ပုဂ္ဂလိ အာမခံလုပ်ငန်းများ တလလျှင် ကျပ်တစ်ဘီလီယံ ရသည့်အထိ ၀င်ငွေကောင်းနေ
ပြည်တွင်းပုဂ္ဂလိ အာမခံလုပ်ငန်းများ
သတ်တမ်း(၂)နှစ်ခွဲ ကာလသာ ရှိသေးသော်လည်း တလလျှင် ကျပ်သန်း(၁၀၀၀) ရသည့် အထိ ဝင်ငွေ ကောင်းမွန်ကာ
အောင်မြင်လျက် ရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဖြစ်သူ ဒေါတ်တာဦးမောင်မောင်သိမ်းက
ငွေကြေးဆိုင်ရာ အလုပ်ဆွေးနွေးပွဲတခုတွင် ပြောကြားသည်။
သတ်တမ်းအားဖြင့် နုငယ်တဲ့
အနေအထားမှာ ရှိနေပေမယ့် အာမခံဈေးကွက်အနေနဲကတော့ အောင်မြင်နေတာမို့ ချီးကျူးရမှာပါ
ဟု ဒုဝန်ကြီး ဒေါတ်တာဦးမောင်မောင်သီမ်းက ဆိုသည်။
ပြည်တွင်းပုဂ္ဂလိ အာမခံလုပ်ငန်းများကို
၂၀၁၃ခုနှစ်မှ စတင်ကာ လုပ်ကိုင်ခွင့် ပြုခဲ့ပြီး ကုမ္ပဏီ(၁၂) ရှိခဲ့သော်လည်း (၁၀)ခုသာ
ဆောင်ရွှက်လျက် ရှိနေသေးပြီး အာမခံလုပ်ငန်း(၄၈)မျီုးအနတ် (၆)မျိုးကိုသာ လုပ်ကိုင်ခွင့်
ပြုခဲ့ကြောင်း၊ သတ်တမ်းအားဖြင့် ၂၀၁၅ခုနှစ် သြဂုက်လတွင်ပင် နှစ်နှစ်ခွဲကျော်သာ ရှိသေးသော်လည်း
အောင်မြင့်လျက်ရှိနေပြီး ပြည်တွင်းပုဂ္ဂလိ အာမခံလုပ်ငန်းများအနေနှင့် လစဉ် ကျပ်သန်း(၁၀၀၀)နှင့်
အထက် ဝင်ငွေ ရရှိနေပြီ ဖြစ်သည် ဟု ဒုဝန်ကြီးက ဆိုသည်။
အာမခံလုပ်ကိုင်ခွင့် ပြုခဲ့သော
ပြည်တွင်းပုဂ္ဂလိ အာမခံလုပ်ငန်း(၁၂)ခုမှာ အာခမံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့အနေဖြင့် ပြည်တွင်းကုမ္ပဏီ
၁၂ ခုမှ ငါးခုကို လုပ်ငန်းလိုင်စင် ချထားပေးခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီငါးခုမှာ Apex
Insurance International၊ I.K.B.Z Insurance၊ Great Future International
Insurance၊ Capital Life Ltd Insurance Application၊ Global Standard Insurance၊
Green Asia Insurance၊ Pillar of Truth Insurance၊ ဧရာမြန်မာအာမခံ လုပ်ငန်း၊ မြ၀တီ
အာမခံကုမ္ပဏီ လီမိတက်၊ ကျောက်စိမ်း ဘုရင်နှင့် ဘုရင်မ ၀န်ဆောင်မှုကုမ္ပဏီ လီမိတက်၊ နိုင်ငံသား
စီးပွားရေးအာမခံ အများပိုင်လီမိတက်၊ မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီတို့ဖြစ်သည်။
လုပ်ကိုင်နေသော ပြည်တွင်းပုဂ္ဂလိ
အာမခံလုပ်ငန်းအချို့မှာ သတ်တမ်း ခြောက်လအတွင်းမှာပင် ကျပ်ငွေ (၆)ဘီလီယံနီးပါး ရရှိအောင်
စွမ်းဆောင်ထားနိင်လျက် ရှိနေရာ လက်ရှိ တလလျင် ပျမ်းမျ ကျပ်သန်း(၁၀၀၀) ရရှိမူ အရ နှစ်နှစ်ခွဲတာ
ကာလအတွင် ကျပ်ငွေ ဘီလီယံ(၃၀)နီးပါး ရရှိထားကြပြီ ဖြစ်သည်။
မြန်မာအာမခံလုပ်ငန်း အနေနှင့်
အာမခံလုပ်ငန်း (၄၈)မျီုးကို လုပ်ကိုင်ဆောင်ရွှက်နေသော်လည်း ပြည်တွင်းပုဂ္ဂလိ အာမခံလုပ်ငန်းများကို
(၆)မျီုးသာ ချထားပေးခဲ့ပြီး ယင်းတို့မှာ အသက်အာမခံ၊ မီးအာမခံ၊ သမာဓိအာမခံ၊ ငွေပို့ငွေသယ်
အာမခံ၊ ငွေသားလုံခြုံမှု အာမခံနှင့် အလုံးစုံ မော်တော်ယာဉ် အာမခံတို့ ဖြစ်ကြပြီး အသက်အာမခံ
အမျိုးအစားတွင် ပြည်သူပြည်သား အသက်အာမခံ၊ စုပေါင်းအသက် အာမခံ၊ မြွေအန္တရာယ် အသက်အာမခံနှင့်
အားကစားသမား အသက်အာမခံတို့ ဖြစ်ကြသည်။
ပြည်တွင်းပုဂ္ဂလိ အာမခံလုပ်ငန်းများလုပ်ကိုင်လိုသူများ
အနေနှင့် အသက်အာမခံလုပ်ငန်းအတွက် ကျပ်(၆)ဘီလီယံ နှင့် အထွေထွေအာမခံလုပ်ငန်းအတွက် ကျပ်ငွေ
ဘီလီယံ(၄၀)ခန့် ရှိရမည် ဖြစ်သည်။
Comments
Post a Comment