တကိုယ်တော် ဆန္ဒပြခြင်း (သရော်စာ)



မောင်ချင်း

နေ့စဉ် သတင်းများဖြင့် နှပန်းလုံးနေရသော ငမောင်တစ်ယောက် မီဒီယာ နှင့် ပြန်ကြားရေးတို့ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်း ရရှိလေရာ ကြုံတုန်း ၀မ်းယားမှောက် ဟု ဆိုကာ ခရီး မဆိတ်ပင် တကိုယ်တော် ဆန္ဒပြရန်အလိုငှာ့ သူဖုန်းစားလွယ်အိက်ကို ကိုင်ကာ ရှေးလူကြီးများ ထုက်ဖော်ရာ မြို့တော် ခန်းမ ရှေ့သို့ ဦးတည် ချီတက်လာခဲ့သည်။

သတင်းသမား တစ်ဦး ပီပီ သတင်းသမားတို့ အကြောင်း ရေလိုကျေ ထုံးလို နှောက်ထားနိင်သည့် သူဖြစ်ရာ မလာခင် အစောပိုင်းကပင် နာမည် မကြီး ဂျာနယ် တိုက်မှ သတင်းငတ်နေသော မီဒီယာတသိုက်ကို ပြောင်းဖူးကျွှေး သတင်းဦးပေးမည် ဟု ဆိုသမုက်ကာ အပိုင်ချည်နှောင်ထားပြီး ဖြစ်ရာ ၎င်း ဆန္ဒပြမူ သတင်း တပြည်လုံး ပျံရန် အသင့်ဖြစ်နေချေပြီ ဖြစ်သည်။

ထိုတမုံ မီဒီယာ သမားတို့၏ ထုံးစံအတိုင်း သတင်းပေးလုပ်လေရာ မြို့တော် ခန်းမရှေ့ ကြက်ပျံ မကျ စည်းကားခဲ့ပြီးတကာလ ရဲများကလည်း လုံခြုံေ၇း အထူး တင်းကြပ်လိုက်တော့သည်။ရဲများက စနစ်တကျ နေရာယူ၊ မီဒီယာသမားများ ကင်မရာ လက်သင့်ချိန့်လျက် ဆန္ဒပြသူကို စောင့်ဆိုင်းလျက်ရှိသော်လည်း အို့…ရဲဘော် ငမောင် ကာ ပျောက်နေတုန်းပင်။သို့သော်ငြားလည်း မီမီ လာမည် ဖြစ်ကြောင်း ကိုမူ ဖုန်းဘေလ် ငွေ အစိက် အကုန်ကျခံကာ သတင်းသမားတစ်ဦးအား တိုးတီး သတင်းပေးထားလေသည်။

မီဒီယာ အင်အားပေါင်းရာကျော် ၊လုံခြုံရေး အရ ရဲအင်းအား (၅၀)ကျော် ချထားသည့်တိုင် ရဲမူးကြီးကာ အင်းအား လိုအပ်ဆဲ့ ဟု ယူဆကာ စက်ဖြင့် ငှနသို့ လှမ်းပေါက်လေသည်။ထိုသို့ အခြေအနေ ဖြစ်လေရာ ငမောင်ကို ယောင်၍ပင် မသိကြကုန်သော မီဒီယာသမားတို့ စိက်ဝယ် အတော် စွမ်းပကားကြီးသော သူ တစ်ဦး ဟု မှတ်ယူကြသည် ဖြစ်ရာ ငှန သို့ပင် ထိုသူ မေ၇ာက် မချင်း မပြန် ဟု စိက်ပိုင်းဖြတ်ဟန်နှင့် ရပ်စော့င်နေကြလေသည်အထိပင်။

