Posts

ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ဆောက်မည့် ကုပ္မဏီ တရုက်နွယ်ဖွား နှစ်ဦးပိုင် ဟု ဆို

Image
ရန်ကုန်မြို့သစ် စီမံကိန်း ဖြစ်လာဖွယ်နေရာ                                                           လက်တလော နာမည်ကြီးနေတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆောင်ရွှက်ခွင့် ရရှိထားတဲ့ မြန်မာ့စေတနာ မြို့သစ် အများပိုင်ကုပ္မဏီဟာ တရုက်နွယ်ဖွားတွေ ဖြစ်တဲ့ ရှောက်ပန်းနဲ ရှောက်စန်း ညီအကို နှစ်ဦးက ထူထောင်ထားတာ ဖြစ်တယ်လို့ ဧရာဝတီ သတင်းငှနက ရေးသားလိုက်ပါတယ်။ အမေရီကန်ဒေါ်လာ ဘီလီယံနဲ ချီ ကုန်ကျမယ့် အဆိုပါ အများပိုင် ကုပ္မဏီဟာလည်း နေရာ လိပ်စာ အတိအကျ မရှိသေးတဲ့ အပြင် တာဝန်ရှိသူ ဆိုလို့ အဆိုပါ ကုပ္မဏီရဲ့ မန်နေဂျင်ဒဒါရိုက်တာ ဦးသက်ဦး ဆိုသူကသာ ဒိုင်ခံ တုန့်ပြန်ဖြေရှင်ပေးနေတယ်လို့ သိရပါတယ်။ ရှောက်ပန်းနဲ ရှောက်စန်းလို့ ခေါ်တဲ့ တရုက်နွယ်ဖွား ညီအကို နှစ်ဦးဟာ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်နေတဲ့ ဦြး...

ရုရှားရေနံ ကုပ္မဏီတခု ဒုတိယအကြီမ် ရင်းနှီးမြုပ်နှံ

Image
 Mg.chin Yanmgon ရုရှားနိင်ငံ အခြေစိုက် ရေနံကုပ္မဏီတခု ဖြစ်တဲ့ Bashneft International B.V.,Co.ltd ဟာ မြန်မာနိင်ငံ ကမ်းလုပ်ကွက်ဖြစ်တဲ့ Block EP-4မှာ ၀င်ရောက် ရှာဖွေဖို့ အမေရိကန်ဒေါ်လာသန်း(၃၈.၃)တန် သဘောတူညီမူ စာချူပ်ကို လက်မှတ် ရေးထိုးခဲ့ပြီးပါပြီ။ ဒီလုပ်ကွက်ကို  Bashneft International B.V.,Co.ltd က (၉၀)ရာခိုင်နူန်း ပါဝင်မှာ ဖြစ်ပြီး မြန်မာကုပ္မဏီဖြစ်တဲ့ Myanmar’s Sun Apex Holdings က (၁၀)ရာခိုင်နူန်း ပါဝင်မှာ ဖြစ်ကာ စာချူပ်သက်တမ်းကတော့ (၃)နှစ် ဖြစ်ပါတယ် လို့ သတင်းထုက်ပြန်ချက် အရ သိရှိရပါတယ်။ အဆိုပါ ရုရှားရေနံ ကုပ္မဏီဟာ ဗြိတိန် အခြေစိုက် British Premier Oil ကလည်း ရှယ်ယာ(၃၀)ရာခိုင်နူန်း ပါဝင်တဲ့ လုပ်ငန်းဖြစ်ပြီး ဒုတိယကန်ထရိုက်အဖြစ်နဲ မြန်မာ့ ကမ်းလွန်ရေနံ လုပ်ကွက်ကို ရှာဖွေခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရေနံလုပ်ကွက်ဖြစ်တဲ့ Block EP-4 ဟာ မြန်မာ့ ကမ်းလွန်ရေပိုင်နတ်မှာ တည်ရှိပြီး (၈၄၁)Squares mile ကျယ်ဝန်းတာ ဖြစ်ပြီး ကမ်းလွန်ရေနံလုပ်ကွက်ပေါင်း(၁၅၀)ကျော်ထဲက တခု ဖြစ်ပါတယ်။

