Posts

ရန်ကုန်မြို့ ကို သဘာဝဘေးအန္တရယ် ကာကွယ်ရေး လုပ်ငန်းများ ကို ဆောင်ရွှက်ရန် ကမ္ဘာဘဏ်နှင့် ဂျပန်မှ USD (၁၁၇)သန်း ချေးမည်

Image
ကမ္ဘာဘဏ်နှင့် ဂျပန်နိင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ(၁၁၇)သန်းဖြင့် ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်များ၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦများအဆင့်မြှင့်တင်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင် ရာလုပ်ငန်းများဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရမှ သတင်းထုက်ပြန်ချက်အရသိရသည်။ ကမ္ဘာ့ဘဏ်မှချေးငွေအမေရိကန်ဒေါ်လာ (၁၁၆)သန်းနှင့်ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် နိုင်ငံတကာ အလှူရှင်များစွာပါဝင်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် အာမခံ ရန်ပုံငွေ (SEADRIF)အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်သန်း စုစုပေါင်းအမေရိကန်ဒေါ်လာ(၁၁၇) သန်းဖြင့်ရန်ကုန်မြို့၏ သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများ၊ ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်များနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အဦများအဆင့်မြှင့်တင်မည် ဟု သတင်းထုက်ပြန်ထားသည်။ စီမံကိန်းများ၏ Process များအရ ယင်းစီမံကိန်းသည်ပြည်ထောင်စုအစိုးရကသာ ဆောင်ရွက်နိုင်သည့်စီမံကိန်းတစ် ခုဖြစ်ပြီး ယင်းစီမံကိန်းငွေကြေးကို နိုင်ငံခြားမှ ချေးယူရမည် ဖြစ်သည့်တွက် ပြည်ထောင်စုလွှတ်တော်တွင်တင်ြ ပပြီး အတည်ပြုချက်ယူရမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။ ယင်းစီမံကိန်း...

ရှမ်း အရှေ့တွင် ဧက လေးသိန်းခန့်ရှိသည့် ရွှေမိုင်း လုပ်ကိုင်ရန် သြစတေးလျ ရွှေမိုင်း ကုမ္ပဏီ စီစဉ်

Image
သြစတေးလျ အခြေစိုက် Access Asia Mining ကုပ္မဏီအနေနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် ဧက လေးသိန်းခန့် ရှိသည့် ရွှေမိုင်း စီမံကိန်းကို ဆောင်ရွှက်ရန် ရှမ်းပြည်နယ် အစီုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း သိရှိရသည်။ အဆိုပါ စီမံကိန်းမှာ Access Asia Mining ကုမ္ပဏီ အနေနှင့် မြန်မာပြည်တွင် လုပ်ကိုင်မည့် ရွှေမိုင်း စီမံကိန်း(၄)အနတ် တစ်ခု ဖြစ်သည်။ မိုင်းဖြတ်မြို့နယ်တွင် မြေဧက လေးသိန်းခန့် ကျယ်ပြန့်သည့် နယ်မြေဧရိယာအတွင်း ရွှေတူးဖေါ်ထုတ် လုပ်သည့် ရွှေမိုင်း စီမံကိန်း လုပ်ငန်းကြီးတခု လုပ်ဆောင်မည့် သြစတေးလျ နိုင်ငံမှ Access Asia Mining ကုမ္ဗဏီ အနေနှင့် ရှမ်းပြည်နယ် အစီုးရ၏ ခွင့်ပြုချက်ကို စောင်ဆိုင်းနေပြီး သုံးလအတွင်း လုပ်ငန်း စတင်နိင်ရန် မျော်မှန်းလျက်ရှိကြောင်း သတင်း ထုက်ပြန်ထားသည်။ ရှမ်းပြည်နယ် အစီုးရ၏ ခွင့်ပြုချက်ကို ရရှိပြီးပါက သဘာဝသံယာဇတနှင့်ပါတ်ဝန်းကျင်ထိ န်းသိမ်းရေး ၀န်ကြီးဌာနထံမှ နောက်ဆုံးအဆင့် ခွင့်ပြုချက် ရရှိရန် ဆောင်ရွှက်မည် ဖြစ်ပြီး အဆိုပါ စီမံကိန်းကို Access Asia Minimg ကုမ္ပဏီမှ (၈၀)ရာခိုင်နူန်း၊ဆန်းပါရမီ ကုမ္ပဏီနှင့် တာချီလိက်ရွှေစင် ကုမ္ပဏီ တို့က (၂၀)ရာခိုင်...

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် အလိုက် တစ်ဦးချင်း ပျမ်းမျဝင်ငွေများ

Image
 ရန်ကုန် တိုင်းဒေသကြီးမှာ ရှိတဲ့ မြို့နယ် အလိုက် တစ်ဦးချင်း ၀င်ငွေတွေကို Data ဂရပ်နဲ ပြထားပေးတာပါ။ ကိုယ်နေတဲ့ မြို့နယ် အလိုက် ကိုယ်နေရပ်က ဘယ်လောက် ၀င်ငွေရှိကြလဲ ဆိုတာ ဖော်ပြပေးပါတယ်။ မြို့နယ်ထဲမှာ ရှိတဲ့ လူဦးရေ အားလုံးကို ပျမ်းမျ တွက်ချက်ပေးတာမို့ ပျမ်းမျ စာရင်းပါ။

ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို မေလ ၉ ရက်နေ့တွင် ကျင်းပမည်

Image
ရန်ကုန်မြို့တော်ကြီးကို အာရှတိုက်၏ ရင်းနှီးမြှုပ်နှံမှု ဗဟိုအချက်အချာနေရာ တစ်ခုဖြစ်လာစေရန် Yangon Investment Forum 2018 (YIF 2018) ကို ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ မေလ ၉ ရက်၊ ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တို့မှ ကြီးမှူးကျင်းပမည် ဖြစ်သည့် အဆိုပါ ဖိုရမ်ကို ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူ ဦးရေ ၅၀၀ ကျော် တက်ရောက်ရန် မျှော်မှန်းထားသည်။ “ရန်ကုန်မြို့ ဟာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် အသင့်တော်ဆုံးနေရာ တစ်ခုဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပြောကြားခဲ့သည်။  Yangon Investment Forum 2018 တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ရှင်းလင်းတင်ပြမည်ဖြစ်ကာ   ဦးဖြိုးမင်းသိန်းသည် ဥပဒေပြုသူများ၊ မူဝါဒချမှတ်သူများနှင့် မြန်မာနိုင...

ကိုယ်ပိုင် စီးပွားရေး လုပ်ချိန် တန်ပြီ

Image
ဘဏ်တိုးတွေလည်း ကျကုန်ပြီ ။ တသက်လုံး အတိုးလေးနဲ အေးဆေး ထိုင်စားမယ် ဆိုတဲ့ ခောတ်က ကုန်ပြီ။ ရပ်ကွက်ထဲ အတိုးချေးစားမယ် ဆိုတဲ့ အတွေးဖျောက်ထားလိုက်တော့ ကုန်သွားမယ်။ Stock ဝယ်မယ် share ထည့်မယ့် ဆိုတဲ့ အတွေး လောလောဆယ် မြန်မာအတွက် သဟဇာတ မဖြစ်သေးဖူး။ ဥယျာဉ် ခြံမြေ လေး လုပ်စားမယ် မစဉ်းစားနဲ။ ကိုယ်တိုင် ပင်ပင်ပန်းပန်း အနစ်နာခံ လုပ်တောင် ပွဲစားလက်ချက်နဲ မကာမိ။ မြေလေးဝယ် တိုက်ခန်းလေး ဝယ်ပြီး ဈေးအတက်စောင့်မယ် မစဉ်းစားပါနဲ။ ဝယ်ပြီး ရောင်းမထွက်တာရယ် အိမ်ခြံမြေအကျိုးဆောင်တွေ ဂျင်းထည့်တာရယ်နဲ ပြန်ရောင်းတောင် အရူံး စာရိက်ပြနေပြီ။ ဘာလုပ်မှာလဲ မေးရင် ကိုယ်ပိုင် လုပ်ငန်းသာ လုပ်ပေတော့။ ဘယ်အလုပ်မျိုးလဲ မေးရင် နယ်နဲ ရန်ကုန် နယ်စပ်နဲ မန္တလေး စတဲ့ ကိုယ်တိုင်လည်း လုပ် ငွေကြေးအမြတ်လည်း ရမယ့် လုပ်ငန်းတွေသာ လုပ်ချေတော့။ အခုခောတ်က ကိုယ်တိုင် ဝင်လုပ်ပြီး ပိုက်ဆံကို ဆပွရမယ့် ခောတ် ဖြစ်နေပြီ။ ဟိုလုပ်ငန်း ဒီလုပ်ငန်းတွေ မကောင်းဖူး။ တိုင်းပြည်စီးပွားရေး ကျနေတယ်။ အခုချိန် မရင်းနှီးမြုပ်နှံသင့်ဖူး။ အစိုးရက လုပ်ငန်း လုပ်ဖို့ အားမပေးဖူး။ ဘာလာဘလာ တွေ နားတော့။ ကိုယ်တိုင် ဝင်လုပ်ကျိ အဆင်မပြေတာ တွေ့မ...