ထိုအချက်များကြောင့် လမ်းဘေး ဈေးသည်များ (စည်ပင်ကြောင့်လည်း ဖြစ်နိင်) ရုက်ချည်း ပျောက်သွားတလို လူအများစုမှာ ပြသာနာ ကြီးနိင်သည် ဟု ယူဆကာလမ်းကြောင်းရှောင်လျက် ရှိချေတမုံ။ပြည်တော် အရေး မအေးဖွယ်ရှိသည် ဟု ဆိုကာ ဆူးလေဘုရားလမ်း တကြော့ ကားများ ၀င်ရောက်ခြင်း မရှိကြတကဲ့သို့ အချို့သော ပါတီ  များကလည်း တတပ်တအား ပါဝင်ရန်စီစဉ်လျက် ရှိနေသည် ဟု သတင်းထောက်တစ်ဦးက အော်ဟစ် ပြောဆိုလေရာ လူအများ ရုက်ချည်း လှုပ်ရှား ကြကုန်လေသည်။ အချို့ အတင့်ရဲလှသော လူ အချို့သာ ခြုံကွယ် တိုင်ကွယ် နေရာများမှ ခိုးကြောင် ခိုးဝှက် ကြည့်ရူကြလေသည်။

အချို့သော မီဒီယာများမှာ ရောက်ရှိနေသော ရဲမူးကြီးကို ရီကော်ဒါဖြင့် အတင်း ထိုးဂလော်မေးမြန်းနေကြလေသည်။
ဆရာ အနေနဲပေါ့ ဒီလို ဆန္ဒပြမူနဲ ပါက်သက်ပြီး ဘယ်လို မြင်လဲ ပြောပေးပါအုန်းရှင့်
အော် ..ဒီမီုကရေစီ စနစ်မှာ အရင် မဟုက်တော့ဘူးပေါ့လေ.. ပြမယ်ဆိုရင် စာရင်းခွင့်တင်ထားပြီးမှ ပြသင့်တာပေါ့။
ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာ ထင်တိုင်း ပြနေတာ မကောင်းဘူးပေါ့။
ဟက်ကဲ့ ဆရာရှင့် ဒီလို ဆန္ဒပြတာနဲ ပါက်သက်ပြီး ဆရာတို့ အနေနဲ ဘယ်လို ဆောင်ရွက်ဖို့ ရှိလဲ့ရှင့်
အင်း ဥပဒေ အရ အရေးယူရမှာပါ။ကျွှန်တော်တို့ အားလုံးကို ထိန်းထိန်းသိမ်းသီမ်း ဆောင်ရွှက်သွားချင်ပါတယ်ဗျာ။သူအနေနဲ ခွင့်ပြုချက် မတောင်းထားဘူး။
ဟုက်ကဲ့ပါ.. အခုပြမယ့် သူက တော်တော် သြဇာ ကြီးတယ်လို့ သိရပါတယ်.။သူနဲ ပူးပေါင်းဖို့ အချို့ပါတီတွေတောင် စည်းရုံးရေး  ဆင်းနေပြီလို့ သိရပါတယ်။ဆရာအနေနဲ တားဆီးနိင်မယ်လို့ မျော်လင့်မီပါလား
အင်း ပြောရရင်တော့ အထက်က ညွန်ကြားမူ အရ အသေးစိက် ဆောင်ရွှက်ပြီးပါပြီ။ဒီကိစ္စကိုလည်း အထက်က တာဝန်ပေးလို့ လာတာပါ။ပါတီတွေနဲပါက်သက်ပြီးတော့ အထက်က ပေးတဲ့ တာဝန် အရ သတင်းပေးပို့ပြီးသွားပါပြီ။အခု လာပြတဲ့သူကိုလည်း အထက်ကညွန်ကြားချက် အတိုင်း လိုအပ်တလို ဆောင်ရွှက်သွားမှာပါ။
ကျေးဇူးပါ ဆရာခင်ဗျာ… ဒီကိစ္စနဲ ပါတ်သက်ပြီးတော့ ဆရာရဲ့ ၀မ်းသာ ပီတီ စကားလေး ပြောပေးပါအုန်း။
အင်း စိက်လှုပ်ရှားနေမီတာတော့ အမှန်ပဲ။အဲလေ..ဘယ်နှယ် ၀မ်းသာ ပီတီစကားလဲ..သွား သွားကွာ..အရေးထဲ ၀မ်းသာ ပီတီစကားနဲ လာတိုးနေတယ်.. ခွီးတဲ့… ဆိုလေရာ မီဒီယာတို့ ရှဲသွားကြလေသည်။