ဆန်ကုန်သည်တွေ ရူံးလေတလား ပြည်ပတင်ပို့မူ အခြေအနေ

Image
Mg.chin Yangon မြန်မာနိင်ငံရဲ့ ဆန်လောကဟာ ခတ်ခဲတဲ့ အခြေအနေမှာမို့  ပြည်တွင်းလုပ်ငန်းရှင် အများအပြားဟာလည်း ရုန်းကန်နေရတဲ့ အခြေအနေပါ။ကုန်သည်အများစုဟာ ပြည်ပတင်းပို့ရောင်းချခွင့် ရတဲ့ အခြေအနေပေါ်မှာသာလိုက်ပါပြီး ဆန်းဈေးအတက်အကျကို လိုက်ပါနေရတဲ့သူတွေပါ လို့ ဆန်ကုန်သည်တွေကတော့ ပြောပါတယ်။ ဒါပေမယ့် ကမ္ဘာဘဏ် ကတော့ ဒီရက်ပိုင်းထဲမှာ မြန်မာဆန်ဈေးဟာ အတက်အကျ ကြမ်ပြီး (၅)နှစ်အတွင်းမှာ (၄၀)ရာခိုင်နူန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဆန်ကြမ်း အခေါ်(၂၅)မှတ်တန်သာ ပြည်ပကို အဓီကထား တင်ပို့နေရတဲ့ လုပ်ငန်းတွေဟာ ဒီနှစ်ပိုင်းထဲမှာ အရူံးကြီးခဲ့တယ်လို့ ဆိုကြပြီး အထူးသဖြင့် သဘောင်္နဲ တင်ပို့သူတွေ ပိုအထိနာခဲ့တယ်တယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။ ပြည်တွင်းဆန်ဈေးဟာ စားသုံးမူ တိုးလာတလို ဈေးနူန်းအရလည်း မြင့်တက်လာခဲ့တာကတော့ သိသာထင်ရှားလှပါတယ်။အစီုးရ ၀န်ထမ်း လခတွေ မြင့်တက်လာပြီးနောက်ပိုင်း သိသာစွာ မြင့်တက်ခဲ့တာဟာ ကုန်သည်တွေ ကြောင့်မဟုက်ပဲ တောင်သူတွေ၊သိုလှောင်သူတွေ နဲ ပြည်ပ ၀ယ်လိုအားကြောင့် ဖြစ်ပြီး ကုန်သည်တွေကတော့ အမြတ်အစွန်း အနည်းငယ်ပေါ်မှာသာ မှီခိုနေရတယ် လို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အခြေစိုက် ကုန်သည်...

ဘိန်း စီးပွားရေး

Image
ဘိန်းစေး ခြစ်နေစဉ် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက မြန်မာနိင်ငံဟာ ဘီန်းစိုက်ဧကပေါင်း (၁၄၃၀၀၀)မှာ စိုက်ပျိုးနေကြပြီး အဓီကအားဖြင့်တော့ ရှမ်းပြည်နယ်မှာ စိုက်ပျိုးကြတယ်လို့ ကုလသမဂ္ဂက သတင်းထုက်ပြန်ထားခဲ့ပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်ကထက် (၁၃)ရာခိုင်နူန်း ပိုမိုစိုက်ပျိုးလာကြခြင်း ဖြစ်ပြီး ကမ္ဘာမှာ အာဖဂန်နစ္စတန် ပြီးရင် ဒုတိယမြောက် အစိုက်ပျိုးဆုံး နိင်ငံ တခုပါ။ စိုက်ပျိုးတလောက်လည်း အထွက်နူန်း တိုးတက်နေပြီး ၂၀၁၂ခုနှစ်တုန်းက ဆိုရင် တန်ချိန်ပေါင်း(၈၁၀)အထိ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အဓီကလမ်းကြောင်းတွေကတော့ တရုက်၊လာအို ၊ထိုင်း နယ်စပ်တို့ ဖြစ်တဲ့ ရွှေတိဂံ နယ်မြေဖြစ်ပြီး မူယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းတွေကတော့ အတော်ကို များပါတယ်။ ရှမ်းပြည်ဘက်မှာ ဆိုရင် မန္တလေး-မူဆယ် လမ်းကြောင်း၊တောင်ကြီး -တာချီလိက် လမ်းကြောင်း၊တောင်ကြီး- လွိင်ကော် လမ်းကြောင်း၊နန်စန်-ကျိုင်းတုံ လမ်းကြောင်း တို့ ဖြစ်ပြီး တမူး-ကလေး လမ်းကြောင်း၊မြစ်ကြီးနား -မန္တလေး လမ်းကြောင်း၊ရန်ကုန်-မန္တလေးလမ်းကြောင်း၊ရန်ကုန်-တောင်ကြီး လမ်းကြောင်းတွေအပါအ၀င်ဖြစ်ပြီး ရန်ကုန်ကနေ တဆင့် မော်လမြိုင်၊မြိက်၊ကော့်သောင်း တို့ အထိလည်း ပေါက်ရောက်နေပါတယ်။ ပြည်တွင်းလမ်းေ...

