မြန်မာ့စီးပွားရေးကို လွမ်းမိုးမူ အရှိဆုံး လူ(၁၀)ဦး



Top business maker for 2014



(၁)ဗဟိုဘဏ် ဒုက္ကဌ ဦးဆတ်အောင်

ဗဟိုဘဏ် ဒုဥက္ကဌ အပါအ၀င် သီလ၀ါအထူးစီးပွားရေးဇုန် စီးမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ လည်း ဖြစ် ထားဝယ်ရေးနတ်ဆိပ်ကမ်း စီမံကိန်းမှာပါ တာဝန်ယူနေတဲ့ ဦးဆတ်အောင်ဟာ လက်ရှိ နှစ်အတွင်းမှာ ဆောင်ရွှက်မူ အများအပြား ပြုလုပ်နိင်ခဲ့သူပါ။ငွေလဲလှယ်နူန်း တည်ငြီမ်မူအတွက် ဆောင်ရွှက်နိင်ခဲ့တလို Black Market မှာသာ အရောင်းအ၀ယ်ဖြစ်နေတဲ့ ဒေါ်လာဈေးကွက်ကို တရားဝင်အဖြစ်ပြောင်းလဲတဲ့နေရာမှာ အက္ခရာကျပါတယ်။အရပ်သားကနေ အစီုးရတာဝန်ရှိသူအဖြစ် ရောက်ရှိလာခဲ့တဲ့ ဦးဆတ်အောင်ဟာ နိင်ငံခြားငွေကြေးလဲလှယ်မူ တရားဝင်ဖြစ်လာရေး၊ ငွေဈေးနူန်း တည်ငြိမ်ရေးနဲ အတက်အကျကို ဗဟိုဘဏ်ကနေတဆင့် ထိန်းသိမ်းနိင်အောင် လုပ်ကိုင်တဲ့ နေရာမှာ အဓိကပါဝင်သူလို့ ယူဆရပြီး ဗဟိုဘဏ်လွတ်လပ်ခွင့် ရရှိချိန်မှာ ဘဏ်တွေအပေါ် သက်မှတ်ချက်တွေ အတော်များများ ပြောင်းလဲခဲ့တာ တွေ့မြင့်ရမှာဖြစ်ပါတယ်။ဗဟိုဘဏ် သာမက သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်ပြီး အောင်မြင်တာမို့ ဂျပန်က အလုံးအရင်းနဲ ၀င်ရောက်ရင်းနှီးမြုပ်နှံခဲ့တလို အပြောအဆိုနဲ အတက်ပညာပိုင်းမှာလည်း ကျွမ်းကျင်ကောင်းမွန်သူ တစ်ဦးပါ။ဒီနှစ်အတွက် အကောင်းဆုံး စီးပွားရေးအခွင့်အလမ်းဖန်တီးနိင်သူ တစ်ဦးပါပဲ။


(၂)ဘဏ္ဍာရေးဒုဝန်ကြီး ဒေါတ်တော မောင်မောင်သီမ်း

ဘဏ္ဍာရေးဝန်ကြီးဌာနကို ဒုဝန်ကြီးအဖြစ် အာမခံဌာနကနေ တက်လှမ်းသူ ဖြစ်ပြီး အရပ်သား ကနေ အစီုးရအဖွဲ့ဝန်ဖြစ်လာသူ တစ်ဦးပါ။အာမခံလုပ်ငန်းကို လူသိများလာအောင် ဆွဲဆောင်နိင်ခဲ့တလို ပုဂ္ဂလိက အာမခံလုပ်ငန်းများ ဖြစ်လာအောင်ကြိုးပမ်းခဲ့သူ တစ်ဦးပါ။ဒုဝန်ကြီး ဖြစ်လာခဲ့ချိန်ကစပြီး စတော့ဈေးကွက် ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်ပြီး အများပိုင်ကုပ္မဏီတွေအပေါ်မှာ ပွင့်လင်းစွာ ဝေဖန်ခဲ့သူပါ။အလုပ်လုပ်ကိုင်တဲ့ နေရာမှာ အေးဆေးတည်ငြိမ်တလို မီဒီယာတွေနဲလည်း ပနံသင့်သူ တစ်ဦး ဖြစ်ကာ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ အာမခံလုပ်ငန်းတွေ အထိုက်အလျောက် အောင်မြင်အောင် ဖန်တီးပေးနိင်ခဲ့တလို အများပိုင်ကုပ္မဏီတွေ ပေါ်ပေါက်လာရေးအတွက်လည်း စီစဉ်နိင်သူ တစ်ဦး ဖြစ်တာမို့ စီးပွားရေးအခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိင်သူ တဦးလည်း ဖြစ်ပါတယ်။



(၃)DICA ညွန်ကြားရေးမူးချုပ် ဦးအောင်နိင်ဦး

ရင်းနှီးမြုပ်နှံမူ ကော်မရှင်ရဲ့ အတွင်းရေးမူး ဖြစ်တဲ့ ဦးအောင်နိင်ဦးဟာ ၂၀၁၄ခုနှစ်အတွင်းမှာ ပြည်တွင်းပြည်ပ လုပ်ငန်းအများအပြားကို ခွင့်ပြုပေးတဲ့ နေရာ မှာ အက္ခရာကျသူတစ်ဦးပါ။ကိုကာ ကိုလာလို ကုပ္မဏီကြီးတွေ ရေနံကုပ္မဏီကြီးတွေ ဘဏ်တွေ ကို မြန်မာပြည်မှာ လာရောက်ဖို့ ခွင့်ပြုပေးခဲ့တလို one stop service လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွှက်နိင်ခဲ့သူ တစ်ဦးပါ။ကုပ္မဏီတွေနဲ ပါတ်သက်တဲ့ ဖြေလျော့မူတွေ အများအပြား ပြုလုပ်ခဲ့တလို နိင်ငံခြားရင်းနှီးမြုပ်နှံမူ ဥပဒေနဲ နိင်ငံသား ဥပဒေတွေကို  ထုက်ပြန်ဆောင်ရွှက်ပေးနိင်ခဲ့တယ်။မီဒီယာတွေနဲလည်း ပနံသင့်သူ တစ်ဦးဖြစ်ပြီး သူဆောင်ရွှက်ခဲ့တဲ့ သတ်တမ်းတလျောက် နိင်ငံတကာ ရင်းနှီးမြုပ်နှံမူ အများအပြား ၀င်ရောက်လာခဲ့တာပါပဲ။နောက်ထပ်လည်း ဖြေလျော့မူ အများအပြား ပြုလုပ်မယ်လို့ ပြောကြားထားပြီး ပြည်ပရင်းနှီးမြုပ်နှံတွေ တိုးပွားအောင် ပြုလုပ်နိင်ခဲ့သူပါ။အောင်မြင်တဲ့ အစီုးရ စီးပွားရော ပေါ်လစီတွေ ချမှတ်ရမှာ ပါဝင်ခဲ့သူ ဖြစ်တလို မကြာခဏ တွေ့ဆုံပွဲတွေ ညိနှိုင်းဆွေးနွေးပွဲတွေမှာလည်း လူတွေ အာရုံပြု စိက်ဝင်စားခံရသူပါပဲ။


