ရန်ကုန်စတော့တွင် ၀င်ရောက်စာရင်းတင်နိင်ချေရှိသည့် ကုပ္မဏီ(၃)ခု




 Mr.Chin
Yangon

ရန်ကုန်စတော့အိက်ချိန်း ဈေးကွက် စတင်လာခဲ့အခါ ပါဝင်လာနိင်ဖွယ် ရှိသည့် ကုပ္မဏီ(၃)ခုကို ဘဏ္ဍာရေးဝန်ကြီးငှနမှ ဒုဝန်ကြီး ဒေါတ်တာမောင်မောင်သိမ်းက ပြောကြားရာ AGD Bank ၊First Myanmar Investment Co ltd နှင့် MAPCO တို့ ဖြစ်ကြသည် ဟု ဆိုထားသည်။

ထူးခြားချက် အနေနှင့် အဆိုပါ အများပိုင်ကုပ္မဏီ (၃)ခုလုံးမှာ အမေရိကန်စီးပွားရေးပိက်ဆို့ခြင်း ခံထား၇သူများက ဦးဆောင်ထးခြင်းဖြစ်သည်။စီးပွားရေး ပိက်ဆို့ခံရပါက စတော့ဈေးကွက် ၀င်ရောက်နိင်မူ ရှိ မရှိကို မသိရသော်လည်း မြန်မာနိင်ငံမှာ ပိက်ဆို့ခံရသူ အများစုကသာ ယုံကြည်နိင်ဖွယ် ရှိသည့် အနေအထား ဖြစ်လေသည်။
ဆိုလိုသည်မှာ လုပ်ငန်းဆောင်ရွှက်နိင်မူ၊အာမခံနိင်မူ၊ချမ်းသာကြွယ်ဝမူနှင့် အောင်မြင်မူတို့ကို အခြားလုပ်ငန်းရှင်တို့က မမှိကြသေးချေ။

အဆိုပါ ဖြစ်နိင်ချေရှိနေသော အများပိုင် ကုပ္မဏီ(၃)ခု၏ အကြောင်း အကျဉ်းချူပ်ကို ဖော်ပြလိုက်သည်။

(1)AGD bank အကြောင်း

AGD bank ကို ၂၀၁၀ ခုနှစ် သြဂုက်လတွင် နေပြည်တော်ဘဏ်ခွဲ အဖြစ် ထူထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း အနေဖြင့် သတ်တမ်း(၄)နှစ် ပြည့်သွားခဲ့ပြီ ဖြစ်သည်။ ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မူ (၁၀)မျီုး ကို ဆောင်ရွှက်လျက် ရှိနေပြီး ဘဏ်ခွဲပေါင်း(၄၈)ခုနှင့် ငွေလဲကောင်တာ (၁၈)ခု တို့ကို ဆောင်ရွှက်ထားရှိပြီး ၀န်ထမ်းအင်အားပေါင်း(၃၂၀၀)ကျော် ရှိနေသည်။

နိင်ငံတကာ ငွေလဲလှယ်ခွင့်ကိုလည်း ရရှိခဲ့ကာ နိင်ငံခြားငွေလွဲလုပ်ငန်း(၁)ခုကိုပါ ဆောင်ရွှက်နေလျက် ရှိသည်။နိင်ငံခြားငွေလွဲလုပ်ငန်းကို မလေးရှားနိုင်ငံမှ May Bank ၊ CIMB Bank ၊ IME (International Money Express) Counter ၊ထိုင်းနိင်ငံမှ Karsikorn Bank (KBank) တို့နှင့် ငွေလွဲလုပ်ငန်း ၀န်ဆောင်မူကို ပေးလျက် ရှိနေသည်။

လက်ရှိတွင် အများပိုင်ကုပ္မဏီ အဖြစ် ပြောင်းလဲရန်ပြင်ဆင်နေပြီး အစုရှယ်ယာ(၃၀)ရာခိုင်နူန်းခန့်ကို ထုက်ရောင်းရန် ပြင်ဆင်နေသော်လည်း ဗိုလ်ချူပ်ကြီး နေ၀င်း၏ မြေးများ ဖြစ်သော အေးနေ၀င်းတို့ ညီအကိုထံ အစုရှယ်ယာ(၇၀)ရာခိုင်နူန်းကို ရောင်းချပြီးစီးခဲ့ကြောင်း ဆိုထားသဖြင့် အငြင်းပွားဖွယ် ပြသာနာများ ရှိခဲ့သည်။

