Posts

ဂျော့ဆော့ရောစ် ပါဝင်ပါတ်သက်နေတယ် ဆိုတဲ့ မြန်မာ့ အိမ်ခြံမြေဈေး

Image
မြန်မာ နိုင်ငံ ရဲ့ အိမ်ခြံမြေ ဈေးကွက် ကို အမေရိကန် ဘီလျှံနာ သူဌေးကြီး ဂျော့ဆော့ရောစ် နဲ့  ဆက်စပ် မှု ရှိ တဲ့ စီးပွား ရေး အဖွဲ့  အစည်း တွေ ရဲ့ အမှီအခို ကို ရယူထား တဲ့ မြန်မာ နိုင်ငံ က စီးပွားရေး အဖွဲ့  အစည်း တွေ က ၀ယ်ယူထား တာ ဖြစ် တယ် လို့  မြန်မာ့ အိမ်ခြံ မြေ ဈေးကွက် မှာ အထင် ကရ ဖြစ် တဲ့ အကျိုးဆောင် တစ်ဦး က ပြောပါတယ်။   ၂၀၁၀ ခုနှစ် လောက် မှာ ကျပ် သိန်း တစ်ထောင် ပေါက် ဈေးလောက် သာ ရှိ တဲ့ ရန်ကုန်မြို့  လည် က မြေကွက် တစ်ခု ဟာ နောက် သုံးနှစ် ကျော်လောက် အကြာမှာ တော့ မယုံး နိုင် လောက် အောက် ကြောက်ခမန်းမန်းလိလိ ဈေး နှုန်း တွေ ဖြစ် သွား တာ ဟာ ဆော့ရောစ် ရဲ့  ကွမ်တန်ဖန် က ကျွမ်းကျင် သူ တွေ ကိုယ် တိုင် ရန်ကုန် မြို့  ကို လာ ရောက် လေ့လာခဲ့ ပြီး ၀ယ်ယူ ရမယ့် တည် နေရာ တွေ ကို အသေးစိတ် ညွှန်ကြား ပြီး ဒေါ်လာသန်း ရှစ် ထောင် လောက် သုံးကာ အသေးစိတ် ၀ယ်ယူ စီစဉ် မှု ပြု ခဲ့ တာ ကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဆော့ရောစ် ကြောင့် အိမ်ခြံမြေ ဈေး တက် ပေ မယ့် ၊ သူ က ” ပြန်ရောင်း လိုက်တော့ ကွာ” လို့  ညွှန်ကြား လိုက် တဲ့ အချိန် ဒါမှမဟုတ် ငွေကြေး နဲ့  နိုင်ငံရေး ကစား လို တဲ့ အ...