(၄)စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်

UMFCCI ဥက္ကဌ အဖြစ် အချိန်အကြာကြီး တာဝန်ယူခဲ့ဖူးတလို ကိုယ်တိုင်က ကုန်သည်လည်း ဖြစ်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးရယ်ပါ။စီးပွားကူးသန်းကို သူရောက်ပြီးနောက်ပိုင်း အပြောင်းအလဲတွေ ဖြေလျော့မူတွေ အများကြီး ပြုလုပ်ခဲ့တယ် ဆိုတာ လုပ်ငန်းရှင်တွေ အသိပါပဲ။တောင်းဆိုမူတွေ နားစွင့် တက်သူ ဖြစ်ပြီး သူဝန်ကြီးဖြစ်ချိန်မှာ နယ်စပ်ကုန်သွယ်ရေး ဖွံးဖြိုးတိုးတက်မူတွေ ပြုလုပ်ခဲ့သူပါ။တနိင်တပိုင်း ကုန်သွယ်မူ ကက်တွေ ထုက်နိင်အောင် လုပ်ခဲ့တလို Mobile Team လို အဖွဲ့ကို ဖွဲ့စည်းခွင့် ပြုခဲ့သူပါ။Mobile team ကြောင့် မှောင်ခိုပစ္စည်းတွေ အတော်များများ အထိနာခဲ့တလို ၀န်ကြီးကိုယ်တိုင်ကလည်း အရက်တုကြောင့် မျက်နှာေ ဖ်ာရောင်ခဲ့တယ်လို့ ဆိုပြီး အတုတွေ မှောင်ခိုတွေ ဖမ်းခဲ့ပါတယ်။တဘက်က အဖမ်းအဆီးများတလို တဘက်ကလည်း ကုန်သွယ်ရေး ဖြေလျော့မူတေါ လုပ်ခဲ့သူပါ။ ၂၀၁၄ခုနှစ်အတွင်းမှာ ကားနဲပါတ်သက်ပြီး ဖြေလျော့မူတွေ၊ဆန်၊ပဲ ပြသာနာတွေ ပြည်ပ တင်ပို့မူတွေ ကို အကောင်းဆုံး ဆောင်ရွှက်ခဲ့သူ တဦးပါပဲ။စီးပွားကူးသန်းက ဖြေလျော့မူတွေဟာ လုပ်ငန်းရှင်အများအပြားအပေါ် အကျိုးသက်ရောက်မူ ရှိတယ်လို့ ဆိုရမှာပါ။အစီုးရ၀န်ကြီးဌနတွေထဲမှာ စီးပွားကူးသန်းဟာ အပွင့်လင်းဆုံး၊၀န်ဆောင်မူအကောင်းဆုံးရယ်လို့တောင် အသိအမှတ်ပြုခံခဲ့ရပါတယ်။ အရန်ဆန်ဝယ်ယူရေး၊နယ်စပ် အထူးသဖြင့် တရုက်ပြည် တင်ပို့မူ တွေမှာ ကုန်သည်တွေအတွက် တောင်းဆိုမူတွေ မကြာခဏ လုပ်တက်သူပါ။တခြား ပြသာနာတွေ ရှိပေမယ့် ပြည်ထောင်စုဝန်ကြီးနဲ စီးပွားကူးသန်းဟာ စီးပွားရေး ကဏ္ဍအတွက် အများအပြား ပံပိုးပေးနိင်ခဲ့တယ် ဆိုတာက ငြင်းမရတဲ့ အချက်ပါပဲ။


