Posts

ငယ်ရွယ်ချိန် မချမ်းသာတာ အပြစ်မဟုက်

 ငယ်ရွယ်တုန်း ငွေမရှိတာ အပြစ်မဟုက်။ အသက်ကြီးမှ ငွေမရှိရင်တော့ အပြစ်ပဲ။ ---------------------------- စတားလုံး လို့ခေါ်တဲ့ ရမ်ဘိုမင်းသား ဟာ ၁၉၆၆ ခုနှစ် အသက်(၂၀)အရွယ်တုန်းက ငွေတပြားတချပ်တောင် မရှိပါဖူး။ ကျောင်းပေါင်း(၁၄)ကျောင်းလောက်က လက်မခံဘူး။အလုပ်ပေါင်း(၁၀၀၀)ကျော် လျှောက်ပေမယ့် မရခဲ့ဘူး။ ငွေကြေးလိုအပ်ချက် ကြီးတာကြောင့် Porn Movie မှာ သရုပ်ဆောင်ဖို့တောင် စဉ်းစားခဲ့တယ်။ သို့သော် ၂၀၂၁ ခုနှစ် သူ့အသက်(၇၄)ခုနှစ်မှာ အမေရိကန်ဒေါ်လာသန်း(၅၀၀)ကျော် ကြွယ်ဝလာခဲ့တယ်။ သူပြောတဲ့ စကားက " အိမ်မတ်တွေဟာ အရမ်းကြီးတဲ့အတွက် လူတွေကို မီနစ်အနည်းငယ် ပြောပြရုံနဲ့ မပြည့်စုံနိုင်ဘူး" ဆိုလိုတာက တချို့အိမ်မတ်တွေဟာ အချိန်အနည်းငယ်နဲ့ ပြီးပြည့်စုံလာတာ မဟုက်ဘူး ဆိုတာပဲ။ ---------------------------- လက်ရှိ နာမည်ကြီး သူဌေး Elon Musk သည် ၁၉၈၇ ခုနှစ် သူ့အသက်(၂၃)နှစ်လောက်တုန်းက တနေ့ကို တစ်ဒေါ်လာတန် ဟော့ဒေါ့ပဲ စားခဲ့ရတယ်။ သို့သော်လည်း ၂၀၂၀ ခုနှစ် သူ့အသက်(၄၉)နှစ်မှာ အမေရိကန်ဒေါ်လာ(၁၈၉)ဘီလီယံ ကြွယ်ဝချမ်းသာနေတယ်။အခုဆို ဘီလီယံ (၂၀၀)ကျော်သွားပြီ။  ---------------------------- နာမည်ကျော်သရုပ်ဆောင်နဲ့ ကာယဗလမောင် အာနိုးမင်းသ...

မြန်မာနှင့် ချင်းဒေသရှိ ဆင်းရဲနွမ်းပါးမှု အခြေအနေများ

  ---------------------------- လက်ရှိကာလတွင် လူတစ်ဦးအနေနှင့် တစ်ရက်စားသုံးမှုတန်ဖိုးမှာ ကျပ်(၁၆၀၀)မပြည့်လျှင် ဆင်းရဲသည် ဟု သတ်မှတ်နိုင်သည်။ ထိုအတူ မြန်မာတွင် စိုက်ပျိုးရေးလုပ်လျှင် ဆင်းရဲသည် ဟု သတ်မှတ်နိုင်သည်။ ဆင်းရဲသူအများစုသည် စိုက်ပျိုးရေးကိုသာ လုပ်ကိုင်ကြသူများ ဖြစ်နေသည်။ ၂၀၀၅ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသည် ဟု ဆိုနိုင်သော လူဦးရေအချိုးအစားသည် (၅၀)ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် နိုင်ငံလူဦးရေ ထက်ဝက်ခန့်မှာ ဆင်းရဲသွားပြီ ဖြစ်သည်။ တနင်္သာရီတိုင်း၊မန္တလေး နှင့် ရန်ကုန်တိုင်းတို့နှင့် စာလျှင် ချင်းပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုသည် လေးဆ ပိုများနေသည်။ ထိုကြောင့် ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းသည် ဒေသတွင်းရှိ လူအများ ရွှေ့ပြောင်းထွက်ခွာမှု အများဆုံး ဖြစ်နေသည်။ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုမျဉ်း‌အောက်ရောက်မှု သည် (၄၈.၂)ရာခိုင်နှုန်း ရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် (၂၄.၈)ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် လူဦးရေ(၁၈.၇)သန်း မှ ၂၀၁၇ ခုနှစ်တွင် လူဦးရေ(၁၁.၈)သန်း သို့ ကျဆင်းသွားခဲ့သည်။ ချင်းပြည်နယ်၏ ဆင်းရဲနွ...

