သီတင်းကျွတ်ပွဲတော်ကြီးအတွက် COCA-COLA ၏ ပထမဦးဆုံးသော လက်ဆောင်ထုပ်ပိုးမှုပုံစံအား မြန်မာပြည်တွင် မိတ်ဆက်
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ၂၀၁၄ခုနှစ် အောက်တိုဘာလ ၃ရက်
-
သီတင်းကျွတ်ပွဲတော်ကို
ရည်စူးပြီး ပုံဖော်ထားသော Coca-Cola ၏ ပထမဦးဆုံးသော လက်ဆောင်ထုပ်ပိုးမှုပုံစံသစ်အား
Coca-Colaမှ မိတ်ဆက်ခဲ့ပြီး ဒီနှစ်သီတင်းကျွတ်မှာ မိမိတို့ချစ်ခင်နှစ်သက်သူများနှင့်
ပျော်ရွှင်ခြင်းတို့ကို မျှဝေနိုင်ဖို့အတွက် မိတ်ဆက်လိုက်ပါသည်။
စာသင်ကျောင်းတို့မှာ
သင်ကြားခဲ့ရသော ထင်ရှားကျော်ကြားသည့် သားချော့တေးကဗျာ ဖြစ်သည့် “ရွှေလမှာယုန်ဝပ်လို့၊
ဆန်ဖွပ်သည့် အဘိုးအို၊ ဟောကြည့်ပါဆို” အစချီသောကဗျာလေးကို ပြန်ပြောင်းအောက်မေ့ရာ အဖြစ်
ဖိုးလမင်းနှင့် ရွှေယုန်ကို ပုံဖော်ထားပြီး မြန်မာလူမျိုးတို့၏ လူကြီးမိဘတို့အပေါ် ရိုသေလေးစားတက်သည့်
ချစ်စရာ့ ရိုးရာကို ရည်ညွှန်းထားပါသည်။
သီတင်းကျွတ်ပွဲတော်ကြီးကို
ဗုဒ္ဓဘာသာဝင်တို့၏ သီတင်းဝါလကင်းလွတ်ရာ သီတင်းကျွတ်လပြည့်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး
ယခုနှစ်တွင် အောက်တိုဘာလ ၈ရက်နေ့တွင် ကျရောက်ပါသည်။ မြန်မာလူမျိုးများသည် သီတင်းကျွတ်ကာလတွင်
စေတီဘုရားများသို့သွားရောက် ဖူးမျှော်ခြင်း၊ ဘိုးဘွား၊ မိဘ၊ ဆရာသမားတို့အား လက်ဆောင်ပစ္စည်းများဖြင့်
ဂါရဝပြုခြင်းတို့ဖြင့် သီတင်းကျွတ်ပွဲတော်ကြီးကို ဆင်နွှဲလေ့ရှိပါသည်။
“မြန်မာနိုင်ငံမှာ လူကြီးသူမတွေကို သီတင်းကျွတ်ပွဲတော်
ကာလမှာ ချစ်ခင်လေးစား ဂါရဝထားတဲ့ အနေနဲ့ လက်ဆောင်ပစ္စည်းများနဲ့ ကန်တော့တတ်တဲ့ ချစ်စရာကောင်းတဲ့
ရိုးရာဓလေ့များ အင်မတင်ပေါကြွယ်ဝ ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း
ဒီလိုရက်ကြီးအချိန်အခါသမယပွဲတော်ကြီးမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် သိတတ်နားလည်မှုတို့ကိုဖော်ကျူးနိုင်ဖို့အတွက်
ဒီလက်ဆောင်ထုပ်ကို မိတ်ဆက် ပေးချင်ပါတယ်။ Coca-Cola
က ပထမဦးဆုံးအကြိမ်အဖြစ် မိတ်ဆက်လိုက်တဲ့ ဒီလက်ဆောင် ထုပ်ပိုးမှုပုံစံနဲ့အတူ အားလုံးပဲ
ပျော်စရာအချိန်များကို သီတင်းကျွတ်ပွဲတော်ကြီးမှာ မျှဝေနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ လန်းဆန်းပျော်ရွှင်ကြပါစေလို့ Coca-Cola
အဖွဲ့ကိုယ်စား ဆုတောင်းပေးလိုက်ပါတယ် ” ဟု Coca-Cola Myanmar ၏
Marketing Director ဖြစ်သူ Mr. Rommel P. Fuentebella မှဆိုပါသည်။
Coca-Cola,
Coca-Cola Zero, Sprite နှင့် Max+ Orange တို့ဖြင့် ထုပ်ပိုးထားသည့် သီတင်းကျွတ်လက်ဆောင်မွန်ထုပ်များအား
အမြို့မြို့အနယ်နယ် အရပ်ရပ်ရှိ စူပါမားကတ်များ၊ ဈေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင်
အောက်တိုဘာလ ပထမအပတ်မှ စတင်ပြီး ကုန်ပစ္စည်းလက်ကျန် ရှိသည့်အထိ ဝယ်ယူနိုင်မှာ ဖြစ်ပါသည်။
Comments
Post a Comment