(၅)ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ

ရန်ကုန်တိုင်းဝန်ကြီးချုပ်လည်း ဖြစ် အစီုးရဘက်မှာ ထိပ်တန်းအဆင့်ရှိသူလည်း ဖြစ်တဲ့ ဦးမြင့်ဆွေဟာ ၂၀၁၄ခုနှစ်အတွင်းမှာ စီးပွားရေးအခွင့်အလမ်းကောင်းတွေ ချပေးနိင်သူတစ်ဦးပါပဲ။ ရန်ကုန်မြို့တော်ဖွံးဖြိုးရေးအတွက် အဓီကကျတဲ့ ဆုံးဖြတ်မူတွေ ဆောင်ရွှက်နိင်တဲ့ အခွင့် ရှိသူမို့ စီးပွားေ၇းလုပ်ငန်းအတော်များများကို ပုဂ္ဂလိကကို ချပေးခဲ့ပါတယ်။ ကားကျပ်တည်းနေတယ်လို့ ဆိုစေ ခုံးကျော်တံတားတွေ တည်ဆောက်ပေးခဲ့တလို မြို့တွင်းလမ်းအများအပြားကိုလည်း ပြုပြင်ဆောင်ရွှက်နိင်ခဲ့ပါတယ်။အစီုးရဘက်က ခေါင်းမာသူတစ်ဦးအဖြစ် သိထားကြတဲ့ ဦးမြင့်ဆွေဟာ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက ရန်ကုန်တိုင်းလွတ်တော်ကို တင်သွင်းခဲ့တဲ့ မြို့သစ်စီမံကိန်းလို အထင်ကရတွေကို ဖော်ဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။တန်ဖိုးနည် အိမ်ယာအများအပြားကို အကောင်အထည်ဖော်ဖို့ သူခွင့်ပြုမိန့်တွေ လိုအပ်တာမို့ ရန်ကုန်မြို့ စီးပွားရေးတိုးတက်စေဖို့ နဲ လုပ်ငန်းအခွင်အလမ်းအများအပြားကို ချပေးခဲ့သူ တစ်ဦးလို့ သက်မှတ်လို့ ရပါတယ်။သာမန် ပြည်သူတွေကြားမှာ နာမည်ကောင်း မထွက်ပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အားကိုးနေရတဲ့ သူတစ်ဦးပါပဲ။



(၆)UMFCCI ဥက္ကဌ ဦးဝင်းအောင်

ဒဂုံ လုပ်ငန်းစုရဲ့ ဥက္ကဌ လည်း ဖြစ်တဲ့ ဦးဝင်းအောင်ဟာ UMFCCI ဥက္ကဌ ဖြစ်တာနဲ အညီ လုပ်ငန်းအတော်များများကို ပံပိုးပေးနိင်ခဲ့ပါတယ်။နိင်ငံတကာ နဲ ဆက်ဆံရေး၊ပြည်တွင်း လုပ်ငန်းတွေရဲ့ အကျိုး၊ပြည်ပ ရင်းနှီးမြုပ်နှံတွေမှာ သူရဲ့ ဆောင်ရွှက်မူတွေ အဓိက ကျခဲ့ပါတယ်။ အာဆီယံ ဥက္ကဌ ဖြစ်တာနဲ အညီ သူနဲ UMFCCI က ကြိုးပမ်းအားထုက်မူဟာလည်း ၂၀၁၄ခုနှစ်အတွင်းမှာ အက္ခရာ ကျခဲ့ပါတယ်။နိင်ငံတကာနဲ ပူးပေါင်းမူတွေ၊ ဆက်ဆံရေး ၊ဆွေးနွေးမူတွေ ပြုလုပ်နိင်ခဲ့တလို အမေရိကန်ကုန်သည်၊အီးယူ ကုန်သည် အသင်းတို့နဲလည်း ပူးပေါင်းနိင်ခဲ့ပါတယ်။GIZ လို အဖွဲ့အစည်းနဲလည်း ပူးပေါင်းပြီး SME အတွက် အကူအညီ၊နည်းပညာတွေ ပေးနိင်ခဲ့တလို  မြန်မာစီးပွားရေးတွက် သုံးသပ်ချက် စာစောင်ကိုလည်း ပြီးခဲ့တဲ့ လက ထုက်ဝေနိင်ခဲ့ပါတယ်။ ဦးဝင်းအောင် ဟာ သီလ၀ါ အထူးစီးပွားရေးဇုန် ထူထောင်ရေးမှာ ပါဝင်ခဲ့တလို သီလ၀ါအများပိုင် ကုပ္မဏီဟာလည်း ယုံကြည်ရဆုံးအဖြစ် ၂၀၁၄ခုနှစ်မှာ နာမည် ကျော်ခဲ့ပါတယ်။လက်ရှိမှာလည်း ဥက္ကဌရာထူးကို ဆတ်တိုက် ရယူထားနိင်ခဲ့တလို ပြည်တွင်းလုပ်ငန်းတွေ တိုးတက်အောင်လည်း ဆောင်ရွှက်ပေးထားတယ်လို့ ဆိုရမှာပါ။ဒါပေမယ့် အဖွဲ့အစည်းတွင်းမှာလည်း ဝေဖန်တိုက်ခိုက်မူတွေ ကြုံရသူ တစ်ဦးဖြစ်ပြီး UMFCCI ရွှေးကောက်ပွဲတုန်းကလည်း အပြင်းအထန်ကို ဝေဖန်ခံခဲ့ရပါတယ်။မည်သို့ဆိုစေ သူလက်ထက်မှာ UMFCCI ဟာ အောင်မြင်စွာ ရပ်တည် သွားနေဆဲဖြစ်ပြီး နိင်ငံတကာနဲ ချိက်ဆက်မူတွေ လုပ်ရာမှာလည်း သူလုပ်ဆောင်နိင်ခဲ့တယ်လို့ ဆိုရမှာပါ။



(၇)FMI ဥက္ကဌ ဦးသီမ်းဝေ ခ် ဆာခ်ျပန်

၂၀၁၄ခုနှစ်အတွင်းမှာ FMI အောင်မြင်မူနဲ အတူ နာမည်ကြီးလာခဲ့သူ တစ်ဦးပါ။သိုသိုသိပ်သိပ် နေလေ့ရှိပြီး မီဒီယာတွေနဲ အထိအတွေ့ နည်းပါတယ်။အစီုးရနဲ ပူးပေါင်းတဲ့ ကိစ္စတွေမှာလည်း အောင်မြင်မူ ရနေတလို သူတို့ရဲ့ ကြယ်စင်အီမ်ယာစီမံကိန်းဟာလည်း အထူးအောင်မြင်ခဲ့ပါတယ်။မြန်မာပြည်မှာ အဘက်ဘက်က ရင်းနှီးမြုပ်နှံမူ ပြုထားတလို အောင်မြင်မူလည်း ရရှိနေတာကြောင့် သူကုပ္မဏီရဲ့ စတော့ဈေးဟာ စကာင်္ပူမှာကော ပြည်တွင်းမှာပါ မြင့်တက်နေပါတယ်။စကာင်္ပူမှာ မှတ်ပုံတင်ထားတဲ့ ပင်မကုပ္မဏီ Yoma ကုပ္မဏီဟာ ဒီလထဲမှာပဲ asia development bank ကနေ ဒေါ်လာသန်း(၁၀၀)ချေးငွေ ရရှိထားပြီး ဆက်သွယ်ရေးဘက်တွေမှာ ခြေဦးလှည့်ဖို ပြင်နေပါတယ်။အီမ်ခြံမြေ၊ကုန်တိုက်၊လေယာဉ်၊ဘဏ် ၊ဆေးရုံး၊ဆောက်လုပ်ရေး ၊ကားနဲ ဆိုင်ကယ် ထုက်လုပ်ရေး တွေလို လုပ်ငန်းကြီးတွေကို အောင်မြင်စွာ ဆောင်ရွှက်နိင်ခဲ့တလို သီလ၀ါ အများပိုင် ကုပ္မဏီမှာလည်း ဒုဥက္ကဌ အဖြစ် ရပ်တည်ခဲ့ပါတယ်။လက်ရှိ ၂၀၁၄ခုနှစ်အတွင်းမှာ သူလုပ်ငန်းအများအပြားဟာ အောင်မြင်ခဲ့တဲ့ နှစ်လို့ ဆိုရမှာ ဖြစ်ပြီး သူရဲ့ MTC ခေါ် မြန်မာ့တာဝါကုပ္မဏီဟာလည်း မြန်မာပြည်မှာ အကြီးဆုံး တာဝါတိုင်ဆောက်လုပ်ရေး ကုပ္မဏီပါ။ နောက်ပိုင်း ဘဏ်ကနေတဆင့် SME တွေကို အတိုးနူန်း သက်သက်သာသာနဲ ချေးဖို့ ပြင်ဆင်နေပါတယ်။


