သိရသည်။
မိုးတွင်းကာလတစ်နည်းဝါတွင်းကာလမှာ လူတွေအရွေ့အပြောင်းမလုပ်ချင်တာအပြင် အိမ်ခြံမြေပိုင်ရှင်တွေကိုယ်တိုင်ကလည်း  အရောင်းအဝယ်ကြော်ငြာနည်းခြင်း ကြောင့် လက်ရှိ အီမ်ခြံမြေဈေးကွက်မှာ အေးစေနေခဲ့သည် ဟု Myanmar Property Marketplace အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ သည်။
                အိမ်ခြံမြေဈေးကွက်ငြိမ်သက်ခြင်းနှင့်မိုးရာသီတို့မှာနှစ်စဉ်ဖြစ်ပွားလေ့ရှိသည့်အစဉ်အလာတစ်ခု ဖြစ်ပြီး  မိုးရေနှစ်စဉ်ကြီးမားသည့်နေရာများမှာ ရေကြီးမှုများကြောင့် လူကြိုက်နည်းသထက်ပိုနည်း လာပြီဖြစ်တလို ရန်ကုန်မြို့ရှိတချို့နေရာများတွင်လည်းအိမ်ရှာသူများအကြား၌လူကြိုက်များမှုကျဆင်း လာပြီဖြစ်သည် ဟု House.com.mm က ဆိုသည်။
အလားတူ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက်လည်း မီုးရာသီသည် အခတ်အခဲ ဖြစ်လေ့ ရှိနေပြီး ရန်ကုန်မြို့ရှိ ဗိုလ်တစ်ထောင် အနီး၊ တာမွေ အနီး စသည့်ဖြင့် ရေကြီးရေလျံ ဖြစ်ပွားတက်သည့် နေရာများကို ၀ယ်လိုသူ၊ ဌားလိုသူများ ရှောင်ဖယ် လာနေကြသည်ကို တွေ့ရကြောင်းလည်း သိရသည်။
မြန်မာနိင်ငံတွင် ဝါတွင်းကာလပါ ဖြစ်၍ အရွှေ့အပြောင်း ပြုလုပ်လိုသူ နည်းပါးရာ အီမ်ခြံမြေအဌားဈေးကွက်ပါ အေးသည် အခြေအနေဖြစ်နေတလို အရောင်းအဝယ် ဈေးကွက်မှာလည်း ပြီးခဲ့သည့် ဧပရယ်လမှ စတင်ကာ တဖြေးဖြေးအေးစက်လာခဲ့သည် ဟု အကျိုးဆောင်တို့က ဆိုသည်။
မြန်မာနိင်ငံ အိမ်ခြံမြေဈေးကွက်မှာ တန်ဖိုးများမှာ မြင့်တက်နေပြီး အလွန်ဆုံး အခြေအနေထိ ရောက်ရှိနေရာ ပိုင်ဆိုင်နိင်သည့် အခွင့်အရေးလျော့နည်းလာသဖြင့် ဝယ်လတ်ပျောက်သည့် အထိ ရှိနေကာ အဌားဈေးကွက်သာ တွင်ကျယ်နိင်သည့် အခြေအနေဖြစ်လာခဲ့သည်။
လက်ရှိ မီုးရာသီကာလတွင် အီမ်တအိမ်၏ ခိုင်ခံမူ၊လုံခြုံမူ ရှိမရှိကို အလွယ်တကူသိနိင်သည် ဖြစ်၍ အိမ်ရှာလျှင် အကောင်းဆုံးကာလတစ်ခု ဟု House.com.mm ရဲ့မန်နေဂျင်းဒါရိုက်တာဖြစ်သူ BalajiRamaswami က ပြောကြားခဲ့သည်။
လက်ရှိ ကာလတွင် တန်ဖိုးကြီးအီမ်ယာအများအပြားလည်း ဈေးကွက်တင်ရောင်းချမူ ရှိလာနေပြီး အများစုမှာ ဝယ်နိင်သည့် အခြေအနေ မပေးရှိနေကာ ကျပ်သိန်းရာချီ ဈေးနူန်းလျော့ချရောင်းလာပေးမူတို့ ရှိလာသည့်တိုင် အဝယ်ပျောက်နေဆဲဖြစ်သည်။



Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

မြန်မာနိင်ငံ ဘဏ်သမိုင်းအကြောင်း(၁၉၁၃-၁၉၆၃)