Posts

သိထားသင့်တဲ့ HUAWEI နဲ ထူထောင်သူ Ren Zhengfei အကြောင်း

Image
မြန်မာပြည်မှာ လူကြိုက်များနေတဲ့ တရုက်ဖုန်း HUAWEI ကို လူသိများပေမယ့် ဒီကုက္မဏီကို ထူထောင်ခဲ့တဲ့ လူကိုတော့ သိသူ ရှားပါတယ်။ သူနာမည်ကတော့ Ren Zhengfei ဖြစ်ပြီး တရုက်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အရာရှိဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။  သူဟာ Chongqing မြိုပပြအင်ဂျင်နီယာတက္ကသိုလ် ကျောင်းဆင်း ဖြစ်ပြီး တရုက်တပ်မတော်မှာလည်း နည်းပညာရှင်အဖြစ် ပါဝင်ခဲ့သူပါ။ဒါပေမယ့် သူဟာ ထူးချွန်ထက်မြတ်ပေမယ့် တရုက်ကွန်မြုနစ်ပါတီ ကို ၀င်ခွင့်မရပဲ ဖယ်ရှားခံထားသူပါ။ အကြောင်းကတော့ သူမိဘတွေရဲ့ နောက်ကြောင်းက ကူမင်တန်တွေနဲ ဆက်ဆံမူရှိခဲ့လိုပါပဲ။ မြန်မာပြည်မှာလည်း ဒီပုံစံရှိပါတယ်။ တိုင်းရင်းသားလက်နတ်ကိုင်တွေနဲ နီးစပ်တဲ့ လူတွေဟာ စစ်တက္ကသိုလ် ၀င်တဲ့အခါ အခတ်အခဲ ရှိတလို စုံးစမ်းမေးမြန်းမူတွေ မကြာခဏ ခံရပြီး ဗုဓ္ဒဘာသာ မဟုက်ရင် ရာထူးတိုးဖို့ အတော်ကို ခတ်ခဲတဲ့ ပုံစံ လိုပေါ့။ Mr.Ren ဟာ စစ်တပ်က လူဦးရေ လျော့ချတဲ့ အထဲမှာ ပါဝင်သွားခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ရှမ်းဆန်း လို့ခေါ်တဲ့ အရပ်ကို ပြောင်းရွှေ့အခြေချခဲ့ပါတယ်။သူဟာ ၁၉၈၇ခုနှစ်မှာ HUAWEI technologies Co.,ltd ကို ထူထောင်ခဲ့ပါတယ်။လက်ရှိ အချိန်ထိ ကုပ္မဏီရဲ့ CEO အဖြစ် ဆောင်ရွှက်နေပြီး HUAWE...

ဦးနေ၀င်း၊ ဦးသန်းရွှေတို့၏ ကြွယ်ဝ ချမ်းသာမူများ

Image
ဆင်း ရဲ မွဲ တေ ပြီး  နိုင်ငံ တကာ မှ ချေးငွေ များ ဖြင့် ရုန်းကန် နေသည့် မြန်မာ နိုင်ငံ တွင် အမေရိကန် ဒေါ်လာ ဘီလျှံ နှင့် ချီ ပြီး ချမ်းသာ ကြွယ် ၀ သူ ၁၀ ဦးခန့်  ရှိ မည် ဟု FNG မှ ခန့်  မှန်း ရသည်။   ၁၉၆ ၂ ခုနှစ် မှ ၁၉၈၈ ခုနှစ် ထိ ၂၆ နှစ် ကြာ တိုင်းပြည် ကို အုပ်ချုပ် ခဲ့သည့် သမ္မတ ဟောင်း ဦးနေ ၀င်း မိသားစု သည် လေးဘီလျှံ ခန့်  ချမ်းသာ မည် ဟု ဗြိတိသျှ တယ်လီဂရပ်  သတင်း စာ က  ၂၀၀၂ ခုနှစ် တွင် ခန့် မှန်း ခဲ့ ပြီးFortune မဂ္ဂဇင်း က ၁၉၈၈ ခုနှစ် တွင် ခန့် မှန်း ရာ ဉ် ဦးနေ၀င်း သည် ငါး ဘီလျှံ ခန့်  ချမ်းသာ ပြီး မြန်မာ နိုင်ငံ တွင် ထို အချိန် က အချမ်းသာ ဆုံး ဖြစ်သည်။ ဦးနေ၀င်း သည် ငွေ ကြေး လွှဲ ပြောင်း မှု ဉ် ဗြိတိသျှ ဘဏ် များ နှင့် ဆွစ် ဇာလန် ဘဏ် များ ကို သုံးသည်။ သူ နှင့် လုံးဝ ကွဲ ပြား ခြား နား သည်မှာ မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ် မှုး ကြီး သန်း ရွှေ သည် သူ ၏ ငွေ ကြေး အပ် နှံ လွှဲ ပြောင်း ရန် အတွက် တရုတ် ဘဏ် ၊ စင်္ကာ ပူ ဘဏ် ၊ ဟောင် ကောင် ဘဏ် များ ကို သုံးသည်။  ၂၀၀၈ ခုနှစ် တွင် MSNBC သတင်း ဌာန က ဗိုလ်ချုပ် မှုး ကြီး သန်းရွှေသည် ငွေ သား ချည်း...

လှိုင်ကားပွဲစားတန်း အရောင်းအ၀ယ်အေးပြီး ကားများ အနီးနားတွင် ညသိပ်နေရ

Image
လှိုင်မြို့နယ် အတွင်းရှိ ကားပွားစားတန်သို့ ပြောင်းရွှေ့လာပြီး နောက်ပိုင်း ကားအရောင်းအ၀ယ်(၄၀)ရာခိုင်နူန်း နီးပါး အေးစက်သွားခဲ့ပြီး ညမသိပ်ရ မူဝါဒကြောင့် အနီးအနားရှိ ခြံများတွင် အပ်နေရကြောင်း အဆိုပါ ကားပွဲစားတန်းမှ တာဝန်ရှိသူတို့က  ပြောကြားသည်။ လောလောဆယ်အချိန်ထိတော့ ကားအရောင်းအ၀ယ်က အေးနေတယ်။ဒီဘက်ပြောင်းလာတာလည်း ပါတာပေါ့။ သီတင်းကျွက်လောက်ဆိုရင်တော့ ပြန်ကောင်းလာနိင်ခြေ ရှိပါတယ်။ ဟု ကားပွဲစား ဦးမင်းဦးက ဆိုသည်။ လက်ရှိ ကားပွဲစားတန်းကို ပြီးခဲ့သည့် လဆန်းခန့်က  ယခင် မင်းရဲကျော်စွာကားပွဲးစားတန်း မှ  ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပြီး  လမ်းမကြီး ဘေးတွင် မရှိပဲ အတွင်းသို့ ၀င်ရောက်နေရခြင်း၊နေရာချထားပေးမူ စနစ်တကျ မရှိသေးသည့် အပြင် ညအိပ်ရပ်နားခွင့် လုံးဝ ခွင့်မပြုသည့် အတွက် ပွဲစားအများစုမှာ ပျမ်းမျ ယာဉ်တစ်စီးခန့်သာ ပြသနေရခြင်းတို့ကြောင့် ကားစီးရေပါ လျော့နည်းသွားခဲ့ပြီး လူဝင်ရောက်ကြည့်ရူမူလည်း နည်းပါးခဲ့သည် ဟု ယာဉ်အကျိုးဆောင်တို့က ဆိုကြသည်။ အဆိုပါ လှိုင်ကားပွဲစားတန်း တွင်  မနတ်(၄)နာရီမှ ညနေ(၄)နာရီ အထိ ရပ်နားခွင့် ပြုနေပြီး ညချိန် ကိုးနာရီအထိ ခေတ္တထားခွင့် ရှိနေပြီး ကျော်လွ...

အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ အချက်(၅)ချက်

Image
စာရေးဆရာ Grant Cardon ရေးသားတဲ့ 5 Ways to Succeed in Any Economy ဆိုတဲ့ ဆောင်းပါးပါ။ အမှီအခိုကင်းခြင်း It’s up to you ဆိုတဲ့ Mindset ကို ဝင်စေချင်တဲ့ သဘောပါ။ Business Model တစ်ခုကို အကောင်အထည်ဖို့ အတွက် ရင်းနှီးမြှုပ်နှံသူတွေ၊ ကူညီလုပ်ဆောင်သူတွေ လိုအပ်တာမှန်ပေမယ့် သူတို့တွေမှ ပါမလာရင် ဒီအလုပ်ကို ငါမလုပ်နိုင်တော့ဘူးလို့ မှီခိုစိတ်ရှိနေမယ်ဆိုရင် မအောင်မြင်နိုင် ပါဘူး။ လက်တွဲမယ့်သူ လိုအပ်တယ် ဆိုတဲ့ စိတ်သာ ရှိဖို့လိုအပ်ပြီး မှီခိုနေ တယ်ဆိုတဲ့ စိတ်မျိုးကို ပယ်ဖျောက်ဖို့လိုအပ်ပါတယ်။ ဘယ် အရာမဆို ကိုယ့်ရဲ့  ဆုံးဖြတ်ချက် အတိုင်း ရှေ့ ဆက်ရမှာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မမှီခိုပဲ လုပ်နိုင်သူဟာ ပိုအောင်မြင် ပါတယ်။ ပို ၍ ပို၍ တက်ကြွမှု ရှိလာခြင်း မြန်မာပြည်မှာ ပေါ်ပြီးတော့ ပျောက်သွားတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ကုမ္မဏီတွေ အများကြီးမှ အများကြီးပါ။ ဒါတွေကို ကြည့်လိုက်ရင် အဓိကက Active ဖြစ်မလာတော့လို့ပါ။ ကောက်ရိုးမီးလိုပဲ စစချင်းမှာ အရှိန်အဟုန်နဲ့ တောက်လောင်ပြီး နောက်တော့ ငြိမ်းသွားကြပါတယ်။ ဒါကြောင့်လည်း မအောင်မြင်ရခြင်းပါ။ Plan တစ်ခုချထားပြီးရင် ယင်း Plan ကာလအတွင်း ဆက်လက် အသက်...

FACEBOOK ကသတင်းအစစ်လား အတုလား ခွဲခြားနိင်ရန် ပြင်ဆင်

Image
လူမှု ကွန်ယက် တစ်ခုဖြစ်တဲ့ Facebook ဟာ သုံးစွဲ သူတွေရဲ့ Feeds မှာ ပြသမှု တွေကို သတင်း အစစ်လား ၊ ဟာသ သတင်းလား ဆိုတာကို လွယ်ကူစွာ ခွဲခြားနိုင်အောင် ကြိုးစားနေ ပါတယ်။ အဲ့ဒီလို သတင်း အစစ်နဲ့ နောက်ပြောင်ထားတဲ့ သတင်းတွေ မကွဲပြားတဲ့ ပြသနာ အတွက် Facebook က “သရော်စာ (Satire)” လို့ အမည် ပေး ထားတဲ့ Tag တစ်ခုကို စမ်းသပ် နေပြီ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို လိုက်ပါတယ်။ ကျွန်တော် တို့ အခု အသေးစား စမ်းသပ် မှုတွေ စတင် ပြုလုပ် နေပါပြီ ။ NewsFeed မှာ သရော်တဲ့ အရေး အသား မျိုးတွေနဲ့ ဆက်စပ်နေတဲ့ အရေး အသားတွေ အားလုံးရဲ့ link တွေ အရှေ့မှာ [satire] ဆိုတဲ့ စာသားလေး ပြနေအောင်ပါ။ ကျွန်တော်တို့ ဆီကို လှောင်ပြောင် သရော်တဲ့ အရေး အသား တွေကို တခြားအရေး အသားတွေက နေခွဲခြား သိမြင်ချင်တဲ့ အကြောင်း ကို ပေးပို့တောင်းဆိုထားတာတွေ အများကြီး ရောက်လာတဲ့အတွက်ပါ”လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ ဥပမာ အားဖြင့် လူမှု ကွန်ယက် တွေနဲ့ ချိတ်ဆက် ထားတဲ့ The Onion ဆိုတဲ့ သတင်း ဋ္ဌာနရဲ့ အရေး အသား တစ်ခု ဖြစ်တဲ့ လက်နက်မဲ့ ၁၈နှစ် အရွယ် တစ်ယောက် ကို ရဲအရာရှိ တစ်ဦးက သေနတ်နဲ့ ပစ်လိုက် တယ် ဆိုတဲ့ သတင်းမှာ comment ပေါင်း ၂၃၃ ခု...

ဂျော့ဆော့ရောစ် ပါဝင်ပါတ်သက်နေတယ် ဆိုတဲ့ မြန်မာ့ အိမ်ခြံမြေဈေး

Image
မြန်မာ နိုင်ငံ ရဲ့ အိမ်ခြံမြေ ဈေးကွက် ကို အမေရိကန် ဘီလျှံနာ သူဌေးကြီး ဂျော့ဆော့ရောစ် နဲ့  ဆက်စပ် မှု ရှိ တဲ့ စီးပွား ရေး အဖွဲ့  အစည်း တွေ ရဲ့ အမှီအခို ကို ရယူထား တဲ့ မြန်မာ နိုင်ငံ က စီးပွားရေး အဖွဲ့  အစည်း တွေ က ၀ယ်ယူထား တာ ဖြစ် တယ် လို့  မြန်မာ့ အိမ်ခြံ မြေ ဈေးကွက် မှာ အထင် ကရ ဖြစ် တဲ့ အကျိုးဆောင် တစ်ဦး က ပြောပါတယ်။   ၂၀၁၀ ခုနှစ် လောက် မှာ ကျပ် သိန်း တစ်ထောင် ပေါက် ဈေးလောက် သာ ရှိ တဲ့ ရန်ကုန်မြို့  လည် က မြေကွက် တစ်ခု ဟာ နောက် သုံးနှစ် ကျော်လောက် အကြာမှာ တော့ မယုံး နိုင် လောက် အောက် ကြောက်ခမန်းမန်းလိလိ ဈေး နှုန်း တွေ ဖြစ် သွား တာ ဟာ ဆော့ရောစ် ရဲ့  ကွမ်တန်ဖန် က ကျွမ်းကျင် သူ တွေ ကိုယ် တိုင် ရန်ကုန် မြို့  ကို လာ ရောက် လေ့လာခဲ့ ပြီး ၀ယ်ယူ ရမယ့် တည် နေရာ တွေ ကို အသေးစိတ် ညွှန်ကြား ပြီး ဒေါ်လာသန်း ရှစ် ထောင် လောက် သုံးကာ အသေးစိတ် ၀ယ်ယူ စီစဉ် မှု ပြု ခဲ့ တာ ကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဆော့ရောစ် ကြောင့် အိမ်ခြံမြေ ဈေး တက် ပေ မယ့် ၊ သူ က ” ပြန်ရောင်း လိုက်တော့ ကွာ” လို့  ညွှန်ကြား လိုက် တဲ့ အချိန် ဒါမှမဟုတ် ငွေကြေး နဲ့  နိုင်ငံရေး ကစား လို တဲ့ အ...

ပြည်တွင်းစလစ်ဈေးနှင့် ကားဈေး ဈေးနူန်း အရှိန်နှင့် ကျဆင်း

Image
Mg.Chin Yangon ပြည်တွင်း စလစ်ဈေးများ ကျပ်(၅၅)သိန်း အထိ ဆက်တိုက် ကျဆင်းနေပြီး ကားဈေးမှာလည်း ကျပ်သိန်း(၃၀)၀န်းကျင်အထိ ဆက်လတ်ကျဆင်းလျက် ရှိနေကြောင်း ကားပွဲစားတို့က စက်တင်ဘာလ(၁၁)၇က်နေ့တွင် ပြောကြားသည်။ လက်ရှိက စလစ်ဈေးက ကျနေတယ်။ဂျစ်ကားတွေကို အပ်နှံခွင့်ပြုလိုက်တာလည်း ပါပါတယ်။ အတော်ကို ထိုးကျသွားတလို ကားဈေးလည်း အထိုက်အလျောက် ကျလာတယ်။ ဟု ကားအကျိုးဆောင်တစ်ဦးက ဆိုသည်။ ပြီးခဲ့သည့် ဂျွန်၊ဂျွန်လိုင် လခန့်က စလစ်တစ်စောင်လျင် ကျပ်(၁၁၅)သိန်းအထိ ရောက်ရှိနေခဲ့ရာမှ ဇုန်ထုက်ဂျစ်ကားများ အပ်နှံခွင့် ပြုမူနှင့် ၂/က ကားများကိုပါ ဆက်လတ် အပ်နှံခွင့် ပြုနေမူတို့ကြောင့် ဇုန်ကား စလစ်ဈေးမှာ ကျပ်(၃၇)သိန်း၊၂/က စလစ်ဈေးမှာ ကျပ်(၅၅)သိန်းဝန်းကျင် သို့ ရောက်ရှိသွားခဲ့တလို ကားဈေးနူန်းများမှာလည်း ကျပ်သန်း(၃၀)၀န်းကျင်ခန့် လျော့ကျဆင်းသွားခဲ့သည်ဟု အကျိုးဆောင်တို့က ဆိုသည်။ ကားစလစ်ဈေးများ ကျဆင်းသွားခဲ့သော်လည်း ကားအရောင်းအ၀ယ် အေးစက်နေဆဲဖြစ်ကာ ကားအကျိုးဆောင်အများစုမှာ နယ်ဝယ်လတ်များကို မျော်နေကြပြီး အောက်တိုဘာလသို့ေ၇ာက်ရှိမှ အရောင်းအ၀ယ် ပိုကောင်းမွန်လာမည် ယူဆထားကြသည်။ ဂျပန်ကားလေလံဆွဲမူမှာ အနည်းငယ်လျော့ကျသွားခ...