ထိုနှင့် မကြာမှိ  ပါတီ အချို့မှ လူအင်အား(၂၀)ကျော် ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဦးစွာ ရောက်ရှိလာကြပြီးတကာ မြို့တော် ခန်းမ ပန်းခြံဘေးတွင် ထောက်ခံကြောင်း တစာစာ အော်ဟစ်ကြလေသည်။အခြား အဖွဲ့များလည်း ရောက်ရှိလာကာ ဆန္ဒပြသူ၏ နောက်တွင် ၎င်းတို့ ရှိကြောင်း ဆိုလေရာ လက်ခုက်သံ တသောသော ညံလေသည်။ မီဒီယာများမှာ ယနေ့တွင်မှ ပူလစ်ဇာ ဆုရပေတော့မည်ဟု နှလုံးမူပြီးတကာလ အခါမလှပ် ဓါက်ပုံ ရိုက်ကြလေရာ နေ့ခင်းကြောင်တောင် မီးေ၇ာင်တဖျက်ဖျက် ပွင့်လေတော့သည်။

အရေးတော်ပုံကြီး အောင်ရမည်။ ညီစေနော် မင်း ညီစေတည်း .. အရေးတော် ပုံချည်း အောင်ရမည်  ဟုသော အသံမှာ ဆူးလေတ၀ိုက်ပျံနှံလေတော့သည်။
 လူအင်းအား (၁၀၀)ကျော် ရောက်ရှိလာပြီးတကာလ ကချင်ပုဆီုး၊အကျီ င်္ဖြူ ဆင်တူ အပြင် ခေါင်းစည်များမှာ တူညီစွာ အပန်းရောင် ဆောင်လျက် ရှိလေသည်။ထိုအပြင် ထောက်ခံကြောင်း ဆိုင်းဘုက်များ လေပေါ်တွင် တလူးလူး လှုပ်ရှားလေရာ ကြည့်မီသူတိုင်း ရင်တထိက်ထိက် ဖြစ်ရလေတော့သည်။

လုံခြုံရေး ရဲများ အနေနှင့် ထိန်းသီမ်းရ ခတ်ရချေ ဟု မှက်ကာ စီုးရီမ်မူ မျက်နှာအပြည် နှင့် ဖြစ်သော်ငြားလည်း အထက်က ညွန်ကြားချက် ထပ်မံ မရောက်ရှိသေးချေရာ ဘာမှ မတက်နိင် ငေးကြည့်ရုံသာ ရှိလေတမုံ။

မီဒီယာ အင်အားရာကျော်၊ပါတီ လူများ တစ်၇ာကျော် ရှိကာ ပေါင်းလေလျင် နှစ်ရာကျော်မျ ဖြစ်လေရာ နည်းသည့် လူအင်းအား မဟုက်တုန်လော့။ထိုတိုင် ဆန္ဒပြမည့်သူကား ရောက်ရှိလာခြင်း မရှိသေးချေ။
ကြားရသည့် သတင်းကား အမေ့နတ်နန်းတွင် အထူးအစည်းအဝေး တက်ရောက်နေရကြောင်း ကိုယ်တော်လေး ၊ကိုယ်တော်ကြီးများနှင့် တွေ့ဆုံညိနိုင်းနေပြီး မကြာမှီ ကိုကြီးကျော်နှင့်တူ ရောက်လာမည် ဖြစ်ကြောင်း အတွင်းသတင်း ဟု ဆိုကာ သတင်းသမားတစ်ဦး က ဗြောင်ဖွင့်ချလေရာ လူအုပ်စု မှာ စိက်လှုပ်ရှား လျက်ရှိ ကြလေသည်။

