ထိပ်တန်းဓာတုဗေဒကုပ္မဏီ ဖြစ်သော BASF ရန်ကုန်ရုံးခွဲဖွင့်လစ်
ဓာတုဗေဒပစ္စည်း ထိပ်တန်းကုပ္မဏီ ဖြစ်သော BASF ကုပ္မဏီသည် မြန်မာစီးပွားရေးအလားအလာကောင်းမွန်နေမူနှင့် စီးပွားရေးလုပ်ငန်းများ၏ ဓာတုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိင်ရန် ရည်ရွှယ်လျက် ရန်ကုန်ရုံးခွဲကို ဖွင့်လစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုက်ပြန်လိုက်သည်။ အဆိုပါရုံးခွဲကို မြန်မာနိင်ငံလုံးကို ဓာတုဗေဒပစ္စည်းများ ဖြန်ချီရန်အတွက် ရည်ရွှယ်ဖွင့်လစ်ခြင်းဖြစ်ပြီး ပြည်တွင်းပစ္စည်းဖြန့်ချီရေးလုပ်ငန်းများမှ တဆင့် ဖြန်ချီသွားမည် ဖြစ်ပြီး ထိုင်း၊ဗီယက်နမ်၊ ကဗ္ဘာဒီယားနှင့် လာအိုတို့တွင်လည်း အခြေစိုက်ထားသည်။ စီးပွားရေး လုပ်ငန်းတွေ တိုးချဲဆောင်ရွှက်ရာမှာ လိုအပ်ချက်မြင့်တက်လာမယ့် ဓာတုဗေဒ ထုက်ကုန်တွေကို ဖြည့်ဆည်းပေးနိင်ဖို့အတွက် မြန်မာနိင်ငံမှာ ဖွင့်လစ်ထားတဲ့ ရုံးခွဲက ပံပိုးပေးနိင်ဖို့ ရည်ရွှယ်ထားတယ် ဟု ထိုင်း၊ဗီယက်နမ်၊ကဗ္ဘာဒီယား၊လာအို နှင့် မြန်မာနိင်ငံဆိုင်ရာ ဈေးကွက်များကို တာဝန်ယူ လုပ်ကိုင်နေသည် BASF လုပ်ငန်းစု၏ အမူဆောင်ဒါရိုက်တာ Mr.Boonchai Opas-iam- likit က ပြောကြားခဲ့သည်။ တိုးတက်လာနေသော မြန်မာနိင်ငံမြို့ပြနှင့် စီးပွားရေးလုပ်ငန်းများကို ပံပိုးပေးနိင်ရန် ၊ကြုံတွေရမည့် စိမ်ခေါ်မူများကို အတူတကွ ပူးပေါင်းဖြေရှ...