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

စီးပွားရေး ကျဆင်းရင် ပြည့်တန်ဆာလုပ်ငန်း ပိုပြီး အားကောင်းလာတယ်။ ဆင်းရဲလေလေ ပြည့်တန်ဆာလုပ်ငန်းက ပိုပြီး လုပ်ကောင်းလာတယ်။ ပြောရရင် ဆင်းရဲလေလေ၊စီးပွားရေးကျဆင်းလေလေ တိုင်းပြည်မှာ ပြည့်တန်ဆာလုပ်ငန်းဈေးကွက် ပိုအားကောင်းလာလေလေပဲ။ ထူးခြားမှု တခုက စီးပွားရေးအားကောင်းလာရင်လည်း ပြည့်တန်ဆာလုပ်ငန်းက ပိုအားကောင်းလာတက်တယ်။ ဂျပန် ပြည့်တန်ဆာလောကသည် အထင်ကရ ဖြစ်ရပ်တခုပဲ။၂၀၀၀ အစောပိုင်းနှစ်တွေတုန်းက ဂျပန်မှာ ပြည်တန်ဆာလောကကို လူအများစု နှခေါင်းရှုံလေ့ရှိပါတယ်။‌ငွေမတ်လွန်းတဲ့ အမျိုးသမီးတွေ မကောင်းတာ လုပ်တယ် လို့ ယူဆတက်ကြတယ်။ သို့သော် ဂျပန်အစီုးရရဲ့ စီးပွားရေးပေါ်လစီအလွဲတွေကြောင့် စီးပွားရေးကျဆင်းသွားတယ်။အဲအကျိုးဆက်က ဂျပန်တွေဟာ ဝင်ငွေနည်းနည်းနဲ့ ပိုပြီး အချိန်ပိုတွေ လုပ်ရတယ်။ သို့သော် အလုပ်တွေ အများကြီး လုပ်တာတောင် ဂျပန်အမျိုးသမီးအများစုသည် ဝင်ငွေနဲ့ ထွက်ငွေ မကာမိကြဘူး။ ဒီတော့ ပြည့်တန်ဆာလုပ်ငန်းဘက်ကို အချိန်ပိုင်းအလုပ်အနေနဲ့ ပြောင်းလာကြတယ်။ ဂျပန်စစ်တမ်းတခုအရဆို ငယ်ရွယ်တဲ့ ဂျပန်အမျိုးသမီးငယ် အယောက်(၂၀)မှာ တစ်ဦးနှုန်းက လိင်လုပ်ငန်းကို လုပ်ကိုင်ဖူးကြတယ် လို့ဆိုတယ်။ ဂျပန်အမျိုးသမီးအားလုံးကို မဆိုလိုဘူးနော်။ ငယ်ရ...

စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသည့် စာအုပ်

 စိုက်ပျိုးရေးအတွက် အရေးပါသည့် စာအုပ် http://www.fao.org/publications/card/en/c/CA3662MY

ဝယ်လိုအားတိုးနေတဲ့ သုံးလုံး၊နှစ်လုံးဈေးကွက်

  _______________________________ ဒီနေ့ ထီထွက်တာရယ်၊ချဲ ထွက်တာရယ်ကြောင့် တွေးစရာ ရသွားတယ်။ တလောက ၂၀၂၁ ခုနှစ် ဇူလိုင်လ ထီရောင်းအားသည် ဇန်နဝါရီလရောင်းအားထက် (၃၂)ဘီလီယံ ကျဆင်းခဲ့တယ် လို့ BETV သတင်းဌာနက ဖော်ပြထားတာ ဖတ်လိုက်ရတယ်။ ဆိုတော့ ထီရောင်းချမှုကနေ လစဉ် ရရှိမယ့် ကျပ်(၃၂)ဘီလီယံခန့် မရတော့တဲ့အတွက် အစီုးရဝင်ငွေ ပျမ်းမျ(၁၆)ဘီလီယံ နစ်နာနေတဲ့ သဘောပဲ။ ဘာကြောင့်ဆို ထီသဘောက ရငွေရဲ့ ထက်ဝတ်ခန့်ကို ဆုကြေးအဖြစ် ပြန်ပေးလို့ပါ။ ဒီနေ့ ထီဆုကလည်း အမြင့်ဆုံး ဆုကြေး သိန်း(၅၀၀၀)ပဲ ပေးနိုင်တော့တယ်။ ထီပေါက်စဉ်မှာတောင် ရောင်းအားကျလို့လား မသိ တစ်ဦးတည်းကပဲ ကျပ်သိန်း(၅၀၀၀)၊ကျပ်သိန်း(၂၀၀)၊ကျပ်သိန်း(၁၀၀) သုံးဆု ပေါက်တယ်။ နေပြည်တော်ကတဲ့။ တက်ထားတဲ့ သတင်းအချို့မှာလည်း ထီကိုယ်စလှယ်တွေ အရောင်းမဖြစ်တော့လို့ ဆိုင်ပြောင်းဖွင့်တာ၊မရောင်းပဲ ရပ်နားတာတွေ ရှိလာတယ် လို့ ဆိုတယ်။ ဆိုတော့ ထီရောင်းအားကျဆင်းမှုက ဘယ်အပေါ် ဝယ်လိုအား တိုးစေလဲ ဆိုရင် နှစ်လုံး၊သုံးလုံးအပေါ် ထိုးအား မြင့်တက်လာစေတယ်။ အစောပိုင်းလတွေတုန်းက ထိုင်းထီ၊စလုံးထီတွေ ခောတ်ထပေမယ့် ပေါက်အားနည်းတာရယ်၊ဈေးကြီးတာရယ်ကြောင့် နောက်ပိုင်း ထိုးသူလျော့ကျသွားတယ်။ ‌ပြည်သူတွ...

ကယ်တင်ရှင်အဖြစ် မာန်တက်လာကြမယ့် သူတွေ

Image
နိုင်ငံခြားကုမ္ပဏီတွေ ထွက်ခွာနေကြတာ၊ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်မလာတော့တာ မြင်ရတော့ လူငယ်တွေအတွက် တခု စိုးရိမ်မိသွားတယ်။ ဒါကတော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ခရိုနီကြီးတွေက ငါတို့သည် ကယ်တင်ရှင် သူရဲကောင်းများသာ ဖြစ်သည် လို့ မာန်တက်သွားကြမှာကိုပဲ။ တစ်နှစ်ကို ပျမ်းမျ မြန်မာမှာ ဘွဲ့ရလူငယ် တစ်သိန်း‌ခွဲကျော် ထွက်ပါတယ်။ စစ်တမ်းတွေအရ နှစ်စဉ်အလုပ်အကိုင်အခွင့်အလမ်းက တစ်သိန်းဝန်းကျင် ရှိတယ်။ဒါက ဒီမိုကရေစီအစိုးရလက်ထက်မှာ ရရှိနေတဲ့ အချက်အလတ်ပါ။ ဆိုတော့ ဆယ်တန်းအောင်သူပါ ထပ်ပေါင်းရင် ပျမ်းမျှ တစ်နှစ်ကို အလုပ်အကိုင်အခွင့်အလမ်း နှစ်သိန်းလောက် လိုအပ်မယ် လို့ ယူဆရတယ်။ သို့သော် ဖွံဖြိုးတိုးတက်လာပါတယ် ဆိုတဲ့ NLD အစိုးရခောတ်မှာတောင် အလုပ်အကိုင် လိုအပ်ချက်က တစ်နှစ်ကို တစ်သိန်းကျော် လိုတယ်။ ဆိုတော့ အလုပ်လက်မဲ့ပြသာနာက မဖြေရှင်းနိုင်သေးဘူး။ ၂၀၁၃ ခုနှစ် နောက်ပိုင်း နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာတော့ လစာနှုန်းထားကောင်းလာတယ်။ တော်ရင် ထူးချွန်ရင် လစာကောင်းသလို အခြေခံဝန်ထမ်းချင်းတူတောင် နိုင်ငံခြားကုမ္ပဏီတွေမှာ လုပ်ရင် လစာကောင်းပြီး ရရှိတဲ့ အခွင့်အရေးကောင်းပါတယ်။ အဲမတိုင်မှီကာလတွေတုန်းက ပြည်တွင်း...

ကျောင်းသားတွေ ပြောတဲ့ တရုတ်အကြောင်း

Image
တလောက တရုတ်မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားကျောင်းသူတွေနဲ ဆုံဖြစ်တော့ တရုတ်အကြောင်းတွေ မေးဖြစ်တယ်။ ထူးခြားတာက ဘာတွေ့ရလဲဆိုရင် မြန်မာကသာ တရုတ်ကို ဆန်းဆန်းတင့် ဖြစ်နေတာ တရုတ်ကတော့ မြန်မာကို သိပ်ဂရုမစိုက်ဘူး ဆိုတာပဲ။တရုတ်အကြောင်းကြားရတာက ဒီကကြားရတာနဲ ကွဲလွဲနေတာတွေ ရှိတာပဲ။ ပြောရရင် မြန်မာတပြည်လုံးက တရုတ်အကြောင်း သိပေမယ့် တရုတ်တပြည်လုံးက မြန်မာအကြောင်း သိတောင် မသိတာပါ။ မြန်မာကို အသိများဆုံးက ယူနန်ပြည်နယ်လောက်ပဲ ရှိမှာပါ။ ဒီတော့ သတင်းဆောင်းပါးတွေက ဂျင်းထည့်ခဲ့တာ သဘောပေါက်လာတယ်။ မြန်မာအတွက် တရုတ်ဟာ အရေးပါလှပေမယ့် တရုတ်အတွက်တော့ နိုင်ငံရေးအရဆက်နွှယ်တဲ့ ဒေသတခုအဖြစ် ရူမြင်ပုံပဲ ရပါတယ်။ဒါကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးတွေ အဆင်မပြေ ဖြစ်နေတာပါ။ နောက်ပြီး တရုတ်လူမျိုးအများစုဟာ နိုင်ငံရေးကို မသိကြပါဖူး။စီးပွားရေးပဲ သိပြီး အပြင်းအထန်လုပ်ကြတယ် လို့ ဆိုတယ်။ တိုင်းပြည်စီးပွားရေးကောင်းတော့လည်း လူတွေက နိုင်ငံရေးကို သိပ်စိက်မဝင်စားကြတာလည်း ဖြစ်နိင်တယ်။ အစီုးရက ပိက်ပင်မူတွေကြောင့်လည်း ဖြစ်နိင်ပါတယ်။ ပြောရရင် မြန်မာကို ပြည်မကြီးက တရုတ်တွေ မသိပါဖူး။ ကြားတောင် မကြားဖူးကြတာလည်း ဖြစ်နိင်တယ်။ တရုတ်မ...