သတင်းသမားတို့ ၏ အချိန်နှင့် တပြေးညီ     ဖေံ့ဘုက်တွင် တင်ဆက်မူကြောင့် အွန်လိုင်းသုံး လူများအကြား အထူးရေပန်းစားလာသည့် အပြင် ဆန္ဒပြမည့် သူမှာလည်း အထူးနာမည်ကြီးလျက်ရှိသည်။ အချို့ကာ ဘုရားလောင်း ဟု ခေါ်ဝေါ်သမုက်ပြီး အချို့ကား ဒေ၀ဒတ် အနွယ်ဟု ဝေဖန်ကြလေရာ နိင်ငံတကာမှပင် စိက်ဝင်စားမူ အရှိန် တိုးလေတော့သည်။

မည်မျ အရှိန်ကြီးတနည်း ဆိုရသော် အင်းအားကြီးနိင်ငံတခု၏ သံရုံးကပင် ဆန္ဒပြသူ အဖမ်းခံရပါက ၎င်းနိင်ငံကို ပင့်ဆောင်သွားမည် ဖြစ်ပြီ ဖမ်းဆီးခြင်းကိစ္စနှင့် ပါတ်သက်၍ အပြင်းအထန်ရှုက်ချမည့် ထုက်ပြန်ချက်ကိုပါ နာမည်ကြီး မီဒီယာသမားအချိုက ကွက်ကျော် ရရှိထားပြီး ဖြစ်လေသည်။လူအခွင့်အရေးဆု များပေးရန် အတွက်လည်း နိင်ငံတကာအဖွဲ့အစည်းများက ဆော်သြနေပြီဖြစ်ကာ ဆုကို  ပုံစံအမျီုးမျီုးနှင့် ချီးမြင့်ရန် ပြင်ဆင်လျက် ရှိကသည်က တမုံနှင့် အရှိန်ကယက်ရိုက်နေလေတော့သည်။

ခရိုနီ အချို့ကာ အကွက် ကြိုမြင်တော်မူသည် ဖြစ်လေရာ စားစရာ ၊သောက်စရာများကို အလျံအပါယ် လှုဒါန်း ပံပိုးလေသည်။ ထိုကြောင့် မကြာမှိအချိန်တွင်မှာပင် မြို့တော် ခန်းမရှေ့ကာ လူများစွာ ပြည့်ကျပ်လာခဲ့သည် ဖြစ်ရာ ရဲမူးကြီးကာ တုန်လှုပ်သည့် မျက်နှာပေးဖြင့် ငှနချူပ်သို့ စစ်ကူအတင်းတောင်းနေလေတော့သည်။

မကြာမှိ ဆန္ဒပြမည့် လူရောက်ရှိလာပြီ ဟု တစ်ယောက်က အော်ဟစ်လေရာ မီဒီယာတို့ အတုန်းအရုန်းသွားကြလေတမုံ။အချို့ကား ကို့ယို့  ကားယား၊အချို့ကာခြေတုန် လက်တုန် နှင် အပြေးပြိုင်ပွဲ ၀င်ကြလေသည် ဖြစ်ရာ ချော်လှဲသူလှဲ၊အရိုက်ခံရသူ အထုခံရသူ ၊ပုဆီုးကျွက်သူ များနှင့် ဆဲဆိုသံတို့ဖြင့် ၀ရုန်းသုန်းကားဖြစ်လေရာ ကြည့်လေသူတို့  ပိုစိက်လှုပ်ရှားကြလေတော့သည်။
ရဲများကား အသင့်နေရာယူလျက် ရှိနေကြပြီ ဖြစ်ရာ အချို့ ရပ်ကြည့်နေသူများမှာ အလျိုးလျိုး ပုန်းရန် ပြေးလွာလျက် ရှိကြပြန်သည်။

