ဘာသာရေးနှင့်မဆက်နွယ်ဖို့ လိုတဲ့ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံမူ စီးပွားရေးလုပ်ငန်းများ
ဖွံးဖြိုးတိုးတက်လာခါစ ဖြစ်နေသော မြန်မာနိင်ငံမှာ ဒေသမတူ
ယဉ်ကျေးမူ မတူတဲ့ နိင်ငံတကာ ရင်းနှီးမြုပ်နှံမူတွေ အများ အပြားရောက်ရှိလာခဲ့တာကြောင့်
အထိမခိုက် မခံနိင်တဲ့ အရှေ့တိုင်းယဉ်ကျေးမူကြားမှာ မကြာခဏ တိုက်ခိုက်မူတွေ ခံနေရပါတယ်။
ဥပမာ တရုက်နိင်ငံဆိုရင်လည်း အနောက်တိုင်း ယဉ်ကျေးမူတွေ
လွမ်းမိုးလာတာကို ကာကွယ်တဲ့ တားဆီးတဲ့ လုပ်ရပ်တွေ မကြာခဏ ဖော်ပြလျက် ရှိနေပြီး အကြမ်းဖက်မူ
လုပ်ရပ်တွေကိုလည်း ကြုံတွေနေရပါတယ်။
အနောက်တိုင်း စီးပွားရေးလုပ်ငန်းရှင် အများစုဟာ စီးပွားရေးကိုသာ
ဦးစားပေးလုပ်ဆောင်လျက်ရှိတာကြောင့် ဒေသတွင်းယဉ်ကျေးမူအပေါ် အချို့အကြောင်းအရာတွေက ထိခိုက်စေတယ်လို့
မြန်မာနိင်ငံလူအများအပြားက ယူဆနေကြပါတယ်။ ဒီလို ဖြစ်လာရတဲ့ အကြောင်းရင်းက ဘာသာယဉ်ကျေးမူကို
မနှံစပ်မူ၊ကိုယ့်နိင်ငံအခြေအနေနဲ နှိုင်းယဉ်ပြီး ချိန်ထိုးကြည့်မူ၊ အနီးနားမှာ ပြောကြားပေးမယ့်
သူတွေ အားနည်းမူတွေကြောင့်လည်း ၀င်ရောက်ရင်းနှီးမြုပ်နှံမူ များလာတာနဲအတူ ထိခိုက်မူ၊ယဉ်ကျေးမူကို
သိက္ခာချတယ်လို့ ယူဆခံရမူတွေ တိုးပွားလာနေပါတယ်။
မြန်မာနိင်ငံဟာ ၂၀၁၁ခုနှစ်ကတည်းက စလို့ နိင်ငံတကာ ရင်းနှီးမြုပ်နှံမူတွေ
ဖိက်ခေါ်ခဲ့တလို လုပ်ငန်းအများအပြားလည်း ၀င်ရောက်လာခဲ့ပါတယ်။ အထူးသဖြင့် နေသားကျနေပြီ
ဖြစ်တဲ့ တရုက်၊ကိုးရီးယား၊ဂျပန် လို ယဉ်ကျေးမူတူတဲ့ နိင်ငံတွေအတွက် အထူးတလည် ပြသာနာ
မရှိသေးပေမယ့် အနောက်နိင်ငံသားတွေအတွက်တော့ ပြသာနာလေးတွေ ကြုံတွေနေရပါတယ်။ အထူးသဖြင့်
ယဉ်ကျေးမူတူညီပေမယ့် အကျင့်ဓလေ့ချင်း မတူညီတဲ့ ထိုင်းနိင်ငံကို ရောက်ရှိဖူးကြတာမို့
မြန်မာကိုလည်း အတိုင်အတာတခုထိ တူညီမယ်လို့ ယူဆကြတာပါ။ထိုင်းနိင်ငံဟာ နိင်ငံတကာ က လူအတော်များများတွက်
ယဉ်ကျေးမူ ဓလေ့စရိုက်ကြား နေထိုင်ဖူးကြပေမယ့် မြန်မာနိင်ငံမှာဆိုရင်တော့ တချို့အကြောင်းအရာတွေက
ခတ်ခဲနေဆဲပါ။
ဥပမာ ထိုင်းကမ်းခြေမှာ ဘစ်ကနီဝတ်စုံ ၀တ်ပြီး နေပူစာလှုံလို့
ရပေမယ့် မြန်မာနိင်ငံမှာတော့ လူအများအပြား ၀ိုင်အုံကြည်ရူတာ အထူးအဆန်းလို့ ကြည့်တာ
ခံရမှာပါ။ကံမကောင်းရင် အင်တာနတ် Social Network ထဲ ရောက်ရှိသွားအုန်းမှာပါ။
ဒါကြောင့်လည်း နိင်ငံတကာက မြန်မာကို အပျိုဖြန်းလေးတဖွယ်
သဘောထားကြတာနေမှာ။
မြန်မာနိင်ငံကို ၀င်ရောက်စီးပွားရေးလုပ်မယ် ဆိုရင် မြန်မာနိင်ငံရဲ့
အကျင့်ဓလေ့စရိုက်ကို မမေ့အပ်ပါဘူး။စီးပွားရေးဆိုင်ရာ ကိစ္စတွေမှာပဲ အာရုံပြုမနေပဲ ယဉ်ကျေးမူ၊လူတွေအကြောင်းကို
လေ့လာထားသင့်ပါတယ်။ ဓလေ့စရိုက်ချင်း မတူတဲ့ အတွက် ကိုယ့်လုပ်ငန်း လုပ်ကိုင်တဲ့ အခါမှာ
သတိပြုမီစရာပါ။
ဒီလိုကိစ္စတွေ သတိမပြုမိပဲ နိင်ငံတကာ အခြေအနေလို ခံယူထားရင်တော့
လက်ရှိ အရေးယူခံထားရတဲ့ VGestro Bar ရဲ့ အထွေထွေ မန်နေဂျာ ဖိလစ်ကို သင်ခန်းစာ ယူဖို့ လိုပါတယ်။သူ အနေနဲကတော့
နိင်ငံတကာ စီးပွားရေးသမားတွေအတွက် စံပြနမူနာ ဖြစ်လာမှာပါ။လက်ရှိ သူဟာ မြန်မာနိင်ငံ
ဥပဒေရဲ့ ပုဒ်မ(၂၉၅/၂၉၅-က) နဲ တရားစွဲခံထားရပြီး အများဆုံးထောင်ဒါဏ် နှစ်နှစ်အထိ ကျခံနိင်ခြေ
ရှိနေပါတယ်။
ဘာသာတရားနဲ ဆတ်စပ် အထိခိုက်မခံနိင်တဲ့ အခြေအနေဖြစ်လာရတာကလည်း
မြန်မာနိင်ငံရဲ့ ပဋိပက္ခတွေနဲ သတ်ဆိုင်ပါတယ်။အထူးသဖြင့် မြန်မာစာတက်ကျွမ်းနားလည်ဖို့
လိုပြီး Facebook လို Social network တွေကို ကြည့်ရူမှတ်သားသင့်ပါတယ်။ ယခင်က ခွင့်ပြုရရှိထားခြင်း
မရှိတဲ့ အင်တာနတ်လွတ်လပ်ခွင့်ကို ရရှိပြီးချိန်ကစပြီး ဒီအားနဲ ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေ
အတော်များများ ဆောင်ရွှက်လာကြပါတယ်။လွတ်လပ်ခွင့် ရှားပါးတဲ့ နိင်ငံမှာ အနေရတာ ကြာတဲ့အတွက်
ဘာသာရေးဟာ လွတ်လပ်ခွင့်တခုအဖြစ် ယူဆထားကြပြီး လုံးဝအထိအခိုက်မခံတဲ့ နိင်ငံတခု ဖြစ်လာတာ
အပြစ်တခုအဖြစ် ယူဆလို့ မရပါဘူး။
ဥပမာ ခင်များအနေနဲ အမျိုးသမီး ဖြစ်ပြီး လှပတဲ့ ညနေခင်းတခုမှာ
အခြေတည် ဘုရားတဆူကို ပုံရိုက်တင်လို့ ရပေမယ့် ဘုရားစေတီထိပ်နား အပေါ် တက်ရောက်ပြီး တက်ပုံရိုက်နေတာဆိုရင်
ဝေဖန်အပြစ်တင်ခံရမှာပါ။ဒါဟာ ယောကျာင်္းလေးတွေ သာ တက်ရောက်နိင်တဲ့ ဓလေ့ ရှိတာပါ။
ပြီးတော့ ဘာသာရေးကို စီးပွားရေးကြော်ညာအဖြစ် အသုံးပြုလို့
မရပါဖူး။လှူလို့တော့ ရပေမယ့် ဒါကို အကြောင်းပြုပြီး စီးပွားရေးအကွက်ထည့်သုံးရင် အခန့်မသင့်
ပြစ်မူတစ်ခုလို့ ရောက်ရှိသွားနိင်ပါတယ်။ ရောမ ရောမလို့ ကျင့်ရမှာတော့ အမှန်ပါပဲ။ ထိုင်းမှာ
ထိုင်းဘုရင်ကို စော်ကားလို့ မရတလိုပေါ့ဗျာ။
မြန်မာနိင်ငံဟာ လွတ်လပ်ပွင့်လင်းခါစ အခြေအနေမို့ အသွင်ကူးပြောင်းခါစ
အချိန်မှာ ယဉ်ကျေးမူ ဓလေ့စ၇ိုက်တွေကို အထူးသတိပြုသင့်ပါတယ်။မြန်မာဆိုတာ ကူညီတက်တဲ့
စိက် သူတပါးကို နားလည်ပေးတက်တဲ့ စိက်ထားတွေ ပိုင်ဆိုင်ထားပြီး ယဉ်ကျေးမူ အပေါ် ထိလာရင်တော့
ပြောစရာ တခု ဖြစ်လာမှာပါ။
ဘာကြောင့်ဖြစ်ဖြစ် တခုခု ဆောင်ရွှက်တော့မည် ဆိုရင် ကိုယ်ပိုင်အမြင်နဲ
အရင်မဆုံးဖြတ်ပဲ ဒေသခံ ရင်းနှီးတဲ့လူတွေကို အရင်ချပြသင့်တယ်။ယဉ်ကျေးမူ သဘောတရားတွေကို
နားလည်ထာရမှာကတော့ အဓီကအချက်ပါပဲ။ စီးပွားရေး ဟာ စီးပွားရေးပါပဲ။ဒါပေမယ့် ယဉ်ကျေးမူကို
တော့ မေ့လို့ မရပါဘူး။ခင်များ အနေနဲ လူစိက်ဝင်စားလာဖို့ ဘာသာရေး ယဉ်ကျေးမူကို အသုံးပြုခဲ့ရင်
အထိခိုက်မခံတဲ့ အခြေအနေပါ။ မြန်မာနိင်ငံသား ရှေ့ဆောင်သမားတွေတောင် တချို့အကြောင်းအရာတွေမှာ
ပယ်ပယ်နှယ်နှယ် ဝေဖန်ခံနေရတုန်းပဲ။
Comments
Post a Comment