ယင်းအတွက်ကြောင့် နဂိုမူလပိုင်ရှင်ဖြစ်သော ထူးကုပ္မဏီပိုင် ဦးတေဇမှ ပြန်လည်စဉ်းစားမည်ဟု ထုက်ဖော်ပြောဆိုခဲ့ရပြီး ယင်းနောက်ပိုင်း ထူးခြားသော အဖြစ်အပျက်တို့ မရှိတော့ချေ။ဗဟိုဘဏ်၏ မူဝါဒ အရ အစုရှယ်ယာ(၂၀)ရာခိုင်နူန်းကိုသာ ထုက်ရောင်းချခွင့် ရှိနေပြီး ယင်းပမဏထက် ပိုပါက အသိပေးရန်လိုအပ်သည် ဟု ဆိုသော်လည်း ယင်းပြသာနာက ဗဟိုဘဏ် စည်းမျဉ်းကိုပါ ထိပါးသွားစေခဲ့သည်။

အများပိုင်ကုပ္မဏီ အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း အများပိုင်ကုပ္မဏီများကဲ့ သို အစုရှယ်ယာ ထုက်ရောင်းချခြင်း မရှိသေးပဲ လုပ်ငန်းရှင် နှစ်ဦး သုံးဦးထံသို့သာ လက်လွဲပြောင်းရောင်းချထားခဲ့သည်။

ဦးတေဇက ဘဏ်လုပ်ငန်းကို အများပိုင်အဖြစ် ပြောင်းလဲရခြင်းမှာ ၎င်း၏ စီးပွားရေးပိက်ဆို့မူ ခံရမူကြောင့် ဘဏ်လုပ်ငန်း ထိုက်သင့်တလောက် မတိုးတက်ပဲ ရှိနေသည့် အတွက် လွဲပြောင်းခဲ့ခြင်း ဖြစ်ကာ အများပိုင်ကုပ္မဏီ ဖြစ်ပေးလာပါက လက်ရှိ အခြေအနေထက် အများအပြားတိုးတက်လာမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

(2)FMI Co ltd အကြောင်း

First Myanmar Invistment Co ltd ကို ၁၉၉၂  ခုနှစ်တွင် ထူထောင်ခဲ့ပြီး ဆာခ်ျပန် ခေါ် ဦးသိမ်းဝေက စတင် ထူထောင်ခဲ့ခြင်း ဖြစ်ကာ အများပိုင်ကုပ္မဏီအဖြစ် အောင်မြင်စွာ ရပ်တည် ဆောင်ရွှက်နိင်ခဲ့သည်။ဟောင်ကောင် နှင့် စကာင်္ပူတွင် အောင်မြင်ခဲ့သည့် အီမ်ခြံမြေလုပ်ငန်းကို မြန်မာပြည်တွင် တဖန် ခြေချ ဆောင်ရွှက်လာခဲ့ခြင်း ဖြစ်သော်ငြားလည်း တခြားလုပ်ငန်းများစွာကိုလည်း အောင်မြင်စွာ ထူထောင်နိင်ခဲ့သည်။

အများပိုင်ကုပ္မဏီ တခု ဖြစ်သော FMI သည် FMI အီမ်ယာ၊ပန်းလှိုင် အိမ်ယာ နှင့် ဆေးရုံ၊ဂေါက်ကွင်း၊သန်လျင် ကြယ်စင်အီမ်ယာ ၊မော်တော်ကားလုပ်ငန်း ၊ရိုးမ ဘဏ် နှင့် FMI ကုန်တိုက် တို့ အပါအ၀င် လုပ်ငန်းများစွာ ရင်းနှိ မြုပ်နှHမူ ပြုထားသည့် ကုပ္မဏီ တစ်ခု ဖြစ်လေသည်။

သို့သော် ဂျပန်နိင်ငံ ကားကုပ္မဏီ တခု ဖြစ်သော Susuki ကားကုပ္မဏီ ပူးပေါင်းလုပ်ဆောင်သော လုပ်ငန်း ရှိခဲ့သော်လည်း ယင်းအကျိုးတူ ပူးပေါင်းမူက ကားကုပ္မဏီ အတွက် ဒေါ်လာသန်းပေါင်းများစွာ နစ်နာစေခဲ့ပြီး အကျိုးအမြတ် ရရှိသွားအောင် FMI ကုပ္မဏီ၏ ဥက္ကငှ ဖြစ်သူ ဦးသိမ်းဝေ ဖြစ်သည် ဟုလည်း အသံထွက်ခဲ့ဖူးလေသည်။

FMI ကုပ္မဏီ သည် မြန်မာနိင်ငံတွင်  ၀န်ဆောင်မူ လုပ်ငန်း(၃၅)ရာခိုင်နူန်း၊အီမ်ခြံမြေ (၃၁)ရာခိုင်နူန်း၊မော်တော်ယာဉ်ထုက်လုပ်ရေး(၂၀)ရာခိုင်နူန်း နှင့် ဘဏ်လုပ်ငန်း(၁၀)ရာခိုင်နူန်း ပါဝင်ထားရှိကာ အီမ်ခြံမြေလုပ်ငန်း အရှိန်မှာ သန်လျင် ကြယ်စင်အိမ်ယာ စီမံကိန်းကြောင့် အလွန်အမင်းဖွံးဖြိုးတိုးတက်လာခဲ့သည်။