မီဒီယာသမားတို့ တိုးဝှေ့နေမူကို အချို့ ပါတီ လူများ အကာအကွယ်ပေးရန် အော်ဟစ် တိုးဝင်သွားကြတကဲ့သို့ အချို့ကလည်း မြေပေါ် ထိုင်ချကာ လက်အုပ်ချီလျက် ဆန္ဒပြမည့်သူ လာရာဘက်သို့ မျက်နှာ မျော်နေကြလေတော့သည်။

ဘေးဖယ် ဘေးဖယ် ..ကြပါ နေရာလေးပေးကြပါ။ ဟု ဆိုကာ အတင်း တိုးဝင်သွားကြသည့် ပါတီလူတို့ကြောင့် ဆန္ဒပြမည့်သူ အသက်ရူချောင်ဟန်တူသည်။ မျက်နှာလေး မော့လျက် ခပ်ပြင်းပြင် အသက်ရူလေသော်အခါ..
ဝိုင်းအုံနေသော လူအုပ်ကြီးကာ ဟင် ခနဲ ဟာခနဲ ဖြစ်လေသည်။
ဟင်.. သတင်းထောက် ငမောင် ပါလား… ဘယ်မှာလည်း သြဇာကြီးတဲ့သူ ဆို ဘယ်မှာတုန်း.. ဟု ပွက်လော ရိုက်သွားလေသည်။

မှန်ပေတည်း… ငမောင် ဟု အမည်ရလေသော ငါးတိုက်ထွက် သတင်းသမား   ဖြစ်ပေသည်။ခပ်စောစောက သေချာ မကြည့်ပဲ ပုံသာလျင် အဓီက ဟု စိက်ထားလေသော မီဒီယာတို့ နှလုံးအော ကြလေသည်။ စပ်ဖြီးဖြီး  ပြုံးပြနေသော ရုပ်ပုံကို မြင်လျင် ရိုက်ချင် စိက် ပေါက်ကြလေသည်။

ပါတီလူများကလည်း သေးငယ် စုက်ချာသော ငမောင်ကို မြင်လေလျင် အလို…ခင်ဗျာကြီးလား ဆန္ဒပြမယ့် သူဆိုတာ ဟု မေးလေရာ အဆွေ ငမောင်က အသာအယာ ခေါင်းညိက်ပြလေတမုံ။
ဟင်…ပြောကြတော့ အမေ့ဆီ ၀င်သေးဆို…
ဟုက်တယ်လေ အီမ်က အမေကို ကန့်တော့ပြီးမှ လာတာ။လမ်းမှာ ကိုယ်တော်လေး ပင့်လှူပွဲ ရှိတာနဲ ၀င်ပြီး ကခဲ့သေးတာ..
ပါတီလူများ မျက်နှာ အပျက်ပျက်နှင့်
ဒါဆို ကိုကြီးကျော်က လိုက်ပို့မယ် ဆိုကော
အင်း ဟုက်တယ် တွေ့လား ဒီမှာ ကိုကြီးကျော်ဆီက  စွန့်ထားတဲ့ အရက်ပုလင်းရယ်၊ကြက်ပေါင်တစ်ခုရယ် ယူလာတာ တွေ့လား
ဘာတွက် ဆန္ဒပြမှာလဲဗျာ ပြောပါအုန်း..
ကျွှန်တော် ကောင်မလေးက ပြောတယ်..သူ အချစ်ကို ရချင်ရင် ဒီနေရာမှာ ဆန္ဒပြ စောင့်နေ လို ဆိုလို့ဟုဆိုသော အခါဝယ် ပါတီလူများ ငိုယိုကြလေတော့သည်။

ထို ငိုသော အသံကို ကြားလေရာ ပြင်ပတွင် စောင့်နေသောပါတီလူများမှာ တပြိုင်နတ်ထဲ
အရေးတော်ပုံကြီး အောင်ရမည်… ညီစေနော် ညီစေမင်း ဟု သံပြိုင် ဆိုလေသတည်း။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး