ကိုယ်ပိုင် စီးပွားရေး လုပ်ချိန် တန်ပြီ
ဘဏ်တိုးတွေလည်း ကျကုန်ပြီ ။ တသက်လုံး အတိုးလေးနဲ အေးဆေး ထိုင်စားမယ် ဆိုတဲ့ ခောတ်က ကုန်ပြီ။ ရပ်ကွက်ထဲ အတိုးချေးစားမယ် ဆိုတဲ့ အတွေးဖျောက်ထားလိုက်တော့ ကုန်သွားမယ်။ Stock ဝယ်မယ် share ထည့်မယ့် ဆိုတဲ့ အတွေး လောလောဆယ် မြန်မာအတွက် သဟဇာတ မဖြစ်သေးဖူး။ ဥယျာဉ် ခြံမြေ လေး လုပ်စားမယ် မစဉ်းစားနဲ။ ကိုယ်တိုင် ပင်ပင်ပန်းပန်း အနစ်နာခံ လုပ်တောင် ပွဲစားလက်ချက်နဲ မကာမိ။ မြေလေးဝယ် တိုက်ခန်းလေး ဝယ်ပြီး ဈေးအတက်စောင့်မယ် မစဉ်းစားပါနဲ။ ဝယ်ပြီး ရောင်းမထွက်တာရယ် အိမ်ခြံမြေအကျိုးဆောင်တွေ ဂျင်းထည့်တာရယ်နဲ ပြန်ရောင်းတောင် အရူံး စာရိက်ပြနေပြီ။ ဘာလုပ်မှာလဲ မေးရင် ကိုယ်ပိုင် လုပ်ငန်းသာ လုပ်ပေတော့။ ဘယ်အလုပ်မျိုးလဲ မေးရင် နယ်နဲ ရန်ကုန် နယ်စပ်နဲ မန္တလေး စတဲ့ ကိုယ်တိုင်လည်း လုပ် ငွေကြေးအမြတ်လည်း ရမယ့် လုပ်ငန်းတွေသာ လုပ်ချေတော့။ အခုခောတ်က ကိုယ်တိုင် ဝင်လုပ်ပြီး ပိုက်ဆံကို ဆပွရမယ့် ခောတ် ဖြစ်နေပြီ။ ဟိုလုပ်ငန်း ဒီလုပ်ငန်းတွေ မကောင်းဖူး။ တိုင်းပြည်စီးပွားရေး ကျနေတယ်။ အခုချိန် မရင်းနှီးမြုပ်နှံသင့်ဖူး။ အစိုးရက လုပ်ငန်း လုပ်ဖို့ အားမပေးဖူး။ ဘာလာဘလာ တွေ နားတော့။ ကိုယ်တိုင် ဝင်လုပ်ကျိ အဆင်မပြေတာ တွေ့မ...