သို့သော်လည်း ရိုးမဘဏ် အပါအ၀င် လုပ်ငန်းအချို့မှာ စီးပွားရေးပိက်ဆို့မူစာရင်းတွင် ပါရှိနေပြီး စကာင်္ပူတွင် စတော့ရှယ်ယာ တင်ထားတလို ရှယ်ယာကိုလည်း အများပြည်သူတို့ထံ ရောင်းချမူ နည်းပါးပြီး ၀ယ်လိုအားများလျက် ရှိနေသည်။လက်ရှိ FMI စင်တာတွင် အထပ်မြင့် အဆောက်အအုံနှစ်ခု ကို တည်ဆောက်ရန် ပြင်ဆင်လျက် ရှိသည်။

FMI ဥက္ကငှဖြစ်သူ ဦးသိမ်းဝေ သည် သီလ၀ါ အထူးစီးပွားရေးအများပိုင်ကုပ္မဏီတွင် ဒုဥက္ကငှ အဖြစ် ဆောင်ရွှက်ခဲ့ဖူးပြီး လက်ရှိတွင် အမူဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်နေသည်။သို့သော်လည်း ဦးသိမ်းဝေသည် စီးပွားရေး ပိက်ဆို့သူ စာရင်းထဲတွင်  ပါဝင်လျက် ရှိနေဆဲ့ ဖြစ်သည်။

(3) MAPCO ခေါ် မြန်မာ့လယ်ယာစိုက်ပျိုးရေးအများပိုင် ကုပ္မဏီ အကြောင်း

မြန်မာ့လယ်ယာစိုက်ပျိုးရေး အများပိုင်ကုပ္မဏီကို မြန်မာဆန်စပါးအသင်းမှ တာဝန်ရှိသူများမှ တာဝန်ယူ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အများပိုင်အဖြစ် အစုငွေ တန်ဖိုး(၁၁)ဘီလီယံကျပ်ဖြင့် ထူထောင်ခဲ့ကာအစုရှယ်ယာဝင် (၁၄၀၀) ရှိသည်။

၂၀၁၂ခုနှစ်တွင် ထူထောင်ခဲ့လေရာ သက်တမ်းအားဖြင့် (၃)နှစ်ခန့် ရှိနေပြီး လက်ရှိအစီုးရလက်ထက် အများပိုင်ကုပ္မဏီများထဲတွင် အအောင်မြင်ဆုံး ဟု ဆိုရမည်သာ ဖြစ်သည်။လက်ရှိတွင် ဆန်စက်များ၊ဆန်ကို ပြည်ပတင်ပို့ခြင်း၊သီလ၀ါ ဆိပ်ကမ်းတည်ဆောက်ခြင်း တို့ကို ဆောင်ရွှက်နေပြီး ဆိပ်ကမ်းသိုလှောင်ရုံများကို နိင်ငံအနှံတိုးချဲ့ရန် ပြင်ဆင်နေသည်။

လက်ရှိ အများပိုင်ကုပ္မဏီတွင် ရုံးဝန်ထမ်းများမှ လွဲပြီး ဥက္ကငှ အပါအ၀င် အမှုဆောင်များ နှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိသူများ မှာ လခမယူပဲ ဆောင်ရွှက်နေကြခြင်း ဖြစ်သည်။ရုံးခန်းကို တလကျပ်သိန်း(၁၅၀)ဖြင့် အစီုးရထံမှ ငှားရမ်းဆောင်ရွှက်နေသည် ဟုလည်း သိရသည်။
သိုသော်လည်း အများပိုင်ကုပ္မဏီ ဥက္ကငှ ဖြစ်သူ ဦးချစ်ခိုင်မှာ စီးပွားရေးပိက်ဆို့မူ စာရင်းထဲတွင် ပါဝင်နေဆဲ့ဖြစ်ပြီး ဧဒင် ဂရုပိုင်ရှင်လည်း ဖြစ်ရာ ယင်း ကုပ္မဏီမှာလည်း မကြာမှိ အများပိုင် အဖြစ်ပြောင်းလဲရန်လည်း ပြင်ဆင်နေသည်ဟု သိရသည်။

MAPCO မှာ တက်သစ်စ လူငယ် များကို နေရာပေးမူ ရှိနေသည့် အပြင် အတွေ့အကြုံ ကြွယ်ဝသည့် ပညာရှင့်တို့နှင့်သာ မက ဂျပန်နိင်ငံမှ မစ်ဆူဘစ်ရှီ ကုပ္မဏီတို့ ပူးပေါင်းဆောင်ရွှက်နေမူကြောင့် အများပိုင်ကုပ္မဏီများထဲတွင် နာမည် အရဆုံး ကုပ္မဏီ အဖြစ် ရပ်တည်နေသည်။





Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး