ကားလောက ကန့်သက်မူ တို့ကြောင့် ရက်ပိုင်းအတွင်း စလစ်ဈေး ပြန်တက်နေ


Mr.chin
ရန်ကုန်၊ဒီဇင်ဘာ(23)ရက်

လာမည့် ၂၀၁၅ခုနှစ်တွင် ကားတင်သွင်းမူအပေါ် တင်းကြပ်တော့မည့် ဖြစ်ပြီး အခွန်လျော့ခြင်းတို့ကိုလည်း ပိက်ပင်တော့မည် ဖြစ်ရာ ကားစလစ်ဈေးတဖန်ပြန်လည် မြင့်တက်လာကာ  ကျပ်(၆)သိန်းခန့် ရက်ပိုင်းအတွင်း မြင့်တက်လာခဲ့ကြောင်း ပြင်ပ ကားအကျိုးဆောင်တို့က ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ပြောကြားသည်။

အခုက နောင်နှစ် အခွန်မလျော့ပေးတော့ဖူး ဆိုတာရယ်ကြောင့် စလစ်ဈေးက ပြန်တက်လာတာ။မော်တော်ယာဉ်လျောက်ထားခွင် ပါမစ်ကို ဒီလထဲမှာပဲ လုပ်ပေးတော့မယ် ဆိုတဲ့ အတွက်ကြောင့်ပေါ့လေ။ဟု ကားအကျိုးဆောင် ဦးမင်းဦးကဆိုသည်။

လက်ရှိ ရက်ပိုင်းအတွင်း ဂျစ်ကား စလစ်ဈေးမှာ ကျပ်(၄၃)သိန်း ရှိနေရာမှ ကျပ်(၄၉)သိန်းဝန်းကျင်သို့ ရောက်ရှိလာခဲ့ပြီင်္း ၀ယ်လိုအားအခြေအနေပေါ်မူတည်ကာ ဆက်လတ်မြင့်တက်နိင်ခြေ ရှိနေသသည့် အပြင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသူများ အနေနှင့် လည်း မော်တော်ယာဉ်လျောက်ထားခွင့် ပါမစ် ကို ဒီဇင်ဘာလ(၂၄) အထိ သာ လျာက်ထား ခွင့် ပြုမည် ဖြစ်၍ အပ်နှံသူ များပြားလျှက် ရှိနေသည်ဟု အကျိုးဆောင်တို့က ဆိုသည်။

လက်ရှိ အပ်နှံလျောက်ထားပါက အခွန်နူန်းထားလျော့ချမူကို မှိနိင်သေးသည် ဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် ပြောင်းလဲမည့် ဖရီးပါမစ်ကို ပိက်ခြင်း၊ကားတင်သွင်းမူတို့ကို ကန့်သတ်ခြင်း နှင့် တစ်ဦးချင်းဝယ်ယူရာတွင် ရန်ကုန်မြို့တွင် ကားပါကင်ရှိမှသာ တင်းသွင်းခွင့် ပြုမည် ဆိုသည့် သတင်းများကြောင့် ယခုလအတွင်း  ၀ိုင်းအုံကာ အလျှင်အမြန်ရရှိစေရန် ပြုလုပ်နေကြသဖြင့် စလစ်ဝယ်လိုအားပါ မြင့်တက်လာခဲ့ခြင်း ဖြစ်သည် ဟု ဦးမင်းဦးက ဆိုသည်။

ကားဈေးကွက်ကတော့ အေးစက်ပြီး မာနေတာပဲ။ကားတွေကလည်း ပြည်တွင်းမှာတင် အများကြီး ကျန်နေသေးတယ်။ဟု ၎င်းက ဆိုသည်။

ထိုအပြင် ၂၀၁၅ခုနှစ်တွင် CIF တန်ဖိုးမထွက်ရန် သေချာလုနီးပါး ရှိနေပြီ ဖြစ်သည့်အတွက် ကားလောကမှ လူအများအပြား လက်ရှိအချိန်တွင် ရနိင်တမျ လျောက်ထားခြင်း၊တင်သွင်းခြင်းတို့ကို ပြုလုပ်နေလျက်ရှိနေသည့်အပြင် အကောက်ခွန်မှ ဆိပ်ကမ်းရောက်ကားများအပေါ် လာမည့် နှစ်ဆန်းမှ စတင်ကာ ပါမစ်လျောက်ပြီး မထုက်ယူသေးလျှင် မထုက်ယူသေးလျှင် ID ဖွင့်ခွင့် ရရှိနိင်တော့မည် မဟုက်ကြောင်းပါ မြန်မာနိင်ငံ မော်တော်ယာဉ် အသင်း(MAMDA)မှ သတင်းထုက်ပြန်လိုက်သည်။

CIF တန်ဖိုး မထွက်ရှိရန်သေချာနေတလို ကားတင်းသွင်းမူတို့ကို ကန့်သတ်လာခြင်းတို့ကြောင့် ကားဈေးကွက်အတွင် အပြောင်းအလဲ များစွာ ဖြစ်ပေါ်လာနိင်ပြီး လက်ရှိအချိန်တွင်လည်း လည်သူ စားနေသည့် အချိန်ဖြစ်သည်ဟု ကားအကျိုးဆောင်တို့က သုံးသပ်ထားလေသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

မြန်မာနိင်ငံ ဘဏ်သမိုင်းအကြောင်း(၁၉၁၃-၁၉၆၃)