မြန်မာ့SME လုပ်ငန်းများ ဒေသတွင်းနိင်ငံများတွင် အနှိမ့်ဆုံး စာရင်းဝင်




 မောင်ချင်း
Yangon

မြန်မာနိင်ငံတွင် SMEs လုပ်ငန်း များမှာ စီးပွားရေးလုပ်ငန်း၏ (၉၉.၄)ရာခိုင်နူန်းအထိ ပါဝင်နေသောလည်း ပျမ်းမျ လူဦးရေတစ်ထောင်လျင် လူ(၂.၆)ဦးခန့်သာ  SMEsကို လုပ်ကိုင်လျက်ရှိရာ ဖွံးဖြိုးဆဲနိင်ငံများတွင်ပင် အနှိမ့်ဆုံးစရင်းဝင်နေသည်ဟု ESCAP၏ သတင်းထုက်ပြန်ချက် အရ သိရသည်။

နိင်ငံတကာတွင် ခန့်မှန်းခြေများ အရ လူတစ်ထောင်လျှင် ပျမ်းမျ လူ(၉)ဦးမှ (၂၇)ဦး အထိမှာ SMEs လုပ်ငန်းရှင်များ ဖြစ်လေရာ မြန်မာနိင်ငံ၏ အခြေအနေအရ ဖွံးဖြိုးနေဆဲ နိင်ငံများထက်ပင် အနှိမ့်ဆုံး စာရင်းဝင်နေလျက် ရှိသည် ဟုလည်း ထုက်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိင်ငံတွင် စီးပွားရေးလုပ်ငန်းပေါင်း (၁၂၆၉၅၈)ခု ရှိနေပြီး အကြီးစားလုပ်ငန်းပေါင်း(၇၂၁)ခု ရှိကာ အသေးစားနှင့် အလတ်စား လုပ်ငန်းစုစုပေါင်း(၁၂၆၂၃၇)ခု ရှိနေကာ စီးပွားရေးလုပ်ငန်း စုစုပေါင်း(၉၉.၄)ရာခိုင်နူန်း ရှိနေကြောင်း၊ ထိုအပြင် ယေဘုယျ မသက်မှတ်နိင်သေးသော တနိင်တပိုင် စီးပွားရေးလုပ်ငန်းများမှာ စုစုပေါင်း(၆၂၀၀၀၀)ခန့် ရှိနေကြောင်း အသေးစားနှင့် အလတ်စားစီးပွားရေဖွံးဖြိုးတိုးတက်ရေးငှန မှ ထုက်ပြန်ချက်တို့ အရ သိရသည်။

SME လုပ်ငန်းများသည် နိင်ငံ စီးပွားရေး အခန်ကဏ္ဍအတွက် အရေးပါလျက်ရှိရာ ယင်းအတွက် သီးခြားဥပဒေ အပြင် SME development Bank ကိုပါ ထူထောင်ခဲ့သည်။

သို့သော်လည်း အများစုကို ကူညီပံပိုးမူ မပြုထားနိင်သည့် အပြင် မကြာမှိ ရောက်ရှိလာမည့် 2015 AEC/AFTA တွင် ဒေသတွင်းနိင်ငံများကို ယဉ်ပြိုင်နိင်ခြင်း မရှိပဲ လုပ်ငန်းများပျေက်ကွယ်သွားမည်ကို အဆိုပါ SMEs လုပ်ငန်းရှင်များက ဆိုထားကြသည်။

လက်ရှိ မြန်မာနိင်ငံတွင် SMEs စံနူန်း သက်မှတ်ချက် အရ ၀န်ထမ်း(၁၀)ယောက် အောက် လုပ်ငန်းများကို Micro SMEs၊၀န်ထမ်း (၅၀)ဦး အထိ ရှိကာ ရင်းနှီးမြုပ်နှံငွေ ကျပ်သိန်း(၁၀၀) ဆိုပါက အသေးစား SME လုပ်ငန်း၊၀န်ထမ်း(၁၀၀)ဦး နှင့် ရင်းနှီးမြုပ်နှံငွေ ကျပ်သိန်း(၅၀၀)ဆိုပါက အလတ်စား SME လုပ်ငန်း နှင့် ၀န်ထမ်းဦးရေ (၁၀၀)အထက် နှင့် ရင်းနှီးမြုပ်နှံငွေ ကျပ်သိန်း(၁၀၀၀)အထက် ဆိုပါက  အကြီးစားလုပ်ငန်း ဟု ယေဘုယျ သက်မှတ်ထားလေသည်။

ပြည်တွင်း SMEs လုပ်ငန်းများ ရေရှည် ရပ်တည်လုပ်ကိုင်နိင်ရေးတို့အတွက် နည်းပညာနှင့် ငွေကြေး လိုအပ်လျက် ရှိနေကာ ယင်းအချက်တို့ကို အကူအညီ ရရှိနိင်မူ နည်းပါးလျက် ရှိနေတလို ဘဏ်ချေးငွေမှ အတိုးနူန်းကြီးမြင့်တကဲ့သို့ ချေးငွေ ရရှိနိင်မူမှာလည်း နည်းပါးလျက် ရှိသည်ဟု လုပ်ငန်းရှင်တို့ ထောက်ပြထားသည်။

SMEs လုပ်ငန်းများသည် နိင်ငံတခု ၏ GDP အပေါ် အထောက်အကူ ပြုလေ့ ရှိပြီး ထုက်ကုန်အများစု ထုက်လုပ်ဖြန်ချီပေးရာ ဖြစ်သည့်အတွက် နိင်ငံတကာတွင် အထူးတလည်ဦးစားပေး စနစ်ကျင့်သုံးကာ လုပ်ငန်းများ လည်ပတ်နိင်ရန် အထောက်အပံပေး ဆောင်ရွှက်လေ့ ရှိသည်ဟု OSEAP က ဆိုထားသည်။

အိမ်နီချင်းနိင်ငံများဖြစ်သော တရုက်နိင်ငံရှိ ပို့ကုန်(၆၉.၂)ရာခိုင်နူန်းကို  SMEs လုပ်ငန်းများမှ ရရှိပြီး၊ထိုင်းနိင်ငံ ၏ ပြည်ပပို့ကုန်(၃၀.၆)ရာခိုင်နူန်း၊ဗီယက်နမ် နိင်ငံ၏(၂၀)ရာခိုင်နူန်း၊အိန္ဒိယ မှ (၄၀)ရာခိုင်နူန်း တို့မှာ SMEs လုပ်ငန်းများမှ ရရှိလေသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

မြန်မာနိင်ငံ ဘဏ်သမိုင်းအကြောင်း(၁၉၁၃-၁၉၆၃)