LG Electronic မှ ၂၀၁၄ ခုနှစ် Korea – Myanmar CSR Excellence Award ရရှိ
LG
Electronic မှာ ၂၀၁၄ ခုနှစ် Korea – Myanmar CSR Excellence Award ရရှိခဲ့ကြောင်း ၂၀၁၄
Korea – Myanmar CSR Excellence Award ပွဲမှသိရသည်။ အဆိုပါပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ
၁၆ ရက်တွင် Sule Shangri-la Hotel ၏ Grand Ballroom တွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲကို
KOTRA (Korea Trade-Investment Promotion Agency) နှင့် Korea Embassy of the
Republic of Korea Myanmar မှစီစဉ်ပြီး Ministry of National Planning and
Economic Development (MNPED) နှင့် Ministry of Trade, Industry and Energy
(MOTIE) တို့မှကြီးမှူး၍ ကျင်းပခြင်းဖြစ်ကြောင်း LG Electronic မှ သတင်းထုက်ပြန်ထားသည်။
LG
Electronic မှ Seoul National University Hospital နှင့်ပူးပေါင်း၍ " Life's
Good with LG " ဆောင်ပုဒ် နှင့်အတူ အခမဲ့ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာဟောပြောပွဲများ၊
LG ၏ နည်းပညာများရှင်းလင်းခြင်း၊ ပျော်ပွဲရွှင်ပွဲများ၊
ဂိမ်းအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များ ၂၀၁၃ ခုနှစ် သြဂုတ်လမှ စ၍ ၂၀၁၄ နိုဝင်ဘာလအထိ
LG ၏ CSR Program အနေဖြင့် ပြုလုပ်ခဲ့သည်။ အဆိုပါပွဲများကို ဟင်္သာဒ၊ မုံရွာ၊ ပြင်ဦးလွင်၊
မော်လမြိုင်၊ ပြည်၊ ပဲခူး၊ မန္တလေး၊ ပုသိမ်၊ မကွေး၊ ပခုက္ကူ၊ စစ်ကိုင်း၊ မအူပင်၊ တောင်ငူ
အစရှိသော မြို့ပေါင်း ၁၄ မြို့တွင်ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လည်း LG
Electronic မှ အဆိုပါ CSR Program များကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး LG Washing
Machines လှူဒါန်းခြင်းများကို လည်းပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ Korea – Myanmar
CSR Excellence Award ကို DAEWOO International နှင့် LG Electronic တို့ရရှိခဲ့ခြင်းဖြစ်သည်။
Comments
Post a Comment