(၈)ဆန်စပါးအသင်း အတွင်းရေးမူး ဦးရဲမင်းအောင်

မြန်မာနိင်ငံဆန်စပါးအသင်းမှာ အထွေထွေ အတွင်းရေးမူး ဖြစ်တဲ့ ဦးရဲမင်းအောင်ဟာ ၂၀၁၄ခုနှစ် ဆန်စပါးကဏ္ဍမှာ အရေးပါတဲ့ လူတစ်ယောက်ပါပဲ။နိင်ငံတကာနဲ MOU ထိုးတာတွေ ပြည်တွင်း ဆန်အရောင်းအ၀ယ်ကဏ္ဍ တည်ငြိမ်ရေးနဲ တောင်သူများထံ ဆန်ဝယ်ယူရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွှက်ခဲ့သူ တစ်ဦးပါပဲ။MAPCO မှာလည်း အရေးပါတဲ့ အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၄ခုနှစ် ဆန်ထွက်ချိန်မှာ မတည်ဝယ်ယူဖို့ ဆောင်ရွှက်နိင်ခဲ့တလို အောင်မြင်တဲ့ အများပိုင်ကုပ္မဏီတခု ဖြစ်လာအောင်လည်း ဆောင်ရွှက်ပေးနိင်ခဲ့တယ် လိုပြောရမှာပါ။ဆန်လောကမှာ အရေးပါတဲ့ လူငယ်တစ်ယောက်၊တိုးတက်လာဖွယ် ရှိတဲ့ လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ရည်မွန်ဖော်ရွှေတဲ့ ပညာတက် တစ်ယောက်ပါပဲ။၂၀၁၄ခုနှစ် တရုက်တင်ပို့မူတွေအတွက် အရေးပါတဲ့ ဆွေးနွေးမူတွေမှာ ပါဝင်ဦးဆောင်ခဲ့တလို နိင်ငံတကာ အပြင် တရုက်ကို ဆန်တရားဝင်တင်ပို့မူတွေဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ပါတယ်။MAPCO မှာကော မြန်မာနိင်ငံဆန်စပါးအသင်းမှာပါ အရေးပါတဲ့ သူတစ်ယောက် ဖြစ်လာတဲ့ ဦးရဲမင်းအောင်ဟာ  သူရဲ့ လုပ်နိင်မူ စွမ်းအားအရ နောင်မှာ ဆန်လောကကို ဦးဆောင်လာမယ့် သူတစ်ယောက်အဖြစ် သက်မှတ်ရမှာပါ။


(၉)အော်ရီဒူး မြန်မာ 

အော်ရီဒူး မြန်မာကိုတော့ အဖွဲ့အစည်းတခုလုံး အနေနဲ ရွှေးလိုက်ပါတယ်။ဒီကုပ္မဏီဟာ မြန်မာပြည်မှာ ဆက်သွယ်မူကွန်ရက် ရရှိထားပြီး လုပ်ငန်းတိုးချဲမူဟာလည်း မြန်ဆန်ကြီးမားလွန်းတယ်။(၁၆)ဘီလီယံ ရင်းနှိးမြပ်နှံထားမယ်လို့ ဆိုထားပြီး တကယ်လည်း အလုံးအရင်းနဲ အသေအချာကို ရင်းနှီးမြုပ်နှံထားပါတယ်။မြန်မာနိင်ငံမှာ ဘာသာရေး ပြသာနာ အခံရှိနေလို့ ပြသာလေးတွေ ရှိပေမယ့် အောင်မြင်မူကိုတော့ အရယူနိင်ခဲ့ပါတယ်။သူတို့ ကုပ္မဏီရဲ့ နှစ်တိုအတွင်း အလျင်အမြန် ငွေအရင်းအနှီးကြီးကြီးနဲ ဆောင်ရွှက်ခဲ့တာမို့ အလုပ်အကိုင်အခွင့်အလမ်း အများအပြားကို ပေးအပ်နိင်ခဲ့ပါတယ်။သူတို့ရဲ့ ဖြေလျော့မူဟာလည်း MPT၊တယ်လီနော တို့ နောက်က ကျန်ခဲ့အောင် ဆောင်ရွှက်ခဲ့တလို နောက်ထပ် ကွန်ရက်တွေ အများအပြားလည်း ဆောင်ရွှက်အုန်းမှာပါ။၂၀၁၄ခုနှစ်အတွင်းမှာ ဆက်သွယ်ရေးလုပ်ငန်းတွေထဲမှာ ရှေ့ဆုံးက ဦးဆောင်ပြေးနေခဲ့တဲ့ မြင်းတစ်ကောင်အဖြစ် သက်မှတ်ရမှာပါ။သူတို့ရဲ့ မူဝါဒ ချမှတ်မူ အလုပ်အကိုင် အခွင့်အလမ်း ပေးထားနိင်မူကလည်း လူငယ်တွေ စိက်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။နောက်ပိုင်း မြန်မာနိင်ငံသား ၀န်ထမ်းအကြီးအကဲတွေရောက်လာပြီး နောက်ပိုင်း လစာတွေ လျော့နည်းသွားခဲ့တယ်လို့ အသံထွက်ခဲ့ပါတယ်။အရင် ခန့်တဲ့ ၀န်ထမ်းတွေဟာ နိင်ငံတကာ လစာနီးပါး ရရှိခဲ့ပေမယ့် မြန်မာအကြီးအကဲတွေရဲ့ ပြောဆိုမူကြောင့် နောက်ပိုင်း ၀န်ထမ်းတွေကို လစာ လျော့ချခဲ့ပါတယ် လို့ အသံထွက်ခဲ့ပါတယ်။မည်သို့ ဆိုစေ လစာကောင်း လိုချင်ရင် အော်ရီဒူးသွား ဆိုတဲ့ တခေတ်တော့ ရှိခဲ့ဖူးတယ် ဆိုတာ ၀န်ထမ်းတိုင်း ၂၀၁၄ခုနှစ်မှာ ကြားဖူးကြမှာပါ။ အော်ရီဒူးကုပ္မဏီဟာ မြန်မာဆက်သွယ်ရေး ကဏ္ဍပြောင်းလဲစေဖို့ အရေးပါတဲ့ နေရာကနေ ဦးဆောင်နိင်ခဲ့တယ် ဆိုတာ ငြင်းလို့ မရတဲ့ အချက်ပါ။


(၁၀)ဦးအိုက်ထွန်း(ရွှေတောင် ကုပ္မဏီ)

ရွှေတောင်ကုပ္မဏီ ပိုင်ရှင် ဦးအိုက်ထွန်းဟာ ၂၀၁၄ခုနှစ်မှာ အစီုးရပရောဂျက်ကြီးတွေကိုရရှိခဲ့သူ တစ်ဦးပါ။လှည်းတန်း ခုံးကျော်တံတား၊မြေနီကုန်း ခုံကျော်တံတားကဲ့သို လုပ်ငန်းကြီးတွေကို ရရှိခဲ့သူမို့ သူကုပ္မဏီအပါအ၀င် ပူးပေါင်းလုပ်ငန်းတွေပါ အောင်မြင်တိုးတက်လာခဲ့ပါတယ်။မီဒီယာနဲ အပြင်မှာ တွေ့မြင်ရဖို့ ခတ်ခဲတဲ့ သူဟာ အစီုးရနဲ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေသူပါ။Junction စင်တာတွေ အပါအ၀င် သတ္တူတူးဖော်ရေးလုပ်ငန်းတွေပါ အောင်မြင်ပိုင်ဆိုင်ထားပါတယ်။၂၀၁၄ခုနှစ် အတွင်းမှာ နာမည်ကြီး Junction စင်တာတွေ အဖြစ် ဖန်တီးနိင်ခဲ့ပါတယ်။


Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး