Posts

ကယ်တင်ရှင်အဖြစ် မာန်တက်လာကြမယ့် သူတွေ

Image
နိုင်ငံခြားကုမ္ပဏီတွေ ထွက်ခွာနေကြတာ၊ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်မလာတော့တာ မြင်ရတော့ လူငယ်တွေအတွက် တခု စိုးရိမ်မိသွားတယ်။ ဒါကတော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ခရိုနီကြီးတွေက ငါတို့သည် ကယ်တင်ရှင် သူရဲကောင်းများသာ ဖြစ်သည် လို့ မာန်တက်သွားကြမှာကိုပဲ။ တစ်နှစ်ကို ပျမ်းမျ မြန်မာမှာ ဘွဲ့ရလူငယ် တစ်သိန်း‌ခွဲကျော် ထွက်ပါတယ်။ စစ်တမ်းတွေအရ နှစ်စဉ်အလုပ်အကိုင်အခွင့်အလမ်းက တစ်သိန်းဝန်းကျင် ရှိတယ်။ဒါက ဒီမိုကရေစီအစိုးရလက်ထက်မှာ ရရှိနေတဲ့ အချက်အလတ်ပါ။ ဆိုတော့ ဆယ်တန်းအောင်သူပါ ထပ်ပေါင်းရင် ပျမ်းမျှ တစ်နှစ်ကို အလုပ်အကိုင်အခွင့်အလမ်း နှစ်သိန်းလောက် လိုအပ်မယ် လို့ ယူဆရတယ်။ သို့သော် ဖွံဖြိုးတိုးတက်လာပါတယ် ဆိုတဲ့ NLD အစိုးရခောတ်မှာတောင် အလုပ်အကိုင် လိုအပ်ချက်က တစ်နှစ်ကို တစ်သိန်းကျော် လိုတယ်။ ဆိုတော့ အလုပ်လက်မဲ့ပြသာနာက မဖြေရှင်းနိုင်သေးဘူး။ ၂၀၁၃ ခုနှစ် နောက်ပိုင်း နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာတော့ လစာနှုန်းထားကောင်းလာတယ်။ တော်ရင် ထူးချွန်ရင် လစာကောင်းသလို အခြေခံဝန်ထမ်းချင်းတူတောင် နိုင်ငံခြားကုမ္ပဏီတွေမှာ လုပ်ရင် လစာကောင်းပြီး ရရှိတဲ့ အခွင့်အရေးကောင်းပါတယ်။ အဲမတိုင်မှီကာလတွေတုန်းက ပြည်တွင်း...

ကျောင်းသားတွေ ပြောတဲ့ တရုတ်အကြောင်း

Image
တလောက တရုတ်မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားကျောင်းသူတွေနဲ ဆုံဖြစ်တော့ တရုတ်အကြောင်းတွေ မေးဖြစ်တယ်။ ထူးခြားတာက ဘာတွေ့ရလဲဆိုရင် မြန်မာကသာ တရုတ်ကို ဆန်းဆန်းတင့် ဖြစ်နေတာ တရုတ်ကတော့ မြန်မာကို သိပ်ဂရုမစိုက်ဘူး ဆိုတာပဲ။တရုတ်အကြောင်းကြားရတာက ဒီကကြားရတာနဲ ကွဲလွဲနေတာတွေ ရှိတာပဲ။ ပြောရရင် မြန်မာတပြည်လုံးက တရုတ်အကြောင်း သိပေမယ့် တရုတ်တပြည်လုံးက မြန်မာအကြောင်း သိတောင် မသိတာပါ။ မြန်မာကို အသိများဆုံးက ယူနန်ပြည်နယ်လောက်ပဲ ရှိမှာပါ။ ဒီတော့ သတင်းဆောင်းပါးတွေက ဂျင်းထည့်ခဲ့တာ သဘောပေါက်လာတယ်။ မြန်မာအတွက် တရုတ်ဟာ အရေးပါလှပေမယ့် တရုတ်အတွက်တော့ နိုင်ငံရေးအရဆက်နွှယ်တဲ့ ဒေသတခုအဖြစ် ရူမြင်ပုံပဲ ရပါတယ်။ဒါကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးတွေ အဆင်မပြေ ဖြစ်နေတာပါ။ နောက်ပြီး တရုတ်လူမျိုးအများစုဟာ နိုင်ငံရေးကို မသိကြပါဖူး။စီးပွားရေးပဲ သိပြီး အပြင်းအထန်လုပ်ကြတယ် လို့ ဆိုတယ်။ တိုင်းပြည်စီးပွားရေးကောင်းတော့လည်း လူတွေက နိုင်ငံရေးကို သိပ်စိက်မဝင်စားကြတာလည်း ဖြစ်နိင်တယ်။ အစီုးရက ပိက်ပင်မူတွေကြောင့်လည်း ဖြစ်နိင်ပါတယ်။ ပြောရရင် မြန်မာကို ပြည်မကြီးက တရုတ်တွေ မသိပါဖူး။ ကြားတောင် မကြားဖူးကြတာလည်း ဖြစ်နိင်တယ်။ တရုတ်မ...

တွေ့ရ ကြုံရ စီးပွားရေး မီဒီယာသမားဘဝ

Image
ရန်ကုန် စရောက်ခါစ မမျော်လင့်ပဲ Politics Science သင်တန်း တက်မိပြီးနောက် မီဒီယာသမားတွေကို အားကျလို့သာ သတင်းသမားဖြစ်လာခဲ့တယ်။ သတင်းသမားစစ်စစ်ရယ်လို့တော့ မခံယူနိုင်သေးဘူး။ သင်ခဲ့ရတဲ့ အချက်တွေအရ ခံစားမူ မရှိပဲ သတင်းတွေဖော်ပြရဲဖို့ပဲ။  သို့သော်ကိုယ်ဆိုသည်မှာ သတင်းလိုက်တာ ကိုယ်လည်း သိချင်တာကို ပြန်ဝေမျတဲ့ သဘောဖြစ်ပြီး အတိုက်အခံလုပ်တာမျိုးတွေ သိပ်မကြိုက်လှတဲ့အတွက်ပဲ။ အကို တစ်ယောက် အပြောအရဆို အကောင်းမြင်စိက် များတယ် လို့ ဆိုတယ်။ တကယ်စိတ်အခံက အနုပညာဇန် ပိုးရှိတယ် လို့ပဲ တွေးမိတယ်။ တခုခုဆို လိုက်ခံစားပေးနိင်တဲ့ အချက်တခုနဲ့တင် ကိုယ့်ဟာ သတင်းသမားကောင်း တခု မဖြစ်နိုင်ဘူးလို့လည်း တွေးမိရဲ့။ ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို စတွေ့တော့ တုန်လှုပ်မိသေးတယ်။ တခြားသတင်းသမားတွေက အေးဆေးဆိုတဲ့ အချိန်မှာ။ ကံကောင်းထောက်မလို့ ‌သမ္မတ ဦးသိန်းစိန်ကို  သမ္မတအိမ်တော်မှာ တွေ့ရတုန်းက မျောက်အုန်းသီးရသလိုပဲ။ ဒါမျိုးအခွင့်အရေးကလည်း သာမန်ပြည်သူသာဆို ရဖို့ မလွယ်။ ဒီလိုအချိန်တွေမှာ ငါနိုင်ငံကွ လို့ ဂုဏ်ယူမိသေးတယ်။ တချို့သတင်းသမားတွေနဲ့တော့ စိတ်မတူလောက်ပေမယ့် ကိုယ်တော့ ဂုဏ်ယူမိသေးတယ်။ အတော်ခံစားမိလိုက်တာ။ တ...

Mask ဈေးတက်ခြင်း ပြသာနာ

Image
Covid-19 ပထမလှိုင်းကာလကတည်းက သတင်းတွေ လိုက်မှတ်ဖူးတာမို့ ဒီသဘောကို နားလည်တယ်။ ဈေးကွက်သဘောအရဆို Supply and demand ပေါ့ဗျာ။ ပထမလှိုင်းမှာ Mask တခု (၅၀၀)ကျော်၊အခု(၅၀)ပါ တစ်ဘူးကို (၁၅၀၀၀)၊တချို့ဆို (၃၀၀၀၀)အထိ ဈေးတက်ခဲ့တယ်။ ဒုတိယလှိုင်းမှာတော့ နယ်စပ်ကနေ လှိုင်လှိုင်သွင်းခွင့် ပြုတာရယ် ရောင်းသူများလာတာရယ်ကြောင့် ဈေးဟာ (၁၅၀၀)ပါတ်ချာလည်ကနေ (၁၀၀၀)ဝန်းကျင်ပေါ့။ အခု တတိယလှိုင်းမှာ ကနဦးမို့ Mask ဈေးက မြင့်တက်နေမှာပဲ။ ဝယ်လိုအားရှိတာကို။ အခု ရန်ကုန်ပေါက်ဈေးက တစ်ဘူး ကျပ်(၂၀၀၀)ဝန်းကျင်၊နယ်မှာဆို (၂၅၀၀)ဝန်းကျင် ပေါက်တယ်။ ယင်းမတိုင်မှီကာလက တဘူး(၁၀၀၀)ပါပဲ။ သို့သော် အခုလူတွေ ပြောနေကြတာ Mask ဈေးတက်လာတယ် ဆိုတာပဲ သိကြတယ်။ နောက်က Supply က အဆင်မပြေတာ သိဖို့လိုပါတယ်။ သိတဲ့အတိုင်း မအလ စစ်ခွေးအုပ်စုသည် အဓိက ဖြစ်နေတဲ့ ပြသာနာကို ရှာဖွေမှာ မဟုတ်ပဲ ဈေးတက်ရင် ဈေးတက်သူကို လိုက်ဖမ်း ဆိုတာမျိုး လုပ်မယ့် အမျိုးတွေပါ။ ဆိုတော့ ဘာကြောင့် ဈေးတက်လာရလဲ တရုတ်နယ်စပ် ကုန်စည်ပို့ဆောင်မှု အခတ်အခဲကြောင့်ပါ။ တရုတ်က နယ်စပ်ကုန်သွယ်ရေးကို ပိက်ထားတာမို့ ကုန်အဝင် နည်းပါတယ်။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ Mask အများစုသည် တရုတ်နို...

တရုတ်က ပြောတဲ့ သူ့တို့အကြောင်း

Image
တရုတ် ကွန်မြူနစ်ပါတီ နှစ်(၁၀၀)ပြည့်မှာ ရှီကျင့်ဖိန် က ပြောသွားတဲ့ အထဲမှာ တရုတ်ပြည်သူ တစ်ဦးချင်း ပျမ်းမျ ဝင်ငွေဟာ မြန်မာငွေနဲ့ တွက်ရင် ကျပ် သိန်း(၈၀)ကျော်ပါ။ ဒါက တနိုင်ငံလုံး လူဦးရေကို မျခြေတွက်ထားတာ။ တရုတ်နိုင်ငံ လူဦးရေသည် (၁.၄)ဘီလီယံကျော် ရှိပါတယ်။ မြန်မာတနိုင်ငံလုံးရဲ့ ပျမ်းမျ တစ်ဦးချင်း ဝင်ငွေသည် ကျပ် (၁၅)သိန်း ဝန်းကျင် ထင်ပါတယ်။ မြန်မာနိုင်ငံ လူဦးရေသည် (၅၄)သန်းနီးပါးပါ။ တရုတ်ပြည်သူ ဝင်ငွေသည် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကထက် ၂၀၂၀  မှာ ဝင်ငွေ နှစ်ဆ တိုးလာတယ် လို့ ဆိုတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးအလုံးစုံတိုင်းတာမှုမှာ ကျပ် (၂၅၀)ထရီလီယံ‌ကျော် ရှိနေတယ် လို့ ဆိုတယ်။ တစ်ထရီလီယံသည် တစ်ထောင်ဘီလီယံနဲ့ ညီမျပါတယ်။ နှစ်ပေါင်း(၄၀)အတွင်း ဆင်းရဲနွမ်းပါးတဲ့ လူပေါင်း သန်း(၇၇၀)ကို လွှက်မြောက်စေနိုင်ခဲ့တယ် လို့ ဆိုပါတယ်။ တရုတ်မှာ လူပေါင်း(၁.၄)ဘီလီယံလောက်ကို ဝင်ငွေအတော်အသင့်ရှိတဲ့ အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့တယ် လို့ ဆိုတယ်။ နှစ်ပေါင်း(၆၀)အတွင်း အာရှဒေသမှာ အတိုးတက်ဆုံးနိုင်ငံတခုကနေ  အဆင်းရဲဆုံး နိုင်ငံအဖြစ် ပြောင်းလဲပေးတဲ့ မြန်မာ စစ်အစိုးရကို လေးစားမိတယ်။ အခုလည်း တစ်နှစ်အတွင်း နိုင်ငံလ...

‌လူဦးရေ(၄၀)ရာခိုင်နှုန်းကို ထိုးပေးနိုင်မယ့် ကာကွယ်ဆေး မဖြစ်နိုင်တော့

Image
COVID-19သည် ပျောက်ကွယ်သွားမယ့် ကူးစတ်ရောဂါပိုးမဟုတ်ပါ။ ဆိုလိုတာက တတိယလှိုင်းပြီးဆုံးသွားရင်‌တောင် ရောဂါပိုးက ကျန်နေအုန်းမှာပဲ။ နောက်ပြီး တချို့လူ ယူဆနေကြတာ ရှိတယ်။ ငါတို့ ကာကွယ်ဆေးထိုးပြီးသွားရင် အေးဆေးဖြစ်သွားပြီ လို့ ယူဆတာပဲ။ နိုင်ငံတခုမှာ အနည်းဆုံး လူဦးရေ(၇၅)ရာခိုင်နှုန်း ဆေးထိုးပြီးမှ ရောဂါကို တိုက်ထုတ်နိုင်တာပါ။ မြန်မာနိုင်ငံမှာဆို အနည်းဆုံး လူဦးရေသန်း(၄၀)ကျော် ကာကွယ်ဆေးထိုးပြီးမှသာ နိုင်ငံအပေါ် Cover ဖြစ်တယ် လို့ ယူဆနိုင်တယ်။ မအလ ခွေးအုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ဆေးထိုးမူအခြေအနေဟာ ပြောင်းပြန်ဖြစ်သွားတယ်။ အိန္ဒိယက မှာယူထားတဲ့ ကာကွယ်ဆေးတွေ အနက် တချို့တဝက်သာ ပြည်တွင်းကို ရောက်လာတယ်။ ကာကွယ်ဆေးအတွက် ဆေးဖိုး တဝတ်ကို မပေးချေရသေးတော့ နောက်တဝက်က မရနိုင်တော့။ အရင်က အချက်တွေအရဆို အိန္ဒိယဆီက လူ(၁၅)သန်းစာ အတွက် ကာကွယ်ဆေး သန်း(၃၀)မှာခဲ့တယ်။ ဒါအပြင် အိန္ဒိယက ကာကွယ်ဆေး(၁)သန်းခွဲကို လက်ဆောင်ပေးထားသေးတယ်။ ဆေးကို နှစ်ကြိမ်ထိုးရတာ ဖြစ်တော့ တချို့အသက်ကြီးပိုင်းတွေသာ ထိုးပြီး ဖြစ်တာ တွေ့ရတယ်။ သို့သော် အိန္ဒိယကို ငွေမပေးချေနိုင်မှု အခြေအနေတွေကြောင့် ကာကွယ်ဆေးတွေ ရောက်မလာဖူး ယူဆရတယ်...

ကျွန်တော်အကြောင်း

ကျွန်တော်သိတာလေး အနည်းငယ်ကို မိက်ဆွေတွေ ပေးသိစေချင်တာပဲ။ အမှန်ပြောရရင် ကျွန်တော်က အပြင်မှာ လူရှေ့ထွက် စကားပြောရမှာ အရမ်းဝန်လေးတဲ့သူ။ ရင်းနှီးသူတွေနဲ့တော့ ကောင်းကောင်းပြောနိုင်တာပေါ့လေ။ သို့သော် ကိုယ့်ကို သိတာက အတွေးသမား။ ကိုယ်က တွေးမယ် ရေးမယ် ဒီနှစ်မျိုးကို လက်ကိုင်ထားတယ်။  သတင်းတွေလည်း ရေးလာရတော့ အပြောထက် အရေးကို ပိုသဘောကျလာတယ်။ အပြောက ချက်ချင်း ပြန်ပြောနိုင်မှ တော်ကာကျတာ။ ကိုယ်တွေ့က တခုခုကို စိတ်ဝင်စားပြီးဆို စာတွေ လိုက်ဖတ်မယ်။ တွေးတောမယ်။ ထပ်လေ့လာမယ်။ ပြီးရင် ချရေးမယ်။  ဒီသဘောကို လက်ကိုင်ထားတာများတယ်။ ဒါကြောင့် အတွေးသမားသာသာရယ်ပါပဲ။ ကိုယ်လိုကောင်တွေ အနုပညာရှင်၊တေးရေးဆရာ ဖြစ်ရင် ဖြစ် မဖြစ်ရင် စာရေးဆရာပဲ ဖြစ်ကြတာ များမယ် ထင်တယ်။