အိမ်ခြံမြေဈေးနူန်းထက် ဈေးကစားသူတို့ကို ထိန်းချူပ်သင့်

Image
Myanmar Estate  Mg.chin Yangon မြန်မာ့ အိမ်ခြံမြေဈေးကို ဈေးကွက်သဘောအရ ထိန်းချူပ်တာထက် ၀င်ရောက်ဈေးကစားနေတဲ့ တရာမ၀င်းငွေကြေးတွေကိုသာ ကာကွယ်ထိန်းချူပ်ဖို့ ကြိုးစားသင့်တယ် လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားလိုက်ပါတယ်။ အစိုးရအနေနဲ တရာမ၀င်ငွေးကြေးတွေ စီးဝင်နေမူကို ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့ အချက်ထက် ဈေးနူန်းထိန်းချူပ်ရေးကို သာ ဦးစားပေးတဲ့ ပုံစံ သက်ရောက်နေတဲ့အတွက် ကာကွယ် ဥပဒေတွေ အတက်နိင်ဆုံး ထုက်ပြန်သင့်ကြောင်း ပြောကြားခဲ့တာပါ။ အီမ်ခြံမြေဈေးနူန်းတွေ မဖြစ်သင့်တဲ့ ဈေးနူန်းတခု အထိ ရောက်ရှိလာတာဟာ တရားမ၀င်ငွေကြေးများကြောင့်လို့ အခိုင်အမာ ဆိုနေကြပြီး ရောင်းသူ ၀ယ်သူ ညီတဲ့ ဈေးနူန်း အဖြစ် ရောက်ရှိလာတာ ဖြစ်တာမို့ အခွန်နဲ ထိန်းချူပ်တာက ပိုသင့်တော်တယ် လို့ အီမ်ခြံမြေ ပွဲစားတဦးက ဆိုထားပါတယ်။ အခွန်ကို ကောက်ခံရာမှာ တရားဝင်ငွေရလမ်းကြောင်း မဖော်ပြနိင်ရင် အခွန်(၂၅)ရာခိုင်နူန်း ကောက်ခံတာဟာ ဈေးနူန်းကို မကျဆင်းစေပဲ ဖြစ်နေတာမို့ အကယ်၍ အီမ်ခြံမြေတွေကို တခုထက် ပိုပိုင်ဆိုင်လာခဲ့ရင် အခွန် Double Tax ကောက်ခံဖို့ အစီုးရက လုပ်သင့်တယ် လို့ အီမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုပါတယ်။ ဈေးကွက်စီး...

Online VISA ကို စက်တင်ဘာ(၁)ရက်နေ့မှ စတင်ခွင့်ပြုမည်

Image
Tourism 2012 Mr.chin Yangon မြန်မာနိင်ငံကို ၀င်ရောက်လိုတဲ့ ခရီးသွားဧည့်သည်တွေ အနေနဲ ဗီင်္ဇ လျောက်တဲ့အခါမှာ ပိုမိုအဆင်ပြေစေဖို့ အွန်လိုင်းဗီဇ လျောက်ထားခြင်းကို လာမယ့် စက်တင်ဘာ(၁)ရက်နေ့က စတင်ပြီး ခွင့်ပြုပေးတော့မှာပါ။ ဒီလိုလျောက်ထားနိင်ဖို့ လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအာဝန်ကြီးငှန က တရားဝင်ထုက် ပြန်ထားခဲ့ခြင်း  ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ အနေနဲ လွယ်လင့် တကူ လျောက်ထားနိင်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ မြန်မာအစီုးရအနေနဲ ဗီဇကို (၃)မျိုးခွဲခြား ဆောင်ရွှက်ပေးနေပြီး လုပ်ငန်းဗီဇ ကို US$(50)နဲ ရက်ပေါင်း(၇၀)၊   ပြည်ဝင်ဗီဇကို US$(40) နဲ ရက်ပေါင်း(၂၈)ရက်၊ ဖြတ်သန်းဗီဇကို US$(20) နဲ (၂၄)နာ၇ီ အဖြစ် သက်မှတ်ခွင့်ပြု ပေးထားပါတယ်။ ဒီလို ခွင့်ပြုပေးတဲ့အတွက် ဆိုက်ရောက်ပြီးမှ ဗီဇ လျောက်ထားရတဲ့ အခတ်အခဲကို ဖြေရှင်းပေးနိင်မှာ ဖြစ်တလို လျောက်ထားတဲ့ အခါမှာလည်း အွန်လိုင်းကနေ တဆင့် အီးမေလ် ပေးပို့ လျောက်ထားနိင်မှာပါ။ မြန်မာနိင်ငံကို ၂၀၁၃ ခုနှစ်တုန်းက ကမ္ဘာလှည့် ခရီးသွား(၂)သန်းကျော် ၀င်ရောက်ခဲ့ပြီး ဒီနှစ်ထဲမှာလည်း (၃)သန်းအထိ ၀င်ရောက်လာဖို့ မြန်မာအစီုးရက မျော်လင့်ထားပါတယ်။ ၂၀၁၃...

နိင်ငံခြားရင်းနှိးမြုပ်နှံသူ စောင့်ကြည့် အနေအထားသာ ရှိနေ

Image
Mr.Chin Yanmgon FDI in Myanmar (1989-2012) မြန်မာနိင်ငံမှာ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေကို နိင်ငံခြားသားတွေ အနေနဲ ရာနူန်းပြည်ဝင်ရောက် ရင်းနှီးမြုပ်နှံခွင့်ကို နိင်ငံခြားသားရင်နှီးမြုပ်နှံမူ ဥပဒေနဲ အညီ MIC က တရားဝင်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီအချက်ကြောင့် ပြည်ပရင်းနှီးမြုပ်နှံသူတွေ မျက်စီအကျဆုံး နိင်ငံတခုမှာလာရောက်ရင်းနှီးမြုပ်လိုသူတွေ များပြားလှပေမယ့ အမေရီကန်နိင်ငံရဲ့ ဆန်ရှင် မပျက်သေးတဲ့အတွက် အတော်ကို ခတ်ခဲနေအုန်းမှာပါ။ အထူးသဖြင့် အမေရိကကို တင်ပို့ရောင်းချမယ့် လုပ်ငန်းတွေ အတော်များများက ချက်ချင်း လာရောက်ရင်းနှိးမြုပ်နှံဖို့ဆိုတာ ရင်ဆိုင်ရမယ့ အခတ်အခဲတွေ ရှိနေတုန်းမို့ပါ။ အခုချိန်မှာ အဓီကကျတဲ့ လုပ်ငန်းနယ်ပယ်တွေမှာ ၀င်ရောက်လာဖို့ ဆိုတာ တဆင့်ခံ ကုပ္မဏီတွေ အများအပြား ၀င်လာနိင်ဖွယ် ရှိနေပြီး ရေနံနဲ သဘာဓါက်ငွေက လုပ်ငန်း၊ဘဏ်လုပ်ငန်း တွေနဲ အထည်ချုပ် လုပ်ငန်းတွေမှာ ရာနူန်းပြည့် လာရောက်ရင်းနှီးမြုပ်နှံကြဖွယ် ရှိနေပါတယ်။ ရေနံနဲ သဘာဝဓါက်ငွေ လုပ်ငန်းတွေကို အောက်တိုဘာလ နောက်ဆုံးထား တင်ဒါ ခေါ်ယူနေတာ ဖြစ်ပြီး နိင်ငံခြား ဘဏ်(၁၀)ဘဏ်ကိုလည်း လုပ်ကိုင်ခွင့် ပြုဖို့ အစီုးရကနေ ပြင်ဆင်နေပါတယ...