UN အဖွဲ့ပါဝင် ဦးဆောင်သော အဖွဲ့ မြန်မာနိင်ငံသို့ ရောက်ရှိ

Image
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌစင်ကာပူနိုင်ငံ နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များပါဝင်သောကိုယ်စားလှယ်အဖွဲ့သည်  နေပြည်တော်သို့ ရောက်ရှိကာ နိင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍မြန်မာဘက်မှ စိစစ်ပြီးသူများအားပြန်လည်လက်ခံရန် အဆင်သင့်ဖြစ် နေပြီဖြစ် ကြောင်း၊ နေရပ်စွန့်ခွာသူများအား ဆောလျင်စွာပြန်လည် လက်ခံရေးမှာဘင်္ဂလားဒေ့ရှ် ဘက်မှ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံသဘောတူထားသည့် ပုံစံမှန်များ ကိုဖြည့်စွက်၍ ဆောလျင်စွာပြန်လည်ပေးပို့ရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး၊ ထိခိုက်ခံအသိုက် အဝန်းများအားလုံးကိုလူသားချင်းစာနာမှုအကူအညီများပေးအပ်လျက်ရှိမှု၊ အသိုက်အဝန်းများ အကြားယုံကြည်မှုပြန်လည်တည်ဆောက်ရေးလိုအပ်မှု၊ နိုင်ငံသားပြုရေးကိစ္စ၊ IDP စခန်းများပိတ်သိမ်းလျက်ရှိမှု၊ National Verification Card (NVC) များထုတ် ပေးသည့်ကိစ္စ၊ တရားဥပဒေစိုးမိုးရေးအတွက်...

UMFCCIဒုဥက္ကဌ၊MAPCO မှ တာဝန်ရှိသူ ဦးရဲမင်းအောင်နှင့် အင်တာဗျူး (အတို)

Image
ဦးရဲမင်းအောင် (UMFCCI ဒုဥက္ကဌ) > ဆရာကို အင်တာမဗျူးခင် မေးခွန်းလေးတွေ ပေးပို့လိုက်ပါတယ်။ ဆရာက ဆန်စပါး၊ MAPCO ၊ ဘဏ်လုပ်ငန်းမှာလည်း တာဝန်ရှိသူ ဆိုတာမို့ ကဏ္ဍ(၃)ခုနဲ အင်တာဗျူးပါရစေ။ > (၁)၂၀၁၇-၁၈ ဘဏ္ဍရေးနှစ်အတွင်းမှာ ဆန်တန်ချိန် (၂)သန်းကျော် တင်ပို့ထားနိင်ခဲ့ပြီ လိုသိရပါတယ်။ပြီးခဲ့တဲ့ နှစ်က တရုက်ဆန်အ၀ယ်ပါးခဲ့တယ်။လုပ်ငန်း ရှင်တွေလည်း အတော်ရုန်းကန်ခဲ့ရတယ် လို့ သိရတယ်။ ဒီလိုအခြေအနေကနေ ဆရာတို့ ဈေးကွက်အသစ်ကို ဘယ်လို ရှာခဲ့ပါတလဲ။ ဘယ်ဈေးကွက်တွေကို ဦးစားပေး တင်ပို့နေပါတလဲ။ ယခု နှစ်ကတော့ သီရိလင်္ကာ . ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်း ဈေးကွက်တွေက ဝယ်လိုအား ပို တက် လာတာ တွေ့ ရပါတယ်။ တရုတ် နိုင်ငံကတော့ နယ်စပ်ကနေ ဝယ်နေတုန်း ပို့ နေတုန်း ပါပဲ။ တရုတ် တင်ပို့ မှု စုစုပေါင်း တင်ပို့ မှုရဲ့  ၄၀% ခန့် တော့ ရှိပါသေးတယ်။ > (၂) လက်ရှိ ဆန်တင်ပို့မှုက ရည်မှန်းချက်ထက် ပိုလာနိင်ပါတလား။ ဘဏ္ဍာရေးနှစ်ကုန်ရင် ဘယ်လောက်ထိ တင်ပို့နိင်မယ် မျော်မှန်းထားပါတလဲ။ ဘဏ္ဍာ နှစ် ကုန် ရင် အနည်းဆုံး တန်ချိန် ၂.၅ သန်း လောက် ပို့ နိုင်ပါမယ်။ နှစ်ပေါင်း ၆၀ လောက်မှာ ပြန် ပြီး တန်ချိန...