ပြည်တွင်းစလစ်ဈေးနှင့် ကားဈေး ဈေးနူန်း အရှိန်နှင့် ကျဆင်း

Image
Mg.Chin Yangon ပြည်တွင်း စလစ်ဈေးများ ကျပ်(၅၅)သိန်း အထိ ဆက်တိုက် ကျဆင်းနေပြီး ကားဈေးမှာလည်း ကျပ်သိန်း(၃၀)၀န်းကျင်အထိ ဆက်လတ်ကျဆင်းလျက် ရှိနေကြောင်း ကားပွဲစားတို့က စက်တင်ဘာလ(၁၁)၇က်နေ့တွင် ပြောကြားသည်။ လက်ရှိက စလစ်ဈေးက ကျနေတယ်။ဂျစ်ကားတွေကို အပ်နှံခွင့်ပြုလိုက်တာလည်း ပါပါတယ်။ အတော်ကို ထိုးကျသွားတလို ကားဈေးလည်း အထိုက်အလျောက် ကျလာတယ်။ ဟု ကားအကျိုးဆောင်တစ်ဦးက ဆိုသည်။ ပြီးခဲ့သည့် ဂျွန်၊ဂျွန်လိုင် လခန့်က စလစ်တစ်စောင်လျင် ကျပ်(၁၁၅)သိန်းအထိ ရောက်ရှိနေခဲ့ရာမှ ဇုန်ထုက်ဂျစ်ကားများ အပ်နှံခွင့် ပြုမူနှင့် ၂/က ကားများကိုပါ ဆက်လတ် အပ်နှံခွင့် ပြုနေမူတို့ကြောင့် ဇုန်ကား စလစ်ဈေးမှာ ကျပ်(၃၇)သိန်း၊၂/က စလစ်ဈေးမှာ ကျပ်(၅၅)သိန်းဝန်းကျင် သို့ ရောက်ရှိသွားခဲ့တလို ကားဈေးနူန်းများမှာလည်း ကျပ်သန်း(၃၀)၀န်းကျင်ခန့် လျော့ကျဆင်းသွားခဲ့သည်ဟု အကျိုးဆောင်တို့က ဆိုသည်။ ကားစလစ်ဈေးများ ကျဆင်းသွားခဲ့သော်လည်း ကားအရောင်းအ၀ယ် အေးစက်နေဆဲဖြစ်ကာ ကားအကျိုးဆောင်အများစုမှာ နယ်ဝယ်လတ်များကို မျော်နေကြပြီး အောက်တိုဘာလသို့ေ၇ာက်ရှိမှ အရောင်းအ၀ယ် ပိုကောင်းမွန်လာမည် ယူဆထားကြသည်။ ဂျပန်ကားလေလံဆွဲမူမှာ အနည်းငယ်လျော့ကျသွားခ...

မိန်းခလေးအများစုဖြင့် ဖွဲ့စည့်ထားသော ACE အဖွဲ့ အနိင်ရ

SME လုပ်ငန်းတွေမှာကြုံရတဲ့ နည်းပညာဆိုင်ရာ ပြဿ နာများကို ဖြေရှင်းပေးနိုင်ဖို့ အတွက် ရည်ရွှယ်ကျင်းပသည့် Hackaton ပြိုင်ပွဲတွင်  မိန်းကလေးများ ဆုံး ပါဝင်သော ACE အဖွဲ့က ပထမဆု ရရှိသွားခဲ့သည်။ Application များကို ရေးဆွဲဖန်တီးရသည့် အဆိုပါပြိုင်ပွဲမှာ ပထမဆုရရှိခဲ့သည့် ACE အဖွဲ့တွင်  web developer နှင့်  programmer တွေဖြစ်ကြသည့် မိန်းကလေး ၅ ဦး ယောက်ျားလေး ၂ ဦး ပါဝင်သဖြင့် ပြိုင်ပွဲတလျောက်တွင် မိန်းခလေးဦးရေ အများဆုံးအဖွဲ့ ဖြစ်လေသည်။ ပြိုင်ပွဲကို ၄၈ နာရီကြာမြင့်ပြီး အသီးအနှံတွေ တင်ပို့ရောင်းချတဲ့လုပ်ငန်းတွင်  သုံးစွဲနိုင်တဲ့ application ကို ရေးဆွဲခဲ့ကြခြင်း ဖြစ်ကာ  နည်းပညာနဲ့ ပတ်သက်လို့ ၎င်းတို့ အဖွဲ့ ပထမဆုံး ကြုံတွေရတဲ့ အခက်အခဲမှာ အင်တာနက်ကော်နက်ရှင်ဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ လက်ရှိ မြန်မာနိင်ငံတွင် မိန်းကလေးများ၏ အခွင့်အရေး၊နေရာ ကဏ္ဍာများတွင် အထိုက်အလျောက် ထိန်းချုပ်ခံနေရဆဲ ဖြစ်ပြီး လူဦးရေ၏(၆၄)ရာခိုင်နူန်းခန့်သာ အလုပ်လုပ်နိင်ကြလေရာ ကမ္ဘာအဆင့် အနှိမ့်ဆုံးစာရင်းတွင် ပါဝင်နေသည်ဟု ကမ္ဘာဘဏ်မှ ထုက်ပြန်တွင် ဖော်ပြထားသည်။ အဆိုပါ ပြိုင်ပွဲကို SME လုပ်ငန်းများတ...

ဝန်ကြီးငှန အဆောင်အအုံများ စံချိန်မမှီ ဆောက်လုပ်ပါက နာမည်ပျက်သွင်းမည်

Image
 Mg.Chin Yangon အစီုးရ၏ ၀န်ကြီးဌာန အဆောက်အဦများကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း မဆောက်လုပ်သည့် ကုမ္ပဏီများကို Black list နာမည်ပျက်စာရင်းသွင်းတဲ့အထိ  ထိထိရောက်ရောက်အရေးသင့်ကြောင်း လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပြောကြားခဲ့သည်။ စက်တင်ဘာ ၁၁ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ပုံစံအတိုင်း စံချိန်စံညွှန်းနဲ့အညီ ပညာ သင်ကျောင်းတွေ ဆောက် လုပ်ဖို့ တပြေးညီ သတ်မှတ်ပေး ထားပေမယ့် စံချိန်စံညွန်း နဲ့ မကိုက်ညီမူ မရှိပဲ ဆောက်လုပ်သော ကန်ထရိုက်နဲ့ ကုမ္ပဏီများကို မည်သို့ဆောင်ရွှက် စစ်ဆေး အရေးယူမည် ဟု ဆိုသော  လွှတ်တော်အမတ် ဦးဖေသောင်းရဲ့မေးခွန်းအား  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်ကာ ပညာရေးငှန သာမက တခြား ၀န်ကြီးငှနအဆောက်အအုံများကို စံနူန်းနှင့် အညီ မဆောက်ပါက နာမည်ပျက်စာရင်းသွင်းရန် ဆောင်ရွှက်သင့်သည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွှက်နေသည့် အဆောက်အဦများကို သက်ဆိုင်ရာဌာနနဲ့ ဆောက်လုပ်ရေးကုမ္ပဏီများမှ  လုပ်ငန်းအပ်နှံ သဘောတူစာချုပ်ချုပ်ဆို လက်မှတ်ထိုး ဆောက်ရွက...

နေအိမ်၊အဆောက်အအုံ ငှားရမ်းခြင်း ၀င်ငွေခွန် ဆောင်ရမည်

Image
နေအိမ်၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေသည် ၀င်ငွေခွန် (တိုက်ရိုက်ခွန်) အမျိုးအစားဖြစ်ပြီး နေအိမ်အဆောက်အအုံ ငှားရမ်းခြင်းမှ ရရှိသည့်ဝင်ငွေ ရရှိသူ(အိမ်ပိုင်ရှင်)သာလျှင် ထမ်းဆောင်ရမည့် အခွန်အမျိုးအစား ဖြစ်သည်။ မြေ၊ အဆောက်အအုံ ငှားရမ်းခြင်းမှ ၀င်ငွေအပါအ၀င် လစာဝင်ငွေ၊ လစာဖြင့် မဟုတ်သော မိမိကျွမ်းကျင် သည့် ပညာရပ်များဖြင့် ရရှိသည့်ဝင်ငွေ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ၀င်ငွေ၊ ၀င်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိသော စည်းကြပ်မှုလွတ်ကင်းနေသော ၀င်ငွေ၊ အခြားရလမ်းမှ ၀င်ငွေတို့သည် ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ခံစားနိုင်ပြီး ဥပဒေပါပြဋ္ဌာန်းချက် အရ လည်း အခွန်နှုန်းထားများအတိုင်း ၀င်ငွေခွန်ထမ်း ဆောင်ရန်လိုသည်။ အိမ်ခြံမြေ ငှားရမ်းခနှုန်းထားများ ကြီးမြင့်လျက်ရှိသည့် ရန်ကုန်မြို့၏ အိမ်ခြံမြေ ငှားရမ်းမှု ၈၀ ရာခိုင်နှုန်းသည် အခွန်ထမ်းဆောင်မှုနည်းပါးလျက်ရှိပြီး အခွန်ရုံးများ နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများနှင့် ပူးပေါင်းကာ အခွန်စိစစ်စည်းကြပ်ရန် ဇူလိုင်လမှ စတင်ဆောင်ရွက်နေသည်ဟု ပြည်တွင်း အခွန်များဦးစီး ဌာနမှ သတင်းထုက်ပြန်ထားသည်။ အိမ်ခြံမြေငှား...

နာမည်ကြီး Car show room မှ ကျပ်သိန်းသုံးသောင်းကျော် လိမ်လည်ထားဟု ဆို

Image
Mg.Chin Yangon ယခုရက်ပိုင်းအတွင်း နာမည်ကြီး Car Show room တခု ကျပ်သိန်းပေါင်း သုံးသောင်းကျော် ကို လိမ်လည်မူဖြင့် ပုဒ်မ (၄၀၆) ဖြင့် တရားအစွဲခံနေရကာ လက်ရှိတွင် ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းနေလျက် ရှိနေကြာင်း  သိရသည်။ ရန်ကုန် အခြေစိုက် ၀င်း ကားကုပ္မဏီ ဟု ယူဆရသော Show room ဖြစ်ပြီး ရွာမကျောင်းလမ်း နှင့် ဘုရင့်နောင်လမ်းစုံတွင် ဖွင့်လစ်ထားကာ လက်ရှိတွင် ပုဒ်မ(၄၀၆)ဖြင့် တရားစွပ်စွဲခံနေရကြောင်း၊ အဆိုပါ Win&S.P.A.M Co.,ltd ဟု ယူဆရသော Show room ပိုင်ရှင်မှာ ကိုဇော်ပိုင် ဟု သိရပြီး ကားအရောင်းအ၀ယ်ကိစ္စ အတော်များများကို  လိမ်လည်ခဲ့သည် ဟု ဆိုကာ အာမခံ မရသေးဟုလည်း ကိုအရည်ကြို ၏ (FB စာမျက်နှာတွင်) သိရှိရသည်။ ကားအရောင်းပြခန်းမှာ လက်ရှိချိန်တွင် ပိက်ထားလျက်ရှိနေပြီး ပိုင်ရှင်မှာလည်း အင်းစိန်ထောင်သို့ ရောက်ရှိနေသည်ဟုလည်း သိရသည်။ ပြသာနာ ဖြစ်ရခြင်းမှာ ၇န်ကုန် ငွေလွဲ လုပ်ငန်းမှ စတင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ကျပ်သိန်း(၃၀၀၀၀)ကျော် ခန့် ရှိနေရာ ပြီးခဲ့သည့် နှစ်က လိမ်လည်မူမူ အပြီး ဒုတိယအကြီမ် ရန်ကုန်မြို့ ငွေအများဆုံး လိမ်လည်မူ တခု ဖြစ်လာခဲ့သည်။ အဆိုပါ ကုပ္မဏီ ၏ website လိပ်စာ ဖြစ်သော www...
ပြည်တွင်းအိမ်ခြံမြေဈေး အထိုက်လျောက် ကျဆင်းလာနိင်ချေ ရှိနေ။ စီးပွားရေး ညွန်ကိန်း ဆက်လတ် မြင့်တက်နေဆဲ။ ပြည်ပဘဏ်လုပ်ငန်း  လုပ်ကိုင်ခွင့် ပြုမူ ယခုလကုန်ခန့် တွင် ထုက်ပြန်ရန် ဖြစ်နိင်ချေ ရှိနေ။ နိင်ငံတကာ အကူအညီ နှင့် ပါတ်သက်သော တရားဝင် ထုက်ပြန်မူ ပြန်ကြားရေးမှ တဆင့် ဖော်ပြလာနိင်။ ငွေကြေးဖောင်းပွမူ ဆက်လက် မြင့်နေဆဲ့။ ရွှေဈေး ဆက်လတ် ကျဆင်နေပြီး ဒေါ်လာ ၀ယ်လိုအား ပြန်မြင့်တက်နေ။