မူဆယ် အပို့နည်းပြီး ရောင်းလိုအားများမူကြောင့် (၂၅)မှတ်ဆန်ဈေး ကျဆင်းနေ
Mr.chin
ရန်ကုန်၊ဒီဇင်ဘာ(၂၃)ရက်

မူဆယ်သို့ ဆန်တင်ပိုမူ နည်းပါးသွားပြီး ရောင်းလိုအားကြောင့် Normal trade အ၀ယ်ရှိသော်လည်း (၂၅)ဆန် တအိတ်လျှင် ကျပ်(၁၀၀၀)ခန့် ဈေးကျသွားခဲ့ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ အတွင်းရေးမူးဖြစ်သူ ဦးသန်းဦးက ဒီဇင်ဘာ(၁၉)ရက်နေ့တွင် ပြောကြားသည်။

တရုက်က ပို့ပြီးဆန်အတွက် ငွေပြန်လွဲတာ ကြန့်ကြာသွားခဲ့တွက် အပို့နည်းသွားတယ်။သဘောင်္သမားက အ၀ယ်ရှိပေမယ့် ရောင်းလိုအားက များတော့ ဈေးပြန်လျော့သွားတယ်။ဒါကြောင့် ဈေးကျလာတာ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းခန့်က မူဆယ်သို့ တနေ့ ဆန်အိတ်ရေ တစ်သိန်းကျော် ၀င်ရောက်နေသော်လည်း လက်ရှိအချိန်တွင် တအိတ် သုံးသောင်းကျော်သာ ၀င်ရောက်လျှက်ရှိနေပြီး သဘောင်္ဖြင့် တင်ပို့ရာတွင်လည်း  ပြည်ပ ၀ယ်လိုအားရှိသော်လည်း လက်ရှိ မြန်မာ့ဆန် လှိုင်လှိုင် ထွက်ရှိမူကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ၀ယ်မနိင် ဖြစ်လျှက် ရှိနေရာ ဈေးပြန်ကျခဲ့ခြင်း ဖြစ်ကာ ဧမထတအိတ်လျှင် ကျပ်(၁၃၅၀၀)၀န်းကျင်မှ ပြန်ကျသွားခဲ့ကာ ကျပ်တစ်ထောင်ခန့်အထိ ဈေးကျဆင်းနေမူ ရှိနေသည် ဟု ဈေးကွက်အတွင်းမှ စုံးစမ်းသိရှိရသည်။

လက်ရှိ တရုက်နယ်စပ်ဈေးကွက်တွင်လည်း တရုက်မှ အဖမ်းအဆီး ရှိနေပြီး အချိုးကုန်သည်များ တင်ပို့ရန် မ၀ံမရဲ ဖြစ်နေလျက် ရှိနေသည်ဟုလည်း ကုန်သည်တို့က ဆိုထားသည်။

လက်ရှိ ဈေးကွက်အတွင်း ဆန်ဝင်ရောက်မူ များနေပြီး မူဆယ် အပို့လျော့နည်းခဲ့ခြင်းကြောင့် သင်္ဘော တင်သူအကြိုက်ဖြစ်လျှက် ရှိနေပြီး အစီုးရ နှင့် လက်မှတ်ရေးထိုးထားသော တရုက်သို့ တရားဝင်တင်ပို့မည့် ကိစ္စမှာလည်း လာမည့် ၂၀၁၅ခုနှစ်တွင်သာ အကောင်အထည်ဖော်လာမည် ဖြစ်ကြောင်း ဦးသန်းဦးက ဆိုသည်။

တရုက်သို့ တင်ပိုမည့် ဆန်များမှာ ကွမ်းရှီပြည်နယ် နှင့်  ဆန်တန်ချိန်(၂)သိန်း၊ယူနန်ပြည်နယ်နှင့် ဆန်တန်ချိန်(၂)သိန်း၊COFCO နှင့် MOU ရေးထိုးကာ ဆန်ပေးပို့ရန်တို့ အတွက် လုပ်ဆောင်လျက်ရှိနေပြီး တလလျှင် ဆန်တန်ချိန်(၁)သိန်း ပုံမှန်လမ်းကြောင်းမှ တင်ပို့နိင်ရန် စီစဉ်နေသည် ဟု MRF မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိ အချိန်တွင် ပြည်တွင်းဆန်ထွက်ရှိချိန် ဖြစ်၍ ၀ယ်လိုအားထက် ရောင်းလိုအား ပိုနေကြောင်း၊MAPCO မှလည်း သီးနှံ အာမခံ စနစ်ဖြင့် ၀ယ်ယူလျက် ရှိနေပြီးဆန်ဈေး မကျဆင်းရေးအတွက် ဆောင်ရွှက်လျှက်ရှိနေသောလည်း မြန်မာ့ဆန်ဈေးကွက်မှာ တရုက် မှ ၀ယ်လိုအား၊ဖမ်းဆီးမူ အခြေအနေပေါ် မူတည်ကာ ပြောင်းလဲ လွယ်လျှက် ရှိနေသည်။

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

မြန်မာနိင်ငံ ဘဏ်သမိုင်းအကြောင်း(၁၉၁၃-၁၉၆၃)