အာဏာသိမ်းပြီး တနင်္ဂနွေနေ့ (၇.၂.၂၀၂၁)
လူငယ်များ ဟိုတစ်စု ဒီတစ်စု တွေ့ရသည်။ သတင်းအတွက် ရုံးက ခေါ်သည်မို့ (၉)နာရီဝန်းကျင် ဘက်စ်ကား နှင့် ထွက်ခဲ့သည်။ ကားပေါ်ရှိ လူအများစုမှာလည်း လှုပ်စိ လှုပ်စိနှင့် ဂဏာမငြိမ် ဖြစ်နေကြသည်ကို တွေ့ရသည်။ လူငယ်များကား အစုအဖွဲ့ကိုယ်စီဖြင့် ရှေ့တက်နေကြချေပြီ။ သိပ်မကြာ ပုံမှန် အနေအထားတိုင်း လှ ည်းတန်းတဝိုက်တွင် လူငယ်များ အစုအစည်း ဆန္ဒပြနေကြပြီ ဖြစ်သည်။ အချို့ကာ ထိုင်သပိက် ဆင်နွဲနေကြသလို အချို့ကာ လက်သုံးချောင်းထောင်လျှက် လျှောက်နေကြသည်။ အားလုံးကာ ယုံကြည်မှု အပြည့်။ Covid ကာလ ယဉ်တွဲနေထိုင်ရမည့် ပုံစံနှင့် အညီ လူတိုင်း Mask တပ်ဆင်လျှက် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြချေပြီ။ ပါဝင်သူများကာ အရောင်အသွေး၊လူတန်းစား၊အလုပ်အကိုင်ပေါင်းစုံမှ လူငယ်များ ပါဝင်သည်။ အားလုံးကာ အေးဆေးလျှက်။ ထူးခြားသည်ကာ ယနေ့ကာ ရဲတပ်ဖွဲ့များကို မတွေ့ရချေ။ မော်တော်ပီကေများသာ တွေ့ရပြီး လမ်းရှင်းပေးလျှက်ရှိနေသည်။ သို့တိုင် အင်းစိန်လမ်းမနှင့် ပြည်လမ်းဆုံရာကာ မီးပွိင့် နီလျက်သာ ရှိချေပြီ။ ကားတွေကာ ဟွန်းသံ တညံညံ၊ လက်သုံးချောင်းထောင်လျှက် အချို့ကာ ဒေါင်းအလံပါ ကိုင်ဆွဲလျှက်။ ယနေ့ လှည်းတန်းတွင် ဆန္ဒပြကြသည့် အဖွဲ့ သုံးဆိုင